အမဲသားကင်ပြီးသည်နှင့်တံခါးဘဲလ်သံ မြည်လာသည်။
ရှန်သိုက် တံခါးကိုဖွင့်လိုက်သည်။ ပိုင်ရှန်းဝမ်နဲ့ ရှောင်တယ်က ပြုံးလျက် တံခါးနားမှာ ရပ်နေ၏။ သူတို့သုံးယောက် လန်ချန်တွင်ရှိစဉ်က အကြိမ်မရေမတွက်နိုင်အောင်ကြုံခဲ့ရသည့် ဒီမြင်ကွင်းကိုရုတ်တရတ်သတိရသွားပြီး အနည်းငယ်စိတ်ထိခိုက်သွားသည်။
ပိုင်ရှန်းဝမ်သည် ယနေ့တွင် ပွဲတက်ဝတ်စုံကို ၀တ်ထားပြီး သူ့ရဲ့ ဆံပင်ကို ဆံပင်ဖြန်းဆေးနှင့် ပုံသွင်းထား၏။ လူတစ်ကိုယ်လုံးသည် ဖြောင့်မတ်တည်ကြည်ကာ ချောမောခန့်ညားနေပြီး ထူးကဲသော ပင်ကိုစရိုက်က ၎င်း၏ ပုံမှန်တွေ့မြင်နေကြ ပေါ့ပါးပြီး ထိန်းကွပ်လို့မရသည့်အသွင်အပြင် နှင့်အလွန်ကွာခြားပေ၏။ သူ၏ အရပ်အမောင်းနှင့် အသွင်အပြင်အားလုံးသည် ထင်ရှားပေါ်လွင်သည်။သို့သော် သိပ္ပံနှင့်အင်ဂျင်နီယာတစ်ဦး၏ ဂုဏ်ရည်များမှာ ပို၍ထင်ရှားနေ၏။ သူ့ဆံပင်ကို အင်စတီကျူ့အ၀င်ဝရှိဆံပင်ညှပ်ဆိုင်တွင် ညှပ်ထားပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ထားသည့် အဝတ်အစားများက ဘီဒိုထဲရှိသူရှာဖွေတွေ့ရှိသည့်အထည်များသာ။ သူ့ပတ်ဝန်းကျင်က လူတွေက သဘာဝအတိုင်း ကောင်းမွန်နေသည့်သူ၏ အသားအရေကို ထိန်းသိမ်းဖို့နဲ့ သူ့ကိုယ်သူ ဂရုစိုက်ဖို့ မကြာခဏ တိုက်တွန်းလေ့ရှိသည်။ ဒါပေမယ့် သူသည်ထိုအရာများကို စဉ်းစားရန် ပျင်းလွန်းပေ၏။ အရေးပါသူများနှင့် တွေ့ဆုံရန် ဤကဲ့သို့ အထူးတလည်ဝတ်စားထားခြင်းဖြစ်ရမည်။
"ဝိုး..ဆရာရှန်"
ရှောင်တယ် လှမ်းလာပြီး ရှန်သိုက်အား စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်သည်။
"ကျွန်မ ရှင်နဲ့ ကွဲကွာနေတာ ကြာပြီလို့ ခံစားရတယ်"
"တစ်လကျော်ပဲရှိသေးတယ်"ရှန်သိုက်က ပြုံးပြီး သူမကို ကြည့်ရင်း
"ရှောင်တယ်က ကိုယ်အလေးချိန် နည်းနည်း ကျသွားပုံရတယ်။ မင်းရဲ့ ကိုယ်အလေးချိန် လျှော့ချတဲ့ အစီအစဉ်က အရမ်းထိရောက်ပုံရတယ်။"
"ကျွန်မ ခြောက်ပေါင်ကျသွားတယ်။ချိုးချိုး! ချိုးချိုး၊ သူဘယ်လောက်ထွားလာပြီလဲ ကြည့်ရအောင်"