64

512 82 2
                                    


နှစ်ဟောင်းအကုန် နှစ်သစ်ကူးအကြိုနေ့တွင် လင်းယန်ရန်သည် ရှိုးမှတ်တမ်းတင်ခြင်းပြီးဆုံး၍ လေယာဉ်နှင့်ပြန်လာခဲ့သည်။

အရင်အချိန်တွေကဲ့သို့ပင် မနက်ထွက်၍ ညနေငါးနာရီဆိုက်သည်။

အိမ်ပြန်ရောက်သော် အနားမယူနိုင်အားသေးဘဲ စုတ်တံ ၊ မှင်နှင့်မှင်သွေးကျောက် ၊ မှင်တံ နှင့် စာရွက်တို့ကို စားပွဲပေါ်သေချာဖြန့်ကာ သေချာနေရာချထားလိုက်သည်။

လင်းယန်ရန်သည် ကုစစ်ရယ် လိုချင်သော ကဗျာစာသားကို တစ်ချက်တွေ၍ မှင်တံကိုကိုင်ကာ စတင်၍ ရေးတော့သည်။

"တောင်ပေါ်မှာ သစ်ပင်တွေရှိတယ်။သစ်ပင်မှာ အကိုင်းအခက်တွေရှိတယ်။ငါ့နှလုံးသားကတော့ ရှင်ဘုရင့်ဆီမှာ။ဒါကို သူမသိဘူး"

ဒီတစ်ကြိမ်မှာတော့ စိတ်မကျေနပ်သည့်နေရာမရှိဘဲ တစ်ခါတည်းနှင့် လက်ရေးလှရေးခြင်းပြီးဆုံးသွားသည်။

လက်ရေးလှရေးပြီးသည်နှင့် မှင်ခြောက်အောင်စောင့်ရင်း လက်ကိုင်ဖုန်းကိုဖွင့်လိုက်သည်။

သူ ဘယ်တော့လာရမလဲဟု ကုစစ်ရယ်အား မေးရန် မက်ဆေ့ခ်ျပို့တော့မလို့ပင်။သို့သော် တစ်ဖက်လူက လွန်ခဲ့သည့်နာရီဝက်ခန့်က သူ့အိမ်ကိုလာဖို့ မက်ဆေ့ခ်ျပို့ထားသည်ကို တွေ့လိုက်ရသည်။

အခုနက စာရေးဖို့သာ အာရုံစူးစိုက်နေခဲ့သဖြင့် တစ်ဖက်လူစာပို့ထားသည်ကို သူလုံးဝ သတိမပြုမိခဲ့ပေ။

သူရေးထားသည့် ကဗျာပေါ်ရှိမှင်များအားလုံးခြောက်သွားပြီးနောက် ဂရုတစိုက်လှိမ့်ပတ်ရင်း Ultraman ကို သူ့အိမ်ပြန်ခေါ်ဖို့ ကုစစ်ရယ်၏အိမ်သို့ ထွက်လာခဲ့သည်။

"ကုလောင်ရှီး..နှစ်သစ်မှာ ပျော်ရွှင်ပါစေ"

နှစ်သားယောက်ဆုံကြသည့်အခါ လင်းယန်ရန်က လက်ဆောင်အဖြစ် လက်ရေးလှကဗျာကို ပေးအပ်သည်။

ကုစစ်ရယ် ပြုံးကာ လှမ်းယူ၍ "ကျေးဇူးတင်ပါတယ်...ဒီလောက်မြန်မြန်ရေးပြီးသွားပြီပေါ့"

သူ မနေ့က တစ်ဖက်လူကို မေးသောအခါ စိတ်တိုင်းမကျသဖြင့် ရေးလို့မပြီးသေးကြောင်း လင်းယန်ရန်ပြန်ဖြေခဲ့သည်ကို သတိရကာ မေးလိုက်သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now