🍀အပိုင်း၃🍀

50 1 1
                                    

Unicode

အတိတ်သို့တူးဆွခြင်း ၃

"ပေါ့ကလည်း မယ့်မယ့်ကသူမရဲ့ချစ်လှစွာသော လွတ်စိုင်းကို ရန်ကုန်မှာ ဆရာဝန်ဖြစ်ပြီး ရန်ကုန်သူလေးကို လွတ်ပိုက်‌ တော်ချင်နေလားမှမသိတာ"

(လွတ်ပိုက်=ချွေးမ)

"နောင့်ယိင်းလူကြီးတွေစကားပြောနေရင်ဖြတ်မပြောရဘူးလေ"

"ပီအိုက်ကလည်း မယ့်မယ့်ကပီအိုက်ကိုရန်ကုန်သူရစေချင်ပေမဲ့ရန်ကုန်သူမရပဲ ရန်ကုန်သားနဲ့ရရင်ကောဘယ်လိုလုပ်မလဲ...နောင့်ယိင်းကတော့သဘောတူပါတယ် ဟိ..မယ့်မယ့်နဲ့ပေါ့ကသာ"

"ကဲဒီကောင်မလေး ငါဟိုနေ့ကရိုက်တာမမှတ်သေးဘူးထင်တယ်။ထမင်းစားနေလို့ပေါ့..ထမင်းစားပြီးမှသင်း(ဒင်း)နဲ့တွေ့အုံးမယ်"

"ရှင်ကလည်းထမင်းပဲစားနေတယ်...ရှင့်လွတ်ယိင်းနဲ့လွတ်စိုင်းကိုကျွန်မဘက်ကဝင်ပြောပါအုံးလား။အဲ့လောက်ထမင်းစားရတာကြိုက်ရင် ရှင်သေရင်‌ေမြကြီးနဲ့မမြုပ်ပဲထမင်း၊ဟင်းတွေနဲ့မြုပ်ပေးအုံးမယ်"

အဟွတ်..အဟွတ်..

"မေးနန်းရာပြောလိုက်ရင်တဆုံးကြီးပဲ..ငါဒီမှာထမင်းသည်းကုန်ပြီ။ခုတော့ထမင်းလေးကိုပြီးအောင်စားပါရစေကွာ။စားပြီးမှဆက်ပြောကြမယ်...ဟုတ်ပြီလား"

"ပေါ့..ဒီမှာရေသောက်လိုက်အုံး"

"အေး..လွတ်ယိင်း"

"လွတ်စိုင်း ရန်ကုန်မှာကျောင်းသွားတက်ပြီးဆရာဝန်ကြီးဖြစ်အောင်လုပ်မယ်လို့ကတိပေး..မပေးရင်မယ့်မယ့်ထမင်းဆက်မစားတော့ဘူး"

"မေးနန်းရာလွတ်စိုင်းစိတ်မကောင်းဖြစ်အောင်လို့"

"ဟုတ်ပါ့မယ့်မယ့်ရာပီအိုက်သနားပါတယ်"

"တိတ်စမ်း..ရှင်ရောလွတ်ယိင်းရောပါးစပ်ပိတ်နေ...ကျွန်မကလွတ်စိုင်းနဲ့ပြောနေတာ"

လေပြေစိမ်းအမှန်တော့ရန်ကုန်သွားချင်ပါသည်။မယ့်မယ့်၊‌ေပါ့နဲ့‌ေနာင့်ယိင်းတို့ကိုစိတ်မချတာလဲပါသည်။မယ့်မယ့်(နန်းဖြူ)သည်ကျန်းမာရေးခြူခြာသူဖြစ်၍ ပေါ့(ခွန်သန်းဌေး)ရော‌ေနာင့်ယိင်းရောကိုယ်ပါ သားအဖ၃ယောက်လုံးဂရုစိုက်နေကြရသည်။ကျွန်‌ေတာ်ရဲ့အတွေးကိုမယ့်မယ့်ကသိနေပုံရပါသည်။

တောင်ပြာတန်းက‌ေမာင့်ချစ်သူWhere stories live. Discover now