လေယာဉ်ပေါ်ကဆင်းပြီးတဲ့နောက် ချွီမော့ယွီသူ့အိမ်ကိုမပြန်ဖြစ်ပေ။လောင်ဝူက သူ့ကို လေဆိပ်မှာလာကြိုပြီး suspectibleကာလအတွက် လိုအပ်မယ့် ပစ္စည်းတွေကို အပြည့်အသိပ်သယ်လာပြီး သူ့မိဘအိမ်ဆီ ခေါ်သွားပေးသည်။
ပြီးခဲ့သောနှစ်အတွင်း ချွီမော့ယွီသည် ထိုနေရာသို့ သွားခဲသည်။ ဘယ်လောက်ပဲ အလုပ်များနေပါစေ သူ့မိဘတွေနဲ့ တစ်လကို တစ်ကြိမ် နှစ်ကြိမ်ခန့် ထမင်းသွားစားလေ့ရှိ၏။ သို့သော် ရှန်သိုက်ကိုမစ္စချွီ လွှတ်ပေးလိုက်ကတည်းက သူ့အမေကိုရှောင်နေခဲ့၏။
ကားထဲက ဆင်းပြီး အိမ်တော်ထိန်းကြီးကိုတွေ့သည့်အခါ တစ်ခုခု မှားယွင်းနေသည်ကို သူ အာရုံခံမိ၏။ သူက အိမ်တော်ထိန်းကြီးကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ကြည့်လိုက်တော့ အိမ်တော်ထိန်းကြီးရဲ့ မျက်နှာမှာ အကူအညီမဲ့နေတဲ့အမူအရာကို အရိပ်အမြွက်တွေ့လိုက်ရ၏။
အိမ်ထဲသို့ဝင်လိုက်သောအခါ ချွီမော့ယွီသည် ဧည့်ခန်းရှိဆိုဖာပေါ်တွင် ထိုင်ကာ သူ့မိဘများနှင့် စကားစမြည်ပြောနေသည့် ကျိုးရှောင်ချူကို တွေ့လိုက်ရသည်။ သူအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"အစ်ကိုယွီ"
ကျိုးရှောင်ချူ မတ်တပ်ထရပ်ပြီး ချွီမော့ယွီ ကို ပြုံးပြသည်။
"အကို လေယာဉ်ပေါ်ကခုမှဆင်းလာတာမလား၊ကျွန်တော်လဲအတူတူပဲ ခုပဲရောက်တာ။အကိုပင်ပန်းနေပြီလား"
"မင်း မကြာသေးခင်ကမှ အားလပ်ရက်ပြီးသွားတာမလား။ မင်းဘာလို့ဒီကိုပြန်လာတာလဲ"
ချွီမော့ယွီက သူ့မိဘတွေကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည်အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ကျိုးရှောင်ချူကို ကြည့်လိုက်သည်။
ကျိုးရှောင်ချူသည် နိုင်ငံခြားတွင် အနုပညာဘာသာရပ်ကိုသင်ကြားနေပြီး ဘွဲ့ရမရှိသေးပေ။ နွေဦးရာသီ ကျောင်းပိတ်ရက်ကုန်ဆုံးသွားတာ ကြာပြီဖြစ်သည်။ ဒါကြောင့် သူကျောင်းမှာပဲရှိနေသင့်တာမဟုတ်လား။ဘာလို့ဒီမှာရောက်နေတာလဲ။
ကျိုးရှောင်ချူက ယဉ်ကျေးသိမ်မွေ့စွာပြောလိုက်သည်။
"အကို့ရဲ့ suspectibleကာလကို ရောက်တော့မယ်လို့ ကျွန်တော်ကြားလို့၊အကို့ကို အဖော်ပြုပေးချင်လို့ပြန်လာတာ"