ချွီမော့ယွီ ခေါက်ဆွဲခြောက်ပန်းကန်ကို တစ်ထိုင်တည်းစားခဲ့ပြီး ရှန်သိုက်ကို အမှန်တကယ်ပင် ထိတ်လန့်သွားစေသည်။ အယ်လ်ဖာသည် susceptibleအကြိုကာလတွင် အစာစားချင်စိတ် မြင့်တက်လာသည်ကို သူသိသော်လည်း သူသည် ငယ်စဉ်ကတည်းက မည်သည့်အယ်လ်ဖာနှင့်မျှ မနီးစပ်ခဲ့ပေ။ ယခုလိုမျိုးက ပထမဆုံးမြင်ဖူးခြင်းပင်။ ထမင်းစားပြီးနောက် အမှတ်(၁) မူလတန်းကျောင်းဘက်သို့ နှစ်ယောက်သားလက်ချင်းတွဲပြီး လမ်းလျှောက်ထွက်ကြသည်။ ချွီမော့ယွီက ဦးဆောင်ပြီးခေါ်သွားသည်။အနီးနားရှိအဆောက်အဦးအမည်များကိုလည်း ပြောပြသည်။ သူ ရှန်သိုက်ကို ရှင်းပြနေပေမယ့်တကယ်တမ်းတော့ သူ့အမှတ်တရတွေကိုပြန်သတိရနေတာပင်။ရှန်သိုက်သည် စိတ်ဝင်တစား နားထောင်ပြီး ရံဖန်ရံခါ သူ့ငယ်ဘဝအကြောင်းကို မေးမြန်း၏။ တဖြည်းဖြည်းနှင့်ယခင်က သူတစ်ခါမှမမြင်ဖူးသော ချွီမော့ယွီ၏ငယ်ရုပ်သဏ္ဍာန်သည် သူ့စိတ်ထဲတွင် ထင်ဟပ်လာသည်။ သူနှင့် ချွီမော့ယွီ အကြားအကွာအဝေးသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး အထူးသဖြင့် သူတို့နှလုံးသားတွေ ပိုနီးစပ်လာသည်ဟုခံစားမိသည်။
ရှန်သိုက် ချွီမော့ယွီ စိတ်ကောင်းဝင်နေတာကို အချိန်ကိုက်အသုံးချကာ susceptibleကာလကို တိုတောင်းစေသည့် ဆေးဝါးများကို မသုံးရန် အကြံပေး၏။ တားဆေးများကိုတီထွင် ထုတ်လုပ်လာသည်မှာ နှစ်ပေါင်းရာနှင့်ချီရှိပြီဖြစ်ပြီး အာနိသင်ပြင်းသည့် အသစ်သစ်သောဆေးဝါးများကိုတီထွင်ထုတ်လုပ်လာနိုင်ပြီဖြစ်သည်။သို့ရာတွင် မူလဗားရှင်းသည်သာ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး ဆေးကိုခန္ဓာကိုယ်မှချေဖျက်မှုကို ပိုမိုလွယ်ကူစေသည်။ estrus ကာလ သို့မဟုတ် susceptibleကာလကို တိုစေရန် ဒါမှမဟုတ်တားရန်သုံးရသော ဆေးဝါးများသည် အာနိသင်ထက်သော ဆေးများဖြစ်သည်။ ဘေးထွက်ဆိုးကျိုး အင်မတန်များပေသည်။ရက်အနည်းငယ်နောက်ကျအောင်လုပ်ဖို့အတွက်နဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် နည်းလမ်းကို သူ့ကိုမသုံးစေချင်ပေ။ ချွီမော့ယွီက လေးနက်တည်ကြည်စွာဖြင့်
"အခုလတ်တလော အရေးကြီးတဲ့ အစည်းအဝေးတွေတက်ဖို့ အများကြီးရှိတယ်။ အလုပ်ကိစ္စနဲ့ ခရီးထွက်ပြီး တွေ့ဆုံဆွေးနွေးရမယ့်သူတွေလည်း ရှိတယ်။ လုပ်စရာတွေ အများကြီးပဲ။ တားဆေးမသောက်ချင်ဘူးဆိုတော့ အချိန်ဇယားကို ကြည့်စီစဥ်ရမှာပဲ"