🍀အပိုင်း၁၅🍀

31 1 0
                                    

အတိတ်သို့တူးဆွခြင်း ၁၅

Unicode

"အကြီးကောင်ရာ မင်းကလည်းရောက်ရင်သိမှာပေါ့ကွ"

"ဟျောင်း ဓန မင်းအသက်ရှိသေးလား"

"အမ်....အင်း"

"မင်းဘာဖြစ်နေတာလဲ မင်းရုပ်ကမယားပူမိနေတဲ့ရုပ်မျိုးနဲ့"

"မယားပူမိစရာလား ငါ့လိုရုပ်မျိုးက"

"အဲ့ဆိုဘာဖြစ်နေတာလဲ"

"အိမ်ကဒယ်ဒီလေ ငါ့ကတ်တွေပိတ်လိုက်လို့"

"ဟိုကိစ္စကြောင့်လား"

"အင်း"

"ကဲပါငါ့ကောင်တို့ရာ မင်းတို့စကားပြောမယ်ဆိုရင်နောက်မှပြော အရင်ဆုံးဆယ်တန်း Aဘက်ကိုအမြန်သွားရအောင်"

"အကြီးကောင် အငယ်ကောင်ဘာဖြစ်နေတာလဲ"

"ငါ့လဲမသိဘူးဟေ သူ့ကိုသာမေးကြည့်"

"အငယ်ကောင်ဘာဖြစ်လို့အဲ့ဆယ်တန်းဘက်သွားချင်နေရတာလဲ"

"ဘာဖြစ်ရမလဲ ငါ့မမကြယ်စင်ဆီသွားမို့ပေါ့ကွ"

"‌အော်"

"အော်မနေနဲ့ မင်းတို့၂ကောင်ကြာတယ်ကွာမုန့်စားဆင်းချိန်ကဘယ်လောက်မှမရှိပါဘူးဆို"

"အေးပါကွာအဲ့ဆိုငါလည်းမင်းမမဘယ်လောက်ချောလဲလိုက်ကြည့်အုံးမယ်"

"အေးပါလိုက်ကြည့်လို့ပဲရမယ် ကြွေသွားလို့ကတော့မင်းနဲ့ငါတွေ့မယ်‌ဓန"

"ကြောက်လိုက်တာကွာ  သေးတွေတစ်စက်စက်ပါလို့..ဟား..ဟား"

"‌ဒူတွေတစ်စက်စက်တုန်လို့ပဲ‌ကြားဖူးတာပါ မင်းကျမှ"

"ငါကသူများနဲ့မှမတူချင်တာကွာ သေးတွေတစ်စက်စက်ပါလို့ကမှမင်းကိုပိုကြောက်သလိုဖြစ်တာပေါ့ကွ"

"တော်ကွာသွားမယ်"

"ဟျောင့်ရောက်ပြီ ငါပြမယ် ငါ့မမဘယ်လောက်ချောလဲဆိုတာ"

"အငယ်ကောင် ဟိုတစ်ယောက်ကဘယ်သူလဲ"

"ဘယ်တစ်ယောက်လဲ"

"ပြတင်းပေါက်‌ေဘးအတန်းကတစ်ယောက်လေ"

"ငါလည်းမသိဘူး ကျောင်းသားသစ်နေမှာပေါ့"

"ဟျောင့်ဓန မင်းကစိတ်ဝင်စားနေတာလား"

"စိတ်ဝင်စားစရာလားကွယောက်ျားချင်းကို ငါမေးတယ်ဆိုတာကသူ့ကိုဒီကျောင်းမှာမမြင်ဖူးလို့"

"ငါကမသိပါဘူးမင်းစိတ်ဝင်စားတယ်ထင်လို့"

"အကြီးကောင်မင်း....ဟျောင့်အငယ်ကောင်မင်းမမကြယ်ကိုစကားပြောရင်မြန်မြန်ပြော..ကျောင်းတက်တော့မယ်"

"အေးပါကွာသားရီးရာ..စကားပြောနေတာကိုဖြတ်တဲ့အဖြတ်သမားကောင်"

"ဒီကခွန်လေပြေစိမ်းနော်"

"ဟုတ်ကဲ့ဗျ"

"ကျွန်တော်နဲ့မုန့်သွားဝယ်စားအောင်လေ နောက်ပြီးကျွန်တော်နဲ့သူငယ်ချင်းလုပ်ရအောင်...ကျွန်တော်နဲ့ခွန်လေပြေစိမ်းကလူမျိုးချင်းအတူတူဆိုတော့အားနာစရာမရှိပါဘူး"

"ဟုတ်ကဲ့ဗျ"

"ကျွန်တော်နာမည်ကခွန်စိုင်းလွှမ်းဆိုတော့စိုင်းလို့ခေါ်လို့ရပါတယ်"

"ဟုတ်ကဲ့ဗျ ကျွန်တော်ကိုလည်းလေပြေလို့ခေါ်လို့ရပါတယ်"

"အင်း အဲ့ဆို‌ေလ‌ေပြ ကျွန်တော်နဲသူငယ်ချင်းဖြစ်သွားပြီနော် သူငယ်ချင်းဖြစ်တဲ့အနေနဲ့လေပြေကိုကျွန်တော်မုန့်ဝယ်ကျွေးမယ်"

"မဟုတ်တာ ရပါတယ်"

"မရပါဘူး ကျွန်တော်ဝယ်ကျွေးမယ်သွားရအောင်"

လေပြေစိမ်းလည်းထပ်ပြီးငြင်းရင်မကောင်းတာမို့မငြင်းပဲလိုက်သွားလိုက်သည်။

မာန်ဓနအောင်ကိုယ့်ဘေးနားကဖြတ်သွားတဲ့ပုံရိပ်လေးဆီကရတဲ့ကိုယ်သင်းနံ့လေးကကိုယ့်နှာခေါင်းကိုကလူသွားတော့ကိုယ်ကိုတိုင်မသိလှည့်ပဲနောက်ကိုလှည့်ကာကြည့်မိသွားသည်။

__________________________________

ချစ်တို့ရေအပ်ပုဒိတ်မမှန်တဲ့ရက်တွေအတွက်အစားပြန်ပေးရင်းတစ်ရက်ကို၂ပိုင်းပေးချင်ပေမဲ့‌ေဟမာန်တို့ဘက်မှာအခုလောလောဆယ်ငြိမ်နေတော့အကြွေးတင်နေတဲ့အလုပ်တွေကိုလုပ်နေရတာမအားပေမဲ့မနေ့နဲ့ဒီနေ့ကိုဆက်တိုက်တင်ပေးလိုက်ပြီနော်☺️။ချစ်တို့လည်းဟေမာန်ရဲ့ficကိုဖတ်ပြီးအပြုသဘောအနေနဲ့ဝေဖန်ထောက်ပြပေးပါအုံးဗျ🙂

                                             13.9.2024
                                 Love you all ❣️ 😘

တောင်ပြာတန်းက‌ေမာင့်ချစ်သူWhere stories live. Discover now