သူတို့နှစ်ယောက် မတိုးသာမဆုတ်သာအခြေအနေ ဖြစ်နေစဉ် ချွီမော့ယွီ၏ ဖုန်း မြည်လာသည်။ စားပွဲပေါ်ရှိ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ခေါ်ဆိုသူ ID သည် "အဖေ"ဆိုသည့်အမည်ကိုတွေ့လိုက်ရသောအခါ သူ့မျက်ခုံးများ ချက်ချင်းတွန့်ချိုးသွားသည်။
ရှန်သိုက်သည်ထိုအခွင့်အရေးကိုအသုံးချပြီးချွီမော့ယွီကို အဝေးသို့ တွန်းထုတ်ရန်ကြိုးစားလိုက်၏။ ဒါပေမယ့် သူ၏လက်ကောက်ဝတ်နှစ်ဘက်လုံးကို ချွီမော့ယွီက လက်တစ်ဖက်တည်းနှင့်ဆုပ်ကိုင်ထား၏။ ချွီမော့ယွီဖုန်းကို ချလိုက်သည်။
ရှန်သိုက်သည် စခရင်ပေါ်ရှိ နာမည်ကို မျက်လုံးထောင့်မှမြင်ပြီးပြောသည် "မင်းအဖေသိပြီးပြီလား?"
ချွီမော့ယွီသည် ရှန်သိုက်၏ လက်ကောက်ဝတ်ကို သူ့နှလုံးသားနေရာပေါ်သို့ ဖိကပ်လိုက်သည်။ "ဘာကိုသိရမှာလဲ?" ရှန်သိုက်ကထေ့ငေါ့သံဖြင့်ပြောသည် "မင်းမှာတရားမ၀င်ကလေးတစ်ယောက်ရှိတယ်ဆိုတာရယ် အဲ့ဒီတရားမဝင်ကလေးနဲ့ မင်းရဲ့အမြှောင်မယားကိုအိမ်ကို ခေါ်ထားတယ်ဆိုတာကို သူသိလား?။"
"သူမကြာခင် သိသွားလိမ့်မယ်"ချွီမော့ယွီ မျက်မှောင်ကြုတ်ထားသည်။ ရှန်သိုက်က သူကိုယ်သူနှင့် ချိုးချိုးကို သူ့အမြှောင်မယားနှင့် တရားမ၀င်ကလေးဟုသုံးနှုန်းသည်ကို သူ မကြိုက်ပေ။ ဒါပေမယ့် 'တရားမ၀င် ကလေး' ဆိုတဲ့ စကားလုံးကို သူကိုယ်တိုင် ပြောခဲ့ပေသည်။
"မင်း သူ့ကို ဘယ်လိုရှင်းပြမှာလဲ" ရှန်သိုက်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "မင်း စေ့စပ်ထားပြီးသား။ ချွီမိသားစုက သာမန် အယ်လ်ဖာတရားမဝင်ကလေးတစ်ယောက်ကို မလိုအပ်ဘူးမလား။"
"ဒါကို မင်းစိတ်ပူစရာမလိုပါဘူး။" ချွီမော့ယွီသည် ခေါင်းငုံ့ကာ ရှန်သိုက်၏နဖူးကို နမ်းလိုက်ပြီး "ချိုးချိုးကို သွားကြည့်လို့ရပြီ"
သူအနောက်ကိုဆုတ်ပေးလိုက်သည်နှင့်တပြိုင်နက် ရှန်သိုက်သည် စားပွဲပေါ်မှခုန်ချကာ နောက်လှည့်မကြည့်ပဲ လျှင်မြန်စွာထွက်ခွာသွားသည်။ချွီမော့ယွီသည် ဝုန်းခနဲပိတ်ထားသော တံခါးကို ကြည့်ကာ ခေတ္တမျှ မိန်းမောနေ၏။ ရှန်သိုက်ထွက်သွားသည်နှင့် မွှေးရနံ့သည် လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အခန်းသည် ပုံမှန်အတိုင်း အထီးကျန်ဆန် တိတ်ဆိတ်သွားသည်။ စားပွဲပေါ်တွင် ထိုင်ရင်း လက်တစ်ဖက်က လက်ငါးချောင်း နာကျင်လာသည်အထိ စားပွဲအစွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ရှန်သိုက်ကို သူ့ဘေးမှာပြန်ထားရှိနိုင်ခဲ့ပေမယ့် ဘာကြောင့် မပိုင်ဆိုင်ရသေးဘူးလို့ ခံစားနေရသေးတာလဲ?။