ဟီဆွန်းများပြားလှတဲ့စာရင်းတွေကြားမှာမြုပ်နေပေမဲ့စိတ်က ဆောနူပြောခဲ့တဲ့အကြောင်းအရာများဆီမှာသာ တဝဲလည်လည်~~~* ဆောင်းဟွန်းဟျောင်း မြို့မှာကျောင်းတက်နေတုန်း သူ့အဖေကအခွန်ရှောင်တယ်လို့မတရားစွပ်စွဲခံရပြီးအဖမ်းခံရတယ်~သူ့အမေကလဲကင်ဆာနောက်ဆုံးအဆင့်ကိုဘယ်သူမှမသိအောင်ဖုံးထားတာလေ~
အဖေရော အမေရော ရှေ့ဆင့်နောက်ဆင့်ဆုံးသွားပြီး ပိုင်ဆိုင်သမျှအကုန်ချိတ်ပိတ်ခံလိုက်ရတော့ မြို့ကဆွေမျိုးတွေကလာခေါ်သွားကြတယ်~ဒါပေမဲ့ သူ့အဖွားဆုံးတော့ အမွေတစ်ပုံပေးပြီးကန်ထုတ်လိုက်ကြတာ~အဲ့တာနဲ့ပဲ ဒေါ်လေးက ဆောင်းဟွန်းဟျောင်းကိုမွေးစားလိုက်တာပဲ~ *
သူကတကယ်ကိုမကောင်းတဲ့ကောင်ပဲ~
ဆောင်းဟွန်းကို မျက်နှာတစ်ချက်မညှိုးအောင်ထားနိုင်ရမယ်လို့ကြွေးကြော်ခဲ့ပြီး အခုလိုတွေဖြစ်နေတာတောင်မသိခဲ့ဘူး~~
"ဟား......."
သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး ကျွန်းသားစားပွဲခုံပေါ်သို့ ခေါင်းမှောက်ချလိုက်သည်~~
နေကြာပန်းလေးလိုအမြဲပျော်ရွှင်ဖို့တောင့်တခဲ့တဲ့သူ့ရဲ့ဆောင်းဟွန်းကျမှ ဘာလို့ဒီအဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရတာလဲ???
သာမန်လူတွေတောင်တောင့်ခံဖို့ခက်ခဲတဲ့အချိန်တွေကိုဘယ်လိုများဖြတ်ကျော်ခဲ့သလဲ ???
သေချာတာတစ်ခုကတော့ အခုကစပြီးဆောင်းဟွန်းကိုမျက်နှာတစ်ချက်မှမညှိုးရအောင် ဟီဆွန်းက ဘာမဆိုဖြည့်ဆည်းပေးတော့မှာ~~~
* knock knock *
" Boss....လူကြီးမင်းနိုရောက်နေပါတယ်~အရင်နေ့ကဖုန်းဆက်ထားတဲ့ကိစ္စပြောချင်လို့ပါတဲ့ "
"ဧည့်တွေ့ခန်းမှာစောင့်ခိုင်းထားလိုက်~ငါအခုလာခဲ့မယ် "
" ဟုတ်ကဲ့ "
ဒီနယ်တဝိုက်မှာ ဘယ်လိုအထက်တန်းစားပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ် Evan နဲ့လွတ်လွတ်ကင်းကင်းနေနိုင်တဲ့သူမရှိတဲ့အထိကို သူ့ရဲ့သြဇာအာဏာကကြီးမားပါသည်~