စာကြည့်ခန်းမှန်ပြတင်းများမှဝင်ရောက်လာသောအလင်းဖျော့ဖျော့က နွေးထွေးမှုကိုဆောင်ကြဥ်းပေးသည်~~
"ဆောင်းဟွန်းနီးက ကိုယ့်ကိုပြောစရာရှိတယ်ဆိုတာ ဘာများလဲ?? ဒီမှာနေရတာအဆင်မပြေလို့လားဟင်?? ကိုယ်ဘာလုပ်ပေးရမလဲ?? "
ဟီဆွန်းက စားပွဲခုံပေါ်မှ ရှုပ်ပွနေသောစာရွက်များကိုရှင်းလင်းနေရင်းပြောသည်~~
သူတကယ်ကြီး ဆောင်းဟွန်းကသူနဲ့နေရတာမပျော်မှာကိုစိုးရိမ်ပါသည်~~
"ဟီဆွန်း မင်းအခုထိအမေ့ကိုသွားမတွေ့ရသေးဘူးဆို "
ဆောင်းဟွန်းကမျက်နှာချင်းဆိုင်ထိုင်ခုံပေါ်တွင်ဝင်ထိုင်လိုက်သည်~~
ဒီကနေဆို ဟီဆွန်းအလုပ်လုပ်နေတာကိုထိုင်
ကြည့်နေလို့ရတယ်လေ~~"အင်း~~ကိုယ်သွားတွေ့ချင်ပေမဲ့.....အမေနဲ့မျက်နှာချင်းမဆိုင်ရဲလို့......အမေကတစ်ခုခုပြောသေးလို့လား??"
"အမေကမင်းကိုခွင့်လွှတ်ပြီးသားပါ~အမေကမင်းကိုအရမ်းချစ်တာလေ~သူကဒီ၅နှစ်လုံးလုံးမင်းကိုပဲစောင့်နေခဲ့တာ~~ကိုယ်တိုင်ထုတ်မပြောခဲ့ပေမဲ့လဲ ငါတို့အားလုံးသိကြတာပဲ~~အမေ့ကိုသွားတွေ့လိုက်ပါ
ဟီဆွန်း~နော်~မင်းကိုအရမ်းတွေ့ချင်နေတာ "ဆောင်းဟွန်းကဟီဆွန်းကို အလိုက်မသိတတ်တဲ့သားမျိုးမဖြစ်စေချင်ပါ~~
ဘယ်လောက်ပဲကောင်းတာတွေလုပ်ပေးပါစေဦး သားမျက်နှာမမြင်ရရင် ဘယ်အမေကများစိတ်ကောင်းနိုင်မှာလဲနော်~~
"အင်း ကိုယ်အမေ့ဆီသွားတွေ့လိုက်မယ်~ဒါပဲလား?? "
"ဟမ်?? "
ဟီဆွန်းကမေးလာတာကြောင့် ဆောင်းဟွန်းကမျက်လုံးလေးပြူးပြီးပြန်ကြည့်သည်~~
"ကိုယ့်ကိုတခြားပြောစရာရှိသေးလားလို့မေးတာ~~ကိုယ်တို့မတွေ့ကြတာ ၅နှစ်ကြီးများတောင်ရှိနေပြီကို ဆောင်းဟွန်းနီးကကိုယ့်ကိုပြောပြချင်တာတွေမရှိဘူးလား??? ဥပမာ တက္ကသိုလ်တက်တုန်းကအမှတ်တရတွေ သူငယ်ချင်းတွေအကြောင်း ပြီးတော့ ကိုယ့်သူငယ်ချင်းတွေအကြောင်း??? "