Chapter 90 Part 1(ငါ့ဘဝအတွက်တစ်ဦးတည်းသောအိုမီဂါ)

945 123 24
                                    

ရှောင်တယ်သည် ဤအသံကို ရင်းနှီးနေ၏။ ဒါပေမယ့် ဘယ်သူလဲဆိုတာ စဉ်းစားလို့မရချေ။ သို့သော် ဒေါသထွက်နေသည့်လေသံဆိုတာ မမှားနိုင်ပေ။ အန္တရာယ်အရိပ်အငွေ့ကို ချက်ချင်းခံစားလိုက်ရသည်။ သူမ တံခါးဖွင့်ဖို့ မရည်ရွယ်ဘဲ တိတ်တဆိတ် လျှောက်သွားကာ ချောင်းကြည့်ပေါက်မှတဆင့် အပြင်ကို လှမ်းကြည့်လိုက်သည်။

မှန်ဘီလူးသည် အပြင်ဘက်မှပုံပန်းသဏ္ဏာန်အား ပုံပျက်သွားစေသည်။ သို့သော် ချောမောသော မျက်နှာပေါ်တွင် ဒေါသတရားများရှိနေသည်မှာထင်ရှားပြီး လုံးဝမမှားနိုင်ပေ။ ရှောင်တယ်သည် မည်သူဖြစ်သည်ကို မြင်သောအခါ သူမ၏ဆံပင်များပင်ထောင်သွားသည်။ တစ်နေ့တွင် ကုမ္ပဏီ၏ သူဌေးအား သူမသည် တံခါးပေါက်ဝတွင် 'ထိပ်တိုက်ရင်ဆိုင်' ရလိမ့်မည်ဟု ဘယ်သောအခါမှမထင်မှတ်ထားခဲ့ပေ။

ချွီမော့ယွီသည် တံခါးနောက်ကွယ်တွင် တစ်ယောက်ယောက်ရှိနေသည်ကို အာရုံခံစားမိပြီးဖြစ်သည်။ ဖီရိုမုန်းမရှိသဖြင့် ဘီတာ ဖြစ်နိုင်ချေများသည်။ သူသည် ချောင်းကြည့်ပေါက်ကို အေးစက်စက် စိုက်ကြည့်ကာ ထပ်မံ၍ပြောလိုက်သည်။

"တံခါးဖွင့်ပါ"

ထိတ်လန့်တကြားနဲ့ ရှောင်တယ်က ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ဤနေရာမှ သူမသည် အခန်းထဲကို မမြင်ရသဖြင့် အိမ်တာဝန်ခံ ပိုင်ရှန်းဝမ်ထံမှ အကြံဉာဏ်ချက်ချင်းမတောင်းနိုင်ပေ။ ရှောင်တယ်သည် သူမ ကြားသိဘူးသည့် ချွီမော့ယွီနှင့် ရှန်သိုက်ကြားရှိ အရှုပ်အထွေးများအကြောင်း အတင်းအဖျင်းများစွာနှင့် သူမ၏ကိုယ်ပိုင်စိတ်ကူးတို့ကို ပေါင်းစပ်စဉ်းစားမိသည်။ ရှန်သိုက်အားထိုအကြောင်းကိုမေးရန် ပိုင်ရှန်းဝမ်က သူမအား ဘယ်တော့မှ ခွင့်မပြုခဲ့သလို သူမသည်လဲ ဘယ်သောအခါမှမမေးဖြစ်ခဲ့။ဘာပဲဖြစ်ဖြစ် ကလေးတစ်ယောက်မွေးထားပြီးပြီဖြစ်၏။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်တာတော့ သေချာ၏။

ဒါကြောင့် ဒီတံခါးကို လုံးဝဖွင့်လို့မဖြစ်။အယ်လ်ဖာများသည် ပြိုင်ဆိုင်လိုစိတ်များပြီး ရန်လိုတတ်သောလူသားများဖြစ်သည်။အထူးသဖြင့် ချွီမော့ယွီသည် သူတို့၏သူဌေးဖြစ်သောကြောင့်ပင် ။ သူအိမ်ထဲသို့ ဝင်လာသည်နှင့် အော်ဟစ်ပွဲတစ်ခု ဒါမှမဟုတ် ကိုယ်ထိလက်ရောက် ရန်ပွဲတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ကာ အကျိုးဆက်အား မှန်းဆ၍ပင်မရချေ။ ဒါပေမယ့် တံခါးအပြင်ဘက်မှာ S-class alpha ရှိနေပြီး ဒီသာမန်အရပ်သားအဆင့် လုံခြုံရေးတံခါးက S-class alpha ရဲ့ အဖျက်စွမ်းအားကို မခံနိုင်ပေ... ချွီမော့ယွီရဲ့ စိတ်ရှည်သည်းခံမှုက မြင်ရလောက်အောင်ပါးလွှာသည်။သူသည် လက်သီး ဆုပ်ထားကာ ဒေါသကို ထိန်းနေရ၏ ။ သူအေးစက်စက်ပြောသည်။

အယ်လ်ဖာသားရိုင်း(AP)Where stories live. Discover now