🍀 အပိုင်း ၁၆ 🍀

26 1 0
                                    

အတိတ်သို့တူးဆွခြင်း ၁၆

Unicode

"ဟျောင့်ဓန မင်းဘယ်သူ့ကိုလှည့်ကြည့်နေတာလဲ"

"ခုနကကျောင်းသားသစ်ကိုနေမှာပေါ့ကွ"

"အငယ်ကောင် မင်းသူ့ကိုသိလား"

"ငါလဲမသိဘူး ဒါပေမဲ့ ခုနကငါ့မမပြောပုံအရသူကဒီနှစ်မှပြောင်းလာတာတဲ့နာမည်ကခွန်လေပြေစိမ်းလို့ပြောသာပဲ"

"ခွန်လေပြေစိမ်းလား"

"အင်းဘာဖြစ်လို့လဲ အကြီးကောင်အဲ့ကောင်ဘာဖြစ်နေတာလဲ"

"ငါလဲမသိဘူးကွာ အဲ့ကောင်ကိုမေးကြည့်လေ"

"ဟျောင့်ဓန"

"ဘာလဲကွာ"

"မင်းဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး မုန့်သွားစားရအောင် ငါဗိုက်ဆာနေပြီ မင်းကိုစောင့်ပေးရတာဆိုတော့မင်းဝယ်ကျွေးရမယ်"

"အေးပါကွာ လာသွားအောင်"

လေပြေ‌စိမ်း စိုင်းနဲ့မုန့်သွားဝယ်ပြီးစား‌ေနရင်းအပြန်အမှတ်မထင်ကိုယ့်ကိုအရှေ့ ကစကားနောက်လှည့်ပြောနေတဲ့ကောင်‌ေလးကဝင်လာတိုက်သည်။

"အငယ်ကောင်နဲ့အကြီးကောင် မြန်မြန်လာကွာဗိုက်ဆာပါတယ်ဆိုမှဒီနေ့လမ်းလျှောက်တာလိပ်ကြနေတာပဲ"

"မင်းကလောနေတာငါတို့လမ်းလျှောက်တာပုံမှန်ပဲ"

(အမှန်ကငါဗိုက်ဆာနေတာမဟုတ်ဘူး။ခုနကငါ့ရှေ့ဖြတ်သွားတဲ့ပုံရိပ်လေးကိုအမှီလိုက်နေတာလဓကောင်တို့ရဲ့ဆိုပြီးစိတ်ထဲကပြောလိုက်ပေမဲ့အပြင်မှာတော့မပြောပေ။)

"အေးပါကွာ ငါအိမ်ကဒယ်ဒီနဲ့စကားများပြီးဘာမှစားမလာလို့ဟ ဗိုက်ဆာနေတာအူလိမ့်နေပြီ"နောက်လှည့်ကာပြောရင်းလူတစ်ယောက်ကိုဝင်တိုက်မိတော့တစ်ဖက်သူရဲ့မုန့်တွေအောက်ပြုတ်ကျနေသည်ကိုကောက်ပေးရင်းနှာခေါင်းမှရလိုက်တဲ့ကိုယ်သင်းနံ့လေးကြောင့်မော့ကြည့်လိုက်ရင်းတောင်းပန်စကားဆိုလိုက်သည်။

"တောင်းပန်ပါတယ်"

လေပြေစိမ်းကိုယ့်ရှေ့ကသူကကိုယ့်ကိုမော့ကြည့်ရင်း‌မုန့်ကောက်ပေးကာတောင်းပန်စကားဆိုလာတဲ့သူကိုကြည့်မိတော့ခုနကကိုယ့်အခန်းရှေ့မှာရပ်နေတဲ့ကောင်‌ေလးပဲ။

"ရပါတယ်ဗျမတော်တဆဖြစ်တာပဲ"

"မုန့်တွေကသဲတွေပေပြီးမကောင်းတော့ဘူး ကျွန်တော်အသစ်ပြန်ဝယ်ပေးပါ့မယ်"

"မဟုတ်တာရပါတယ်..ဒီကညီလေးကဝယ်ပေးစရာမလိုပါဘူးမတော်တဆဖြစ်တာပဲ"

"မရပါဘူးကျွန်တော်ကြောင့်ဖြစ်တာဆိုတော့ပြန်ပြီးဝယ်ပေးပါရစေ"

အငယ်ကောင်နဲ့အကြီးကောင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးကိုယ်တို့ရှေ့ကငယ်သူငယ်ချင်းကိုတစ်ယောက်ယောက်များဝင်ပူးသွားသလိုမျိုးအထူးအဆန်းဖြစ်ကာကြည့်နေမိသည်။ကိုယ်တွေရဲ့မာန်ဓနအောင်ဆိုတဲ့သူငယ်ချင်းကဘယ်လိုလူမျိုးလဲဆိုတာသိတာကြောင့်အခုပုံစံကအထူးအဆန်းဖြစ်နေသည်။မာန်ဓနအောင်ဆိုတဲ့ကောင်ကသူ့ကိုလာပတ်သတ်သူမှန်သမျှရော၊မတော်တဆသူ့ကတိုက်မိသွာရင်လည်းsorryတစ်ခွန်းပြောပြီးလှည့်မကြည့်ပဲချေမိုးနေသူတစ်ယောက်၊စကားအပြောအဆိုကလည်းအမြဲတမ်းအထက်ဆီးကပြောတတ်သူ၊မျက်နှာထားကတစ်လောကလုံးကိုရှာကျွေးနေတဲ့ရုပ်မျိုးနဲ့ချေနေသူတစ်ယောက်ဖြစ်သည်။အဲ့ကြောင့်မို့သူ့ကို‌ ချေမိုးကုဋေစိုး လို့‌နာမည်ပြောင်ပေးထားတာဖြစ်သည်။အခုလိုမှိုရထားသလိုမျက်နှာမျိုး၊စကားပြောပုံကလည်းလုံးဝကိုသူ့ရဲ့ပုံစံနဲ့ကွဲပြား‌ေနကာအခြားတစ်ယောက်လိုမျိုးဖြစ်နေသည်။

______________________________
ဟေမာန်လည်းတုတ်‌ေကွးဖြစ်‌ေနတာဒီ‌ေန့မှ‌ေပျာက်တယ်။
အခုရာသီကတုတ်ကွေးအဖြစ်များတဲ့ရာသီဖြစ်တာကြောင့်ချစ်လေးတို့လည်းကျန်းမာရေးဂရုစိုက်နော်☺️။မြန်မာနိုင်ငံကြီးလည်းကပ်ဘေးကြီးမှအမြန်ဆုံးလွတ်ကင်းပါစေ🙏။

                                              18.9.2024
                                Love you all 💓 😘

                                          

တောင်ပြာတန်းက‌ေမာင့်ချစ်သူWhere stories live. Discover now