Unicode
အတိတ်သို့တူးဆွခြင်း ၉
"မာမီ...နေ။ရတယ်..ကျွန်တော်အရိုက်ခံလိုက်မယ်"
"သားနာမှာပေါ့။ဟိုတစ်ခါလိုဖျားရင်ဘယ်လိုလုပ်မလဲ"
"မာမီစိတ်မပူပါနဲ့။သားကယောက်ျားပါလုပ်ရဲရင်ခံရဲရမှာပေါ့မဟုတ်ဘူးလားဒယ်ဒီ"
"ဒါမှငါ့သားကွ။ယောက်ျားဆိုတာအဲ့လိုဖြစ်နေရမယ်"
"ဟုတ်ဒယ်ဒီ"
မာန်ဓနအောင်သူ့ရဲ့ဒယ်ဒီရှေ့မတ်တပ်ရပ်ဘောင်းဘီကိုဒူးထိလိပ်တင်ပြီးလက်ပိုက်ကာနေလိုက်သည်။
ဖြန်း...ဖြန်း
ဖြန်း...ဖြန်း
ဖြန်း..ဖြန်း
ဖြန်း...ဖြန်း
ဖြန်း...ဖြန်း
မာန်ဓနအောင်ခါးပတ်နဲ့၁၀ချက်ရိုက်ခံရတုန်း
အသံမထွက်မိဖို့နှုတ်ခမ်းကိုတင်းတင်းကိုက်ပြီးမျက်ရည်မကျအောင်ပါထိန်းလိုက်သည်။ဦးမာန်အောင်သားရဲ့ယောက်က်ျားဆိုတာလုပ်ရဲရင်ခံရဲရမယ်ဆိုတဲ့ထားတဲ့စိတ်ဓာတ်ကိုကြိုက်ပေမဲ့အပြစ်လျော့ပေါ့ဖို့ဆိုတာမရှိ။အခုလျော့ပေါ့ပေးရင်ကြီးလာလို့အပြစ်လုပ်ရင်ငါအခုလိုပြောလည်းဒယ်ဒီကလျော့ပေးမှာဆိုတာထက်ယောက်ကျာ်းဆိုတာကြီးလာရင်ကိုယ်ပြုလုပ်ခဲ့တဲ့ဘာကိစ္စမဆိုခေါင်းမရှောင်ပဲရဲရဲဝံ့ဝံ့တာဝန်ယူရဲတဲ့ယောက်ျားကောင်းဖြစ်ဖို့အရေးကြီးတယ်။အဲ့ကြောင့်မို့ကိုယ့်သားကိုယောက်ျားကောင်းဖြစ်ဖို့ငယ်ငယ်တည်းကကြပ်မတ်မှရမည်။ကိုယ်ရဲ့ပုံစံကသားကို'ချစ်တော့ချစ်တဲ့အလိုမလိုက်ဘူး'ဆိုတဲ့ပုံစံလိုမျိုးဖြစ်နေသည်။
"နောက်ပြီးမင်းမလိမ္မာမချင်းမင်းရဲ့ကတ်ေတွအားလံုးကိုငါပိတ်မယ်...နေ့တိုင်းကျောင်းမုန့်ဖိုးတစ်ထောင်ပဲရမယ်"
ကတ်ေတွကိုပိတ်မယ်ဆိုတဲ့စကားကိုဒယ်ဒီဆီကကြားပြီးကိုယ့်ဒူးတွေမခိုင်ချင်ဖြစ်လာရသည်။ခါးပတ်နဲ့ရိုက်တာတောင်
ကိုယ့်အတွက်အသားနာပေမဲ့ဒယ်ဒီဆီကအဲ့စကားကိုကြားပြီး ကမ္ဘာပျက်မလိုတောင်ခံစားရပါသည်။နောက်ပြီးမုန့်ဖိုးတစ်ထောင်ကအခုခေတ်ဘာများအသုံးခံလို့လဲ။ကိုယ့်အဖြစ်ကttေပါ်ကလို'ဆယ်သိန်း..ဆယ်သိန်းကအခုေခတ်မှာဘာသံုးလို့ရမှာလဲကိုကြီးရဲ့..တစ်ခါသံုးရင်ငါးသိန်းကုန်တာ'ထက်ေတာင်ဆိုးေနပြီ။နေ့တိုင်းကုန်ဈေးနှုန်းတွေတက်နေတာမသိတာလဲမဟုတ်။
YOU ARE READING
တောင်ပြာတန်းကေမာင့်ချစ်သူ
Romantikမာန်ဓနအောင် "ခင်များက ပိုက်ဆံမက်တဲ့အသပြာဆရာဝန်ဟွန်း..ပိုက်ဆံရရင် ဘာမဆိုလုပ်မဲ့သူစားမျိုးပဲ...ခွန်လေပြေစိမ်း..." . . လေပြေစိမ်း "မင်းမမိုက်ရိုင်းနဲ့ ငါ့ဘာသာ ပိုက်ဆံရလို့ ဘာပဲလုပ်လုပ် မင်းနဲ့မဆိုင်ဘူး။မင်းဒီလိုပြောရအောင် မင်းနဲ့ငါ ဘာဆိုင်လို့လဲ...ပြေ...