🍀အပိုင်း-၂🍀

48 1 0
                                    

Unicode

အတိတ်သို့တူးဆွခြင်း ၂

"ဟဲ့ နန်းခင်နှင်းဖြူ ညည်းအိပ်ရာကထမှာလား မထဘူးလား။နောက်မှငါ့အဆိုးမဆိုနဲ့"

"ဘယ်နှယ့် မိန်းကလေးဆိုပြီး ရိုးရိုးအေးအေးနဲ့ဖြူဖြူစင်းလေးဖြစ်အောင်ဆိုပြီး နန်းခင်နှင်းဖြူလို့နာမည်ပေးထားတာကို သင်း(ဒင်း)က နာမည်‌နှင့်မလိုက်အောင် ဘာမှမဟုတ်တဲ့ကားတွေကြည့်ပြီးယောင်နေလိုက်တာများ"

လေပြေစိမ်းကတော့ မယ့်မယ့် ဒေါသထွက်နေပုံကိုကြည့်ပြီးစိတ်ထဲမှ နောင့်ယိင်း အတွက် ဆုတောင်းပေးလိုက်မိသည်။

(နောင့်ယိင်းရေ အမျှ အမျှ အမျှ ဆိုပြီးပါးစပ်ကတော့ ထုတ်မပြောဖြစ်ပေ၊ထုတ်ပြောလို့လဲမရဘူးလေ။ထုတ်ပြောမိရင် နောင့်ယိင်းအတွက်တုတ်က ကိုယ့်အတွက်ဖြစ်သွားနိုင်တယ်မို့။)စိတ်ထဲကပြောနေပေမဲ့ ဘေးနားကမယ့်မယ့်က်ုကြည့်လိုက်တော့

"အော်...ငါပြောတာကိုမကြားပဲ ခုထိယောင်လို့ကောင်းနေတုန်း ကဲဟာ..."

ဖြန်း...ဖြန်း..ဖြန်း

၃ချက်လောက် တင်ပါးကို ရိုက်လိုက်တော့ နန်းခင်နှင်းဖြူတစ်ယောက်မထချင် ထချင်နဲ့တင်ပါးကိုပွတ်ပြီးထလေတော့သည်။

"ဗြဲ...နာလိုက်တာ မယ့်မယ့်ရာ"

"မိန်းကလေးဖြစ်ပြီး အသံပြဲကြီးနဲ့ ငိုနေတာ မရှက်ဘူးလား"

"ဗြဲ...မရှက်ပါဘူး။ကိုယ့်ပါးစပ်နဲ့ငိုတာ သူများပါးစပ်နဲ့ငှားပြီးငိုတာမှမဟုတ်တာ"

"ပြောပါအုံး ညည်းကြည့်‌ေနတဲ့blဆိုလားbgဆိုလားအဲ့ဒါဘာများကောင်းလို့ကြည့်နေတာလဲ"

"Blပါ မယ့်မယ့်ရာ။ဘာကောင်းလဲဆိုတော့အဆင်တွေအများကြီးကိုငမ်းလို့ရတယ်လေ ဟိ.."

"အဆင်ဆိုတာဘာကိုပြောတာလဲ"

"အဆင်ဆိုတာက ရုပ်ချောချောကောင်းလေးကိုပြောတာပါ ။blကအရမ်းကောင်းတာနော် မယ့်မယ့်မကြည့်ဘူးလို့ ကြည့်ဘူးရင် ဆေးစွဲသလိုစွဲသွားမယ်၊ဖြတ်ဖို့အရမ်းခက်တယ်ဆိုသိလား။ကြည့်မလား မယ့်မယ့် လွတ်ယိင်းပြမယ်လေ"

တောင်ပြာတန်းက‌ေမာင့်ချစ်သူWhere stories live. Discover now