နောက်တစ်နေ့တွင် ရှန်သိုက်သည် ပိုင်ရှန်းဝမ်၏ ဖယ်ရိုမုန်း ဖြင့်ပြုလုပ်ထားသည့်essential oil ကိုယူရန် ဆေးရုံသို့သွားခဲ့သည်။ Elmဖယ်ရိုမုန်းသည်ရနံ့ပြင်းပြီး အနံ့ကြာကြာစွဲသည်။ ချိုးချိုး၏နေ့စဉ်အသုံးအဆောင်များနှင့်ကစားသည့်နေရာများတွင် ၎င်းကိုပိုမိုဖျန်းပေးခြင်းဖြင့် အယ်လ်ဖာဖခင်ရှိသည့်ပတ်ဝန်းကျင်လိုမျိုး ဖန်တီးနိုင်သည်။
ဆရာဝန်က ရှန်သိုက်ကိုယ်ပေါ်တွင်ပါessential oilကိုရေမွှေးလိုမျိုးဖျန်းရန် အကြံပြုပြီး ၎င်းသည် Alpha- Omegaမိသားစုလေထုတခုဖန်တီးပေးနိုင်ပြီး ချိုးချိုး၏ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုအပေါ် ပိုမိုကောင်းမွန်သောအကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည်။ အကြံပြုချက်က ကောင်းပေမယ့် ရှန်သိုက်က ထိုသို့မလုပ်ချင်ပေ။ပိုင်ရှန်းဝမ်ရဲ့ ဖယ်ရိုမုန်းရေမွှေးကို သူသုံးထားလျှင် နှစ်ယောက်လုံး အနေရခက်ချေမည်။
ဒါပေမယ့် သူအိမ်ပြန်ရောက်တဲ့အခါ သူ့စိုးရိမ်မှုကအပိုဖြစ်နေမှန်း သိလိုက်ရ၏။ ချိုးချိုးအတွက် ပိုင်ရှန်းဝမ်ရဲ့ဖယ်ရိုမုန်း essential oil ကို သုံးလိုက်ပြီဆိုရင် သူ့ကိုယ်မှာပါ အနံ့စွဲနေမှာကို ရှောင်လွှဲလို့မရနိုင်တာကိုသူရုတ်တရက်နားလည်လိုက်သည် ။
ရှောင်တယ် အလုပ်မှ အိမ်ပြန်ရောက်သောအခါ သူမလည်း အဖြူရောင် elmရနံ့ကိုရလိုက်မိသည် ။ ပုံမှန်အားဖြင့် ဘီတာတစ်ယောက်သည်ဖယ်ရိုမုန်းကို အနံ့မခံနိုင်သော်လည်း ဖယ်ရိုမုန်း ၏ရနံ့ကို ထင်ရှားစေရန်နှင့်ကြာကြာခံစေရန်အတွက် essential oil တွင်အခြားဖော်မြူလာများထည့်ထားသဖြင့် ရနံ့ကသိသာနေသည်။
ရှောင်တယ် သည် ချိုးချိုး ကို ပြင်းပြင်းထန်ထန် အနံ့ခံလိုက်ပြီး
" အိုး၊ ဒါ ဆရာပိုင်ရဲ့ ဖီရိုမုန်းလား ၊အနံ့လေးက ကောင်းလိုက်တာ၊ ဆရာပိုင်လို တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့တဲ့ ခံစားချက်မျိုးရတယ်ရော"
"အင်း၊ ချိုးချိုး အရမ်းကြိုက်တာ အံ့သြစရာတော့ မဟုတ်ပါဘူး"
မျှော်လင့်ထားသည့်အတိုင်းပင် ချိုးချိုးသည် ပိုင်ရှန်းဝမ် အနားတွင်ရှိနေသကဲ့သို့ လိမ်မ္မာနေကာငြိမ်ငြိမ်လေးဆော့နေသည်။။