❣️11❣️

177 23 4
                                    

"Jakeရေ ဟီဆွန်းဘယ်မှာလဲ သိလားဟင်?? "

"Bossက ဧည့်သည်ရောက်နေလို့စကားပြောနေပါတယ်~~တစ်ခုခုဖြစ်လို့လား ဆောင်းဟွန်းရှီ?? "

"ဟင့်အင်း~ဒီတိုင်းမတွေ့လို့မေးကြည့်တာပါ"

ဆောင်းဟွန်း ဒီရောက်တာ၁ပတ်ပြည့်တော့မယ် အခုထိဟီဆွန်းနဲ့မျက်နှာချင်းဆိုင်မိတာ ၂ခါ ၃ခါအပြင်မပိုသေး~~

အမြဲတမ်းအလုပ်ရှုပ်နေတဲ့သူက ကိုယ့်အတွက်ဒီလောက်အချိန်ဖဲ့ပေးတာနဲ့တင် ကျေးဇူးတင်ရမလိုလို~

"ဆောင်းဟွန်းရှီ ပျင်းနေမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေ ကျွန်တော်လိုက်ပို့ပေးမယ်လေ "

Jakeရဲ့စကားကြောင့် ဆောင်းဟွန်းမျက်ဆံလေးတွေလှုပ်ရှားသွားသည်~~

သူဒီကိုရောက်လာပေမဲ့ အခုထိဘယ်နေရာမှန်းမသိသေးသလို ဒီအိမ်ရဲ့ပြင်ပကိုလဲခြေမချဖူးသေးဘူး~~

စံအိမ်အတွင်းမှာတင် အားလုံးကပြီးပြည့်စုံနေတာ~~

အဲလိုဖြစ်အောင်လဲ ဟီဆွန်းက ဖန်တီးပေးထားတာမို့~~~

~
~
~
~
~
~

"ဒါကျွန်တော်တို့အခြေစိုက်တဲ့ပင်မဌာနချုပ်ပေါ့~ဂိုဏ်းသားတွေရဲ့မိသားစုဝင်တွေနေကြတယ်~စိုက်ပျိုးရေးလုပ်တဲ့သူတွေ မွေးမြူရေးလုပ်တဲ့သူတွေရော ပြီးတော့သူတို့ကလေးတွေအတွက် စာသင်ကျောင်း ကျန်းမာရေးအတွက် ဆေးရုံပါဆောက်ပေးထားတာ~~

သွားရလာရလွယ်ကူအောင်လဲ တစ်အိမ်ကို ကားတစ်စီးစီပေးထားသေးတယ်~~ရိုးရာပွဲတော်တွေဆိုရင်လဲ စည်စည်ကားကားကျင်းပပေးတယ်~နှစ်ကုန်ရင်လဲ bonusကရှယ်ရသေး~~Bossက ကျွန်တော်တို့အပေါ်အရမ်းကောင်းတာ~~ဒီနယ်တဝိုက်က Boss အပိုင်လေ"

Jake ပြတဲ့နေရာတွေကိုကြည့်ရင်းဆောင်းဟွန်းမှာတအံ့တသြ~~

သူတကယ်ကြီး ဟီဆွန်းကိုဒီလောက်ချမ်းသာမယ်မထင်ထားခဲ့~~

"ကျွန်တော်တစ်ခုမေးချင်လို့~~သာမန်ငွေချေးဂိုဏ်းတစ်ခုက ဒီလောက်အထိချမ်းသာစရာလိုလို့လား?? ဧကန္တ တစ်ခုခုမကောင်းတာတွေနဲ့များပတ်သက်နေသလားဟင်?? "

Gangster's Little GuyWhere stories live. Discover now