🍀အပိုင်း ၁၁🍀

20 1 0
                                    

Unicode

အတိတ်သို့တူးဆွခြင်း ၁၁

မာန်ဓနအောင်သည်သူ့ခြေသလုံးကိုဆေးလိမ်းပေးနေသောမာမီလက်လေးရပ်သွားတာကိုသတိထားမိပြီးနောက်လှည့်ကြည့်ရာမာမီမျက်ဝန်းထဲမျက်ရည်ဝဲပြီးမျက်နှာလေးညိုးနေတာကိုမြင်တော့စိတ်မကောင်းဖြစ်သွားသည်။

မာန်ဓနအောင်ထထိုင်လိုက်ပြီးမာမီလက်ကိုသူ့လက်နဲ့တယုတယကိုင်ကာမနာတော့တာကိုမာမီသိအောင်ပြုံးပြလိုက်သည်။နောက်ပြီးမာမီယုံအောင်ခုန်ပြလိုက်သည်။

"မာမီ သားကိုကြည့်"

"သားမနာတော့ဘူးတွေ့လား...ခုန်တောင်ခုန်နိုင်နေပြီ..ဟီး.."

ဒေါ်ဓနကြည်ထထိုင်လာသောသားကိုကြည့်ပြီးကိုယ့်ရှေ့မှာသားလေးကိုယ့်မျက်နှာညိုးတာကိုသတိထားမိသွားပြီထင်တယ်။သူနာနေတာကိုအံကြတ်ပြီးကိုယ့်စိတ်မကောင်းမဖြစ်အောင်ခုန်ပြနေသည်။သူခုန်ပြတာကသူမနာတော့ဘူးသက်သာနေပါပြီဆိုတဲ့သဘောကိုပြနေပေမဲ့သူခုန်လိုက်တိုင်းနာလို့မျက်နှာရှုံ့မဲ့သွားတာကိုဖမ်းမိပါတယ်။

"အင်းပါ...သားကမနာဘူးသက်သာနေပြီဆိုတာကိုမာမီယုံပါတယ်"ကိုယ့်သားစိတ်မကောင်းဖြစ်မှာဆိုးလို့လိမ်ပြောလိုက်ပါသည်။

"မာမီ..အဲ့ဆိုသားအိပ်ချင်သေးလို့သွားအိပ်တော့မယ်...ခုနကဒယ်ဒီခေါ်လို့ထလာတာ အိပ်ရေးကမဝသေးဘူး"

"အေး..သားအိပ်ချင်သွားအိပ်တော့လေ..မအိပ်သေးခင်မုန့်စားပြီးဆေးသောက်အုံး..မသောက်ရင်ဒဏ်ကြောင့်ဖျား‌နေလိမ့်မယ်"

"ဟုတ် မာမီ အဲ့ဆိုသားသွားအိပ်ပြီ"ခြေထောက်နာနေပေမဲ့သူ့မာမီမရိပ်မိအောင်‌ေနာက်ကိုလှည့်ပြံုးပြပြီးအိမ်ပေါ်ကိုတက်သွားကာအခန်းထဲသို့ဝင်ပြီးကုတင်ပေါ်ပစ်လဲလိုက်သည်။

ကုတင်ပေါ်လဲရင်းသူတွေးနေမိသည်။(အခုတောင်ခြေထောက်ကရပ်လို့ရတာမဟုတ်ဘူး။ခုနကဒယ်ဒီရှေ့မှာနာရမှန်းမသိပဲရပ်ပြီးဒယ်ဒီနဲ့မုန့်ဖိုးရရေးကြိုးပမ်းနေမိတာကိုသူအံ့ဩနေမိတာအမှန်။သူ့အဖြစ်က'သွေးကြောထဲကစွမ်းအင်များ~~ကိုကိုဖန်တီးပေးခဲ့ထားလား သီချင်းအစား သွေးကြောထဲကစွမ်းအင်များ~moneyကဖန်တီးပေးခဲ့ထားလား'လိုတောင်သီချင်းကိုပြောင်း‌ဆိုရမလိုတောင်ဖြစ်နေပြီ။)ဟူး...သက်ပြင်းချပြီးမုန့်စားချင်စိတ်မရှိပေမဲ့ဗိုက်ကဆာလာလို့ထစားကာဆေးမသောက်ချင်လည်းဆေး‌ေသာက်ရအုံးမည်။‌ဆေး‌သောကျရတာ‌သေ‌လောကျ‌အောငျ‌‌ကွောကျ‌ပေမဲ့ဖြားလို့‌ဆေးပါထိုးရရငျ‌သေသှားနိုငျတယျ။‌အဲ့ဒါ‌ကွောငျ့‌ဆေးကို‌‌
‌ေသာက်ပြီးအိပ်‌ေပျာ်သွား‌ေတာ့သည်

~~~~~~~~~~~~~~~

One month later,

ကျောင်းတွင်ဖွင့်ချိန်မို့ လေပြေစိမ်းရန်ကုန်ကိုကျောင်းတက်သွားတော့မည်ဖြစ်သောကြောင့်မှာတမ်းခြွေနေတာဖြစ်သည်။

"ပီအိုက် ရန်ကုန်ရောက်ရင် နောင့်ယိင်းတို့ကိုမမေ့ရဘူးနော်..နောက်ပြီး ကျန်းမာရေးဂရုစိုက်ရမယ်နော်...ဟိုရောက်လို့အဆင်မပြေရင်လည်းဒီကိုပြန်လာခဲ့သိလား...စာလည်းကြိုးစား၊ဆရာဝန်ကြီးဖြစ်ရင်နောင့်ယိင်းတို့ဆီမြန်မြန်ပြန်လာရမယ်နော်"

နန်းဖြူမိမိရှေ့ကလွတ်ယိင်း သူ့ပီအိုက်ကိုအငယ်မှတ်ကာဩဝါဒခြွေနေပုံကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရသည်။မိမိလည်းအခုလိုခွဲပြီးမနေချင်ပေမဲ့ကိုယ်‌ေတွမရှိ‌ေတာ့တဲ့အချိန်ကြရင်သူတို့လေးတွေရဲ့ဘဝရှေ့ရေးကောင်းစားဖို့အတွက်အခုလိုလုပ်ရခြင်းဖြစ်သည်။မိမိရဲ့ကျောက်ဝ်ဖိုကိုကြည့်တော့လည်းတစ်ဖက်ကိုလှည့်ကာမျက်ရည်ဝဲနေသဖြင့်သွားပြီးနှစ်သိမ့်ပေးလိုက်ပြီးမိမိရှေ့ကလွတ်ယိင်းနဲ့လွတ်စိုင်းကိုစကားပြောလိုက်သည်။

(ကျောက်ဝ်ဖို=လင်ယောက်ျား)

"ဟဲ့ နန်းခင်နှင်းဖြူ"

"ရှင် မယ့်မယ့်"

"ဒီနေ့မှာလို့ပြီးမှာလား..ငါမယ့်မယ့်လည်းမှာချင်သေးလို့ပါ"သူမလွတ်ယိင်းကိုရွဲ့ပြီးမေးလိုက်သည်။

"မယ့်မယ့်ကလည်းလွတ်ယိင်းကမယ့်မယ့်အစားရော၊ပေါ့ အစားရောပေါင်းပြီးမှာပေးနေတာပါ..မယ့်မယ့်နဲ့ပေါ့ မောနေမှာဆိုးလို့"

"တကယ်လွတ်ယိင်းအလိမ္မာလေးဟေ့" ပေါ့ကဝင်ပြောသည်။

"ဒါပေါ့ ပေါ့ရဲ့လွတ်ယိင်းပဲဟာ"

"အဲ့ဆိုညည်းကငါ့လွတ်ယိင်းမဟုတ်ဘူးပေါ့ဟုတ်လား"

"အဲ့လိုသဘောမျိုးနဲ့ပြောတာဟုတ်ရပါဘူး..လွတ်ယိင်းကလည်းမယ့်မယ့်ရဲ့
လွတ်ယိင်းပါပဲ..ဟီး"

"မသိပါဘူးငါကညည်းကို‌ချောင်းထဲကကောက်ယူပြီးမွေးစားထားတယ်ထင်နေတာ"

"မယ့်မယ့်ကလည်း..ဟီး"မျက်နှာချို‌ေသွးလိုက်သည်။

____________________
ဟေမာန်ရဲ့ ficကငြိမ့်ငြိမ့်လေးဆိုတော့ဖတ်ပေးတဲ့ချစ်တို့ကဘယ်လိုနေလဲမသိပေမဲ့ဟေမာန်ကတော့အဲ့လိုမျိုးငြိမ့်ငြိမ့်လေးနဲ့တဖြည်းဖြည်းဇာတ်ရှိန်တက်သွားပြီးဖတ်ရတာကိုသဘောကျတယ်😊။ချစ်တို့ကရောficကိုဘယ်လိုမျိုးဖတ်ရတာသဘောကျလဲ☺️။
ဒါဒါလေးတို့ကိုချစ်လို့ခေါ်မယ်နော်😉။
ဟေမာန်ရဲ့ficကိုဖတ်ပေးတဲ့ချစ်တို့‌တစ်ယောက်ဆီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ🙏။
              

                                  29.8.2024
                                Love you all 💗 😘
                            

တောင်ပြာတန်းက‌ေမာင့်ချစ်သူWhere stories live. Discover now