ဟီဆွန်းလက်ထဲကစီးကရက်ကို မီးညှိလိုက်ပြီး အငွေ့တွေကိုရှိုက်သွင်းလိုက်သည်~
ဒီအရသာကိုသူမေ့ပျောက်ထားခဲ့တာ ဘယ်လောက်ကြာပြီလဲ...
ဆောင်းဟွန်းနီးအနားရောက်သွားတည်းကသူကလူလိမ္မာလေးဖြစ်သွားခဲ့တာ~~
အရင်တုန်းတည်းက ဒီအဆောင်ပျက်ကြီးက သူတို့လိုခပ်ဆိုးဆိုးကျောင်းသားတွေဝင်ထွက်နေကျသာမန်နေရာတစ်ခုဆိုပေမဲ့ အငယ်တန်းလေးတွေအတွက်တော့ သရဲခြောက်တယ်လို့နာမည်ကြီးတာကြောင့်
ဘယ်သူမှမလာရဲကြချေ~~ဒီနေ့တော့ အတွင်းဘက်ကျကျချောင်ထဲမှာဟီဆွန်းတစ်ယောက်တည်း မျက်လုံးကိုမှေးစင်းလို့ နီကိုတင်းအငွေ့တွေကိုရှူသွင်းရင်း လောကနိဗ္ဗာန်ကိုရောက်နေသလိုခံစားနေမိသည်~
"ဟာ့...."
သူ့ပါးစပ်ထဲကစီးကရက်ကိုဆွဲထုတ်သွားတဲ့သူကြောင့်အရှိန်ပျက်သွားသဖြင့် မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖွင့်၍ကြည့်မိတော့~~~
"ဆောင်း....ဆောင်းဟွန်းနီး..."
ဆောင်းဟွန်းကခပ်တည်တည်မျက်နှာပေးနှင့်သူ့လက်ထဲကစီးကရက်ကိုပစ်ချကာ ဖိနပ်ထိပ်ဖျားဖြင့်ဖိချေပြီး မီးသတ်လိုက်သည်~~
"စီးကရက်က ဘယ်လောက်များစွဲလမ်းဖို့ကောင်းနေလို့ ငါ့ကိုပစ်ထားခဲ့ပြီး ဒီချောင်မှာလာခွေနေရတာလဲ? ဟမ်? "
ဟီဆွန်း တံတွေးမြိုချလိုက်မိသည်~~
ကြည့်ရတာ ဆောင်းဟွန်းနီးကသူ့ကိုမုန်းသွားပြီထင်တယ်~~
ချွန်လိုက်တဲ့ကောင်တွေတော့တွေ့ရင်သေဖို့သာပြင်ထားတော့~~
"ပြောပါဦး~~သူတို့ကငါ့နှုတ်ခမ်းတွေလောက်ဆွဲဆောင်မှုရှိလို့လား ဟင်? "
"ဆောင်း....ဆောင်းဟွန်း "
ဆောက်းဟွန်းရဲ့မျက်နှာကတဖြည်းဖြည်းရှေ့တိုးလာသည်မှာ ဟီဆွန်းမျက်နှာနှင့် သိပ်မကွာတော့ပေ~~
နှာခေါင်းထိပ်ဖျားလေးတွေပင်အချင်းချင်းတိုးတိုက်ကျီစယ်နေကြပြီ~~
အရိပ်ပြအကောင်မမြင်ရလောက်အောင်ဟီဆွန်းသည် ငတုံးမဟုတ်~~
ဆောင်းဟွန်းနီးရဲ့ခါးသွယ်သွယ်လေးကို ဆွဲပွေ့လို့နီရဲစိုစွတ်နေတဲ့စတော်ဘယ်ရီရောင် နှုတ်ခမ်းပါးလေးကိုတရှိုက်မက်မက်နမ်းရှိုက်မိတော့သည်~~