ချွီမော့ယွီ သည် ကလေးသွားခေါ်ရန် လောင်ဝူနှင့် အဒေါ်လန်တို့ကို ရှန်သိုက်အိမ်သို့ အဖော်လိုက်သွားပေးရန် တောင်းဆိုခဲ့သည်။
လမ်းတစ်လျှောက်တွင် လောင်ဝူနှင့် အန်တီလန်တို့သည် ရှန်သိုက်နှင့် စကားပြောရန် ကြိုးစားကြသည်။ သို့သော် ရှန်သိုက်သည် ကားပြတင်းပေါက်တွင် ခေါင်းကိုမှီကာ အချိန်တွေရပ်တန့်နေပုံရသည် ။ အချိန်အတော်ကြာမတုံ့ပြန်ခဲ့ပေ။
ကားအောက်ထပ်တွင် ရပ်လိုက်သောအခါ ရှန်သိုက်သည် ရင်းနှီးနေသော အိမ်ရှေ့တံခါးကို ကြည့်ကာ သူအကာအကွယ်ပေးလိုသော အဖွားအိုနှင့် ကလေးသည် ဤနေရာတွင် ရှိနေသည်ဟု သတိရလိုက်၏။ ရုတ်တရက် သူ့အသိစိတ်ပြန်လည်လာသည်။ သူက အန်တီလန်ရဲ့လက်ကို ဖမ်းဆွဲကာ တောင်းဆိုလိုက်၏"အန်တီလန်၊မဒမ် ချွီကိုဆက်သွယ်ပြီး ကျွန်တော့်ကိုကူညီခိုင်းလို့ ရမလား"
အန်တီလန်သည် ရှန်သိုက်ကို သနားကြင်နာစွာကြည့်ကာ ကူကယ်ရာမဲ့စွာပြော၏ "မဒမ်ကအခုမင်းကိုမကူညီနိုင်တော့ဘူး။သခင်လေးကစိတ်ထိခိုက်ပြီးမနေ့တနေ့က ကုမ္ပဏီမှာအဖိုးကြီးနဲ့အကြီးအကျယ်စကားများခဲ့ကြတယ်။သူအခု ဘယ်သူပြောတာကိုမှ နားထောင်မှာမဟုတ်တော့ဘူး။"
ရှန်သိုက် အန်တီလန်ကို အသနားခံသည့်အကြည့်ဖြင့်ကြည့်လိုက်၏။
"အားသိုက်၊အန်တီ မင်းကို မကူညီချင်လို့မဟုတ်ပါဘူး။သခင်လေးရဲ့ဒေါသက အရမ်းကြောက်ဖို့ကောင်းတယ်။အခုကအချိန်ကောင်းမဟုတ်ဘူး။အန်တီပြန်လာပြီး မင်းနဲ့အတူတူနေပြီးကူညီလို့ပဲရမယ်ကွယ်"
"......ပြန်လာတယ်?"
"အခု သခင်လေးက အန်တီကို ဇာတိမြို့ကနေ ပြန်ခေါ်လာတာ။" အန်တီလန်က သက်ပြင်းချပြီး "မနှစ်တုန်းက မဒမ်ကို လာဖို့ တိတ်တဆိတ် ခေါ်ခဲ့တဲ့အတွက် သခင်လေးက အန်တီ့ကို အရမ်းစိတ်ဆိုးခဲ့တယ်။ သူက အန်တီ့ကို မောင်းမထုတ်ပေမယ့် အန်တီ စိတ်မလုံလို့ အငြိမ်းစားယူခဲ့တယ်။ တကယ်တော့ သခင်လေးကို အရမ်းလွမ်းတယ်။ တကယ်တမ်းပြောရရင် သူက အန်တီ့လက်ပေါ်မှာကြီးပြင်းလာခဲ့တာလေ။ ဒီအတောအတွင်း သခင်လေးက မင်းရဲ့ကလေးကို ပြုစုစောင့်ရှောက်ဖို့ ပြန်လာခိုင်းတယ်။ ဒါကြောင့် အန်တီချက်ချင်းပြန်လာခဲ့တာ"