🍀အပိုင်း ၁၀🍀

30 1 0
                                    

Unicode

အတိတ်သို့တူးဆွခြင်း ၁၀

ဒေါ်ဓနကြည်မိမိရှေ့ကသားနှင့်ယောက်ျားဖြစ်သူဒီအတိုင်းတာဆိုဒုတိယကမ္ဘာစစ်ဖြစ်မဲ့ကိန်းတွေမြင်နေသဖြင့်ကြားကဝင်ပါမှဖြစ်တော့မည်။

"ဒီလိုလုပ်သားကိုယောက်ျားက၅ထောင်တော့ပေးလိုက်လေ..ကိုယ့်သားမျက်နှာမငယ်အောင်..သားကလည်းတစ်သောင်းကများတယ်..ငါးထောင်ပဲယူဟုတ်ပြီလား"ဆိုပြီးဒေါ်ဓနကြည်မိမိသားကိုမျက်စိမှိတ်ပြလိုက်သည်။

မာန်ဓနအောင် မာမီမျက်စိမှိတ်ပြလိုက်တာကိုသိလိုက်ပြီးခေါင်းညိတ်လိုက်သည် ။မာမီအဲ့လိုမှိတ်ပြတာက'အခုသားဒယ်ဒီငါးထောင်ပေးတာကိုယူ..နောက်မှမာမီမင်းဒယ်ဒီ‌မသိအောင်ထပ်ပေးမယ်'ဆိုတဲ့အနေနဲ့မျက်စိမှိတ်ပြတာဖြစ်သည်။

ဦးမာန်အောင်ကသူ့မိန်းမမျက်စိမှိတ်ပြတာကိုမသိပဲထပ်မငြင်းချင်တာမို့၊ထပ်ငြင်းရင်လည်းသူ့သားနဲ့သူဒီနေ့မပြီးတော့မည်ကိုသိလို့ငါးထောင်ပေးရန်လက်ခံလိုက်တော့သည်။

"ဟိုကောင် မင်းမာမီပြောလို့လက်ခံပေးတာမဟုတ်ဘူးနော်...ထပ်ငြင်းနေလည်းမင်းနဲ့စကားဆက်ပြောရတာငါအသက်တိုမှာမို့လို့လက်ခံပေးလိုက်မယ်ကြားလား"

"ဟုတ်ကဲ့..ကြားပါတယ် ဘောစ်"ဆိုပြီးသူ့ဒယ်ဒီကိုအလေးပြုလိုက်ပါသည်။

ဦးမာန်အောင်သူ့သားကိုဆက်မပြောကြည့်ချင်စိတ်မရှိတော့တာမို့အိမ်ပေါ်တက်နေလိုက်တော့သည်။အိမ်အောက်တွင်ကျန်ခဲ့သောသူ့ရဲ့မိန်းမနှင့်သားတို့မျက်နှာပြုံးနေခဲ့သည်ကိုတော့ဦးမာန်အောင်မသိခဲ့ပေ။

မာန်ဓနအောင်သူ့ဒယ်ဒီအိမ်ပေါ်တက်သွားသည်ကိုမြင်ပြီးခုနကခါးပတ်နဲ့အရိုက်ခံထားရတဲ့နေရာကနာလာရမှန်းသိလာ‌ေတာ့သည်။

"အား..ရို..ရို..နာလိုက်တာမာမီရာ"

"အော်...အခုမှနားရမှန်းသိတယ်ပေါ့။လာ...ကောင်ဆိုးလေးမာမီဆေးလိမ်းပေးမယ်"

မိအေးကျေးဇူးရှင်မိသားစုစကားများနေသည်ကိုကြည့်‌ေနတုန်းအတွေးတွေကအတိတ်ကိုရောက်လာခဲ့တော့သည်။

တောင်ပြာတန်းက‌ေမာင့်ချစ်သူWhere stories live. Discover now