Unicode
အတိတ်သို့တူးဆွခြင်း ၁၉
"အငယ်ကောင်အိမ်ထဲမဝင်ရင်ငါဝင်တော့မယ်...မင်းတို့နှစ်ကောင်ဒီနေ့စကားပြောတာပြီးအုံးမှာလား..ဟိုကောင်ဓနမင်းလည်းမင်းမာမီနဲ့အပြင်သွားရအုံးမှာမလား သွားတော့"
"သွားပြီ မင်းသာအငယ်ကောင်ကိုဆေးတိုက်ဖို့မမေ့နဲ့..အငယ်ကောင်မင်းလည်းဆေးမှန်မှန်သောက်အဲ့မှပိုးသေမှာ...ဟား..ဟား..ဦးလေးသွားရအောင်"
"ဒီခွေးသူတောင်းစားကတော့..."
"မာမီသားရောက်ပြီ"
"အွန်း သားရေချိုးအဝတ်အစားလဲပြီးအောက်ဆင်းလာခဲ့...သွားရအောင်"
"ဟုတ်ကဲ့ပါဗျမွ"
"မာမီသားပြီးပြီ"
"အင်း...မင်းဒယ်ဒီကအခုေလးတင်အလုပ်ကိစ္စပေါ်လာလို့မလိုက်တော့ဘူး မာမီတို့ပဲသွားရအောင်"
"ဟုတ်"
"ကြည်တို့ရောက်လာပြီလား...လာ အိမ်ထဲဝင်"
"ကိုယ်တို့လာတာနောက်ကျသွားတယ်မာယာရေ"
"အရမ်းကြီးနောက်မကျပါဘူးကြည်ရဲ့ ထိုင်အုံး...အပူလားအအေးလား"
"ကိုယ်တို့ကဘာဖြစ်ဖြစ်ရပါတယ်"
"ဟုတ်ပြီ...မိပုရေ အအေးဖျော်ခဲ့ပေးပါအုံး...ကိုယ်ကကြည်တို့မိသားစုလိုက် လာမယ်ထင်နေတာ"
"အစကတော့မိသားစုလိုက် လာမလို့ပဲ...လာခါနီးအလုပ်ကိစ္စပေါ်လာလို့အမျိုးသားကနေခဲ့လိုက်တာေလ..အဲ့ဒါနဲ့ကြည်တို့သားမိပဲလာခဲ့လိုက်တာ"
"နောက်တစ်ခေါက်ကျမိသားစုလိုက် လာခဲ့ပေါ့ကြည်ရယ်...ဒီဘက်ကကြည်ရဲ့သားလား ...သားကအချောလေးပဲ"
"ဟုတ်တယ်မာယာရဲ့..သားမိတ်ဆက်လိုက်ပါအုံး"
"ကျွန်တော်နာမည်ကမာန်ဓနအောင်ပါဗျ"
"သားရဲ့အသက်ကဘယ်နှနှစ်ရှိပြီလဲ"
"သားက၁၄နှစ်ပါဗျ"
"အဲ့ဆိုအယ်တီသမီးလေးနဲ့သားကအသက်အတူတူပဲ ..သားကလူကောင်ထွားပြီးချောချောလေးဆိုတော့ကျောင်းမှာဝိုင်းဝိုင်းလည်နေမှာပဲ"
"အဲ့လောက်လဲမဟုတ်ပါဘူး ဟီး.."
"မာယာသမီးလေးလဲမတွေ့ပါ့လား"
"ဟော ဟိုမှာလာပါပြီ...သမီးထိုင်"
"ဟုတ်ကဲ့မာမီ"
"သမီးကိုမိတ်ဆက်ပေးရအုံးမယ် ဒီအယ်တီကမာမီရဲ့ငယ်သူငယ်ချင်းဒေါ်ဓနကြည်တဲ့..ဒီဘက်ကေတာ့အဲ့အယ်တီရဲ့သားမာန်ဓနအောင်တဲ့"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ရှင့်"
မာန်ဓနအောင်ကိုယ်ရှေ့ကဆေးဆိုးပန်းရိုက်ထားသလိုမျိုးလိမ်းခြယ်ထားတဲ့ကောင်မလေးကိုကြည့်ပြီးဟိုအကိုကမှဘာမှမလိမ်းခြယ်ထားတာတောင်မိန်းကလေးရှုံးလောက်အောင်လှတယ်ဆိုပြီးမစီမဆိုင်တွေးမိတော့ 'မာန်ဓနအောင် မင်းဘာဖြစ်နေတာလဲ။ဘာလို့အဲ့အကိုအကြောင်းကိုပဲတစ်နေ့လုံးတွေးမိနေတာလဲ။မင်းကအဖြောင့်နော် အဖြောင့်'ဆိုပြီးကိုယ့်အတွေးတွေကိုကိုယ်သတိပေးလိုက်တယ်။
"ဟဲ့သား သမီးကိုဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ"
"ဗျာ...ဒီတိုင်းလှလို့ပါ"
"ကြည်ရဲ့သားကတော့ပွင့်လင်းတယ်နော် ဒီမှာ မာယာရဲ့သမီးရှက်နေပြီ"
"မာမီကလည်း..."
သံစဉ်အိမ်ကိုယ့်ကိုကြည့်နေသောလူချောလေးကြောင့်ရှက်ကာရင်ခုန်နေမိတယ်။
___________________________
ဟေမာန်ပျက်ကွက်ခဲ့တဲ့ရက်တွေအတွက်ဒီရက်ပိုင်းဆက်တိုက်တင်ပေးမယ်နော်။ဟေမာန်တို့ဘက်မှာအရင်ရက်တွေကစစ်ကြောင်းကျလို့ပြေးနေရတာရော၊အိမ်တွင်းပြသာနာတွေေရာ၊အလုပ်ကိစ္စတွေရောကြောင့်မို့မတင်ပေးဖြစ်လို့တောင်းပန်ပါတယ်။စိတ်ဓာတ်တွေကျနေပေမဲ့ဟေမာန်ficကိုအဆုံးထိရေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ချစ်တို့လည်းဆက်ပြီးအားပေး ပေးပါအုံးနော်။
သီတင်းကျွတ်လပြည့်အခါသမယလေးမှာချစ်တို့လည်းစိတ်၏ချမ်းသာ၊ကိုယ်၏ချမ်းသာခြင်းတို့နဲ့ပြည့်စုံကြပါစေ၊စစ်ဘေး၊ရေဘေး ကပ်ဘေး၊ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ။
17.10.2024
Love you all 💓 😘
YOU ARE READING
တောင်ပြာတန်းကေမာင့်ချစ်သူ
Romanceမာန်ဓနအောင် "ခင်များက ပိုက်ဆံမက်တဲ့အသပြာဆရာဝန်ဟွန်း..ပိုက်ဆံရရင် ဘာမဆိုလုပ်မဲ့သူစားမျိုးပဲ...ခွန်လေပြေစိမ်း..." . . လေပြေစိမ်း "မင်းမမိုက်ရိုင်းနဲ့ ငါ့ဘာသာ ပိုက်ဆံရလို့ ဘာပဲလုပ်လုပ် မင်းနဲ့မဆိုင်ဘူး။မင်းဒီလိုပြောရအောင် မင်းနဲ့ငါ ဘာဆိုင်လို့လဲ...ပြေ...