Chapter89(ယာယီအမှတ်အသား)

649 96 20
                                    

ရှန်သိုက် ကုတင်ပေါ်တွင်လူးလှိမ့်နေရ၏။ သူအရမ်းအေးနေသည့်အတွက် ခန္ဓာကိုယ်ကို စောင်နဲ့ခြုံထားရသည်။တဖန် မခံမရပ်နိုင်အောင် ပူလာပြန်သဖြင့် လေကိုရှူဖို့ စောင်ကို ကန်ထုတ်လိုက်ရပြန်၏။

သူ့မျက်နှာကိုလက်ဖြင့်ထိကြည့်လိုက်ရာ တရှိန်ရှိန်ပူလောင်နေပေ၏။ အရိုးအဆစ်များမှာ အဆက်မပြတ် တင်းကျပ်နေပုံရပြီး ဝက်အူရစ်ကျပ်ထားသလို သူ့ဦးနှောက်ကနာကျင်ကာ ရှုပ်ထွေးနေ၏။အကြောင်းကတော့ ရာဂစိတ်များပြင်းထန်ကာလောင်ကျွမ်းပြာကျမတတ်ဖြစ်နေသောကြောင့်ပင်။ ကုတင်ပေါ်ကနေ ထဖို့ကြိုးစား ရုန်းကန်ရင်း ရေချိုးခန်းထဲသို့ ဒယိမ်းဒယိုင်ဝင်သွား၏။ သူသည် နံရံကိုမှီကာ အိမ်သာပေါ်ထိုင်လိုက်သည်။ နာကျင်နေသော သူ၏ဒစ်ကို ကိုင်ကာ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်လိုက်သည်။ ဤမခံမရပ်နိုင်စရာ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို သက်သာရာရလိုရငြား ပြုမူရင်း မထိန်းနိုင်ပဲအော်ဟစ်မိသည်။ သို့သော် ချက်ချင်းပင် နှုတ်ခမ်းကို ကိုက်လိုက်သည်။ သို့သော် ဤခံစားချက်သည် အပေါ်ယံမျှသာဖြစ်သည်။လိုချင်တက်မက်စိတ်ကိုပြည့်ဝစေရန်ခက်ခဲပေ၏။ခန္ဓာကိုယ်က ကျူးကျော်ဝင်ရောက်ကာ အမှတ်အသားပြုသိမ်းပိုက်လှည့်ပါရန် အဆက်မပြတ် အော်ဟစ်တောင်းဆိုနေ၏။ သူ့ဂလင်းထဲက ပန်းရနံ့က မွှေးပျံ့လွန်းပြီး သူ့ကိုယ်သူရနံ့ထဲမှာ နစ်မြုပ်နေသည်ဟုပင်ထင်မှတ်မိ၏။

ဖြေလျော့ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်သည် ပို၍ပင် အားနည်းလာသည်။ ဤ estrus ကာလသည် သူထင်ထားသည်ထက် ပို၍ပြင်းထန်သည်ကို သူသဘောပေါက်လိုက်သည်။ သုံးနာရီသို့မဟုတ်ငါးနာရီကြာခန့်အောင် သူတောင့်မခံနိုင်။ ထိန်းချုပ်ဆေးကို ဒုတိယအကြိမ်ထိုးမှရတော့မည်။

ကုတင်ဘေးသို့ ဒယီးဒယိုင်ပြန်လျှောက်သွားကာ ဘေးဘက်ရှိစားပွဲကိုဖွင့်ရန် ငုံ့လိုက်သောအခါ ခြေထောက်များက ပျော့ခွေကာ ကြမ်းပြင်ပေါ်သို့ဒူးထောက်ကျသွားသည်။ ကုတင်ဘေး စားပွဲအစွန်းနှင့် နဖူးကို ဘန်းခနဲဆောင့်မိရာ မူးဝေသွားသည် ။ ကုတင်ဘေးမှာ မူးဝေအားနည်းနေပြီး ခေတ္တခန့် မလှုပ်ရှားနိုင်ပေ။ သူ သတိလစ်လုနီးပါးပင်။

အယ်လ်ဖာသားရိုင်း(AP)Opowieści tętniące życiem. Odkryj je teraz