"Bossလောက်နီးနီး အာဏာရှိတဲ့သူ.......သခင်လေးယန်းဂျောင်ဝန်း "
ယန်းဂျောင်ဝန်းဆိုသည့်ကောင်လေးက
ကားတံခါးကို ဆောင့်ပိတ်ပြီး သူတို့ရှိရာဆီ ခြေလှမ်းကျဲကြီးများဖြင့်လျှောက်လာသည်~~"ပတ်ဂျုံဆောင်း ဘယ်မှာလဲ??? "
"..........."
အစိမ်းသက်သက်အမည်နာမတစ်ခုကြောင့် ဆောင်းဟွန်းနှင့်ဆောနူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်~~
"ငါမေးနေတယ်လေ ပတ်ဂျုံဆောင်းဘယ်မှာလဲဆိုတာ~~~မင်းတို့ဖွက်ထားတာမလား? ပြောစမ်း "
ဂျောင်ဝန်းက Riki အင်္ကျီစကိုဆောင့်ဆွဲရင်းပြောလာတာကြောင့် အလုပ်သမားတစ်ချို့ပြေးလာကြပေမဲ့ Rikiလက်ကာပြလိုက်သ
ဖြင့် အနားတော့မလာကြပေ~~နီတောက်တောက်ဆံပင်အရှိန်ကြောင့်ပဲလား~~ဒေါသထွက်လွန်း၍ပဲလားမသိ~~ကောင်လေးရဲ့မျက်ထောင့်တွေပင်နီရဲနေသည်~~
"ကျွန်တော်တို့မသိပါဘူး သခင်လေး~
ဟျောင်းက ဒီကိုပြန်မလာတာကျိန်းသေပါတယ် ""လိမ်နေတာ လိမ်နေတာ.....ငါနေရာစုံလိုက်ရှာပြီးပြီ~~ဒီနယ်မှာ ငါ့ကိုကျော်ပြီးလုပ်ရဲတာ Evan ကလွဲရင်ဘယ်သူရှိဦးမှာလဲ?? မင်းငါ့ကိုနေရာပြောလိုက်ရင် အသက်ချမ်းသာပေးမယ်~~ဘယ်လိုလဲ?? "
ဂျောင်ဝန်းကမျက်ခုံးတစ်ဖက်ပင့်ရင်း အေးစက်စက်မေးလာသော်လဲ အချည်းနှီးသာ~~
ဒေါသတွေဆောင့်တက်လာတာကြောင့်ရှေ့ကလူကိုဆွဲထိုးမယ်ကြံတော့ သူ့လက်ကိုလာတားထားသည့်လက်တစ်ဖက်~~
"နေကြပါဦး~~စကားကို ပြေပြေလည်လည်ပြောလို့မရဘူးလား??? ဒီကသခင်လေးက လက်ကိုလွှတ်လိုက်ပါ "
"ဘာလဲ....ခင်ဗျားကဘယ်သူမို့လို့ ကျွန်တော့်ကိုလာအမိန့်ပေးနေတာလဲ?? "
ဂျောင်ဝန်းရဲ့ဒေါသက တစ်ဖက်လူဆီရောက်သွားသည်~~
သေချာကြည့်တော့ ဒီ၂ယောက်ကစံအိမ်မှာတစ်ခါမှမမြင်ဖူးတဲ့သူတွေ~~
အလုပ်သမားတွေလို့ပြောရလောက်အောင်လဲ သူတို့ရဲ့အသွင်အပြင်နဲ့လိုက်ဖက်မနေ~~