Unicodeအတိတ်သို့တူးဆွခြင်း ၄
"ဟယ် အခုမှ၈တန်းလေးပဲရှိသေးတယ်။ရန်ဖြစ်တဲ့vedioဖိုင်တွေမမြင်ချင်မှအဆုံး..ဒါတောင်ကျောင်းပိတ်ချိန်မို့နည်းသွားသေးတာ၊ကျောင်းဖွင့်ချိန်ဆိုတစ်နေ့တစ်မျိုးမရိုးရဘူး"
"ငယ်ငယ်လေးပဲရှိသေးတယ်..dating newထွက်လိုက်တာဆိုတာမင်းသား၊မင်းသမီးတွေတောင်သူ့လောက်မထွက်ဘူး"
"ရိုင်းတာလည်းအော်စကာဆုတောင်ပေးရမယ်"
"မိဘတွေချမ်းသာသလောက်အောက်ခြေကလည်းလွတ်၊လူတကာအပေါ်မတူသလို၊မတန်သလိုဆက်ဆံတတ်သေးတယ်"
"မျက်နှာထားကလည်း တစ်လောကလုံးကသူ့လုပ်စာကိုထိုင်စားနေတဲ့ရုပ်မျိုး"
"မိဘတွေကမဆုံးမဘူးလားမသိဘူး..သားကရှာလိုက်တဲ့ပြဿနာဆိုတာ၊မိခင်ဖြစ်သူကသားရှာတဲ့ ပြဿနာတွေကို ငွေနဲ့လိုက်ရှင်းနဲ့၊သားအမိနှစ်ယောက်လိုက်လဲလိုက်ပါတယ်။ပိုက်ဆံရှာတဲ့အဖေဖြစ်သူတော့မောပြီးသေယုံရှိမယ်"
"နင်တို့ငါတို့ရဲ့ကလေးကိုအဲ့လိုမပြောနဲ့..နင်တို့အဆင့်နဲ့ပြောဖို့မတန်ဘူး..ရှင်းလား"
"မောင့်ကိုမုန်းတဲ့သူတွေထဲ မမ မပါဘူးနော်...မမက မောင့်ဘက်ကပဲ"
"မာန်ဓနအောင်ကိုထိ ဓားကြည့်နော်..ဟွန်း"
"ငါတို့ကလေးက သူ့ကံနဲ့သူလာတာမို့ မနာလိုမဖြစ်ပါနဲ့ကွယ် အပေါ်ကမောင့်ကိုမကောင်းပြောတဲ့အဘွားကြီးတို့ရေ"
ဦးမာန်အောင်တစ်ယောက် မန့်တွေဖတ်ပြီးအခုထိမနိုးသေးတဲ့သူ့သားကိုဆွဲပြီးလက်တီးနဲ့ထိုးချင်စိတ်တွေတဖွားဖွားပေါက်လာသည်။ဦးမာန်အောင်ကိုယ့်စိတ်ကိုအရင်လျော့လိုက်ပြီးသူ့သားကိုနိုးဖို့မိအေးကိုခေါ်လိုက်သည်။
"မိအေးရေ...မိအေး"
"ရှင်...ဦးလေး"
"ရှင် ကိုနောက်ထားခဲ့... လူအရင်လာခဲ့အုံး"
"လာပါပြီ..ဦးလေး။ဘာခိုင်းစရာရှိလို့လဲရှင့်"
"ညည်း အကိုလေး စက်တော်ခေါ်နေတာမနိုးသေးလို့..သွားနိုးလာခဲ့"
YOU ARE READING
တောင်ပြာတန်းကေမာင့်ချစ်သူ
Romanceမာန်ဓနအောင် "ခင်များက ပိုက်ဆံမက်တဲ့အသပြာဆရာဝန်ဟွန်း..ပိုက်ဆံရရင် ဘာမဆိုလုပ်မဲ့သူစားမျိုးပဲ...ခွန်လေပြေစိမ်း..." . . လေပြေစိမ်း "မင်းမမိုက်ရိုင်းနဲ့ ငါ့ဘာသာ ပိုက်ဆံရလို့ ဘာပဲလုပ်လုပ် မင်းနဲ့မဆိုင်ဘူး။မင်းဒီလိုပြောရအောင် မင်းနဲ့ငါ ဘာဆိုင်လို့လဲ...ပြေ...