ရှန်သိုက်သည် ချွီအိမ်တော်တွင် နေ့ရက်များစွာကို ခက်ခဲစွာဖြတ်ကျော်နေရသည်။ ဆရာနှင့် ချိန်ကျစ်မေ့တို့က လူမမာလာမေးမယ်လို့ပြောသည်ကို နှစ်ကြိမ်ခန့်ငြင်းပယ်ပြီးနောက် အားလုံးက သူ့တွင် တစ်ခုခုဖြစ်နေပြီဟု နားလည်လိုက်သည်။
တစ်နေ့ ပရော်ဖက်ဆာလျိုစီက ရှန်သိုက်ဆီသို့ ဖုန်းဆက်လာသည်။ ရှန်သိုက် သူ့ဖုန်းထဲကနံပါတ်ကို မြင်လိုက်တာနဲ့ အပြစ်ရှိသလို ခံစားရ၏။ ဆရာ့ကို မလိမ်ချင်ပေမယ့် အမှန်အတိုင်းလည်းမပြောပြရဲပေ။
"အားသိုက် မင်း သက်သာရဲ့လား၊ ကျိုးလန်က ဒီနေ့ မင်း သူ့ကိုဒေတာအသစ်စုပေးဖို့ တောင်းဆိုတယ်လို့ပြောတယ်။ ဒါဆို မင်းအလုပ်လုပ်နိုင်သေးတယ်မလား"
"ဟုတ်၊ကျွန်တော် သက်သာလာပါပြီ။ ဒီရက်ပိုင်း သုတေသနဌာနကို မလာနိုင်သေးဘူး၊ ဒါကြောင့် အိမ်ကနေပဲ စာတမ်းရေးနေပါတယ်"
လျိုစီက"အိုး" ဟုအသံရှည်ဆွဲလိုက်ကာ
"မင်း ဘာပြသနာရှိလို့လဲ၊ဘာလို့ ဒီလောက်အကြာကြီးခွင့်ယူတာလဲ"
"entrus ကာလပြီးသွားပြီး ဇီဝကမ္မဖြစ်စဥ်မှာ နည်းနည်းပြသနာရှိနေတာပါ။ခေါင်းမူးပြီး အားမရှိသလိုဖြစ်နေတာ။ ဆရာဝန်က ကျွန်တော့်ကို အနားယူခိုင်းထားတယ်"
" ဘာကြောင့်ဖြစ်တာလဲဆိုတာတိတိကျကျသိရပြီလား။ ဆရာဝန်ရဲ့ဆေးမှတ်တမ်းတွေ ဓာတ်ပုံရိုက်ပြီးပို့ပေးလိုက် ငါ့သူငယ်ချင်းဆရာဝန်ကို အကူအညီတောင်းကြည့်ပေးမယ်"
"အာ ..အဲ့တာတော်တော်လေးရှုပ်ထွေးတယ်..."
ဆရာလျို ၏ လေသံက အနည်းငယ် တင်းမာလာပြီး
"အားသိုက် မင်း ဘာဖြစ်နေတာလဲ။ မင်းငါ့ကို လိမ်နေတာလား"
ဖုန်းတစ်ဖက်မှာ ရှန်သိုက်ရှက်သွား၏။သူက တိုးတိုးလေးပြောလိုက်သည်။
"ဆရာ၊ တောင်းပန်ပါတယ် ခင်ဗျ။ ကျွန်တော် အဲ့လိုမရည်မရွယ်ပါဘူး။ အခုလောလောဆယ် ကျွန်တော် အလုပ်ကို မလာနိုင်လို့ပါ"
"ဒီကိစ္စ မစ္စတာချွီနဲ့ ပတ်သက်လား"
ရှန်သိုက်တိတ်ဆိတ်သွားသည်။