🍀အပိုင်း၆🍀

23 1 0
                                    

Unicode

အတိတ်သို့တူးဆွခြင်း ၆

မာန်ဓနအောင်တစ်ယောက် အိပ်ချင်မူးတူးရုပ်နဲ့ တံခါးဖွင့်ပြီး မိအေးကိုပြောလိုက်သည်။

"အေး ...ငါခနနေဆင်းခဲ့မယ်လို့ပြောလိုက်"

"ဟို..ဟို ဦးလေးကအခုချက်ချင်း လာခဲ့လို့ပြောလိုက်လို့ပါ"

"ဟာကွာ...ကောင်းပြီ။ နင်ရှေ့ကသွား ငါနောက်ကလိုက်ခဲ့မယ်"

မာန်ဓနအောင် အလိုမကျစွာနဲ့ ခေါင်းကဆံပင်တွေကို ထိုးဖွလိုက်သည်။

"ဟုတ်...ဟုတ်ကဲ့"

(အကိုလေးကသူ့လက်နဲ့ခေါင်းကဆံပင်တွေထိုးဖွနေပုံကအရမ်းမိမိုက်လွန်းနေသဖြင့်
မိအေးငေးနေမိသည်။ မိအေး ကိုယ့်အကိုလေးမို့ကြွားပြောတာ မဟုတ်ပါ။

နှာတံစင်းစင်း၊ မျက်ခုံးကကောင်းကောင်း၊ မျက်လုံးကလူတစ်ယောက်ကိုအကြည့်နဲ့တင်သေစေနိုင်ပြီးစူးရှတောက်ပတဲ့မျက်လုံး၊မျက်နှာပေါက်က ယောကျ်ားဆန်ကာချောပြီးအသားအရေကအရမ်းဖြူတဲ့ဘက်မရောက်ပေမဲ့အသား‌အရေကြည်ကာဝင်းတဲ့ဘက်ရောက်သည်။ အသက်က၁၄နှစ်ဆိုပေမဲ့အရပ်က၅ပေ၈လက်မရှိပြီး ခန္ဓာကိုယ်ကအမြဲGymအမြဲဆော့တော့တောင့်တောင့်ဖြောင့်ဖြောင့် မိအေးဖတ်နေတဲ့ficတွေထဲကလိုseme typeကြီး။အကိုလေးရဲ့ခေါင်းအစခြေအဆုံးပြောရရင် ကိုရီးယားမင်းသားလီမင်ဟိုအတိုင်း၊နောက်ဥပမာထပ်ပေးရရင် မိအေးအခုခိုးကြည့်နေတဲ့Blဇာတ်ကား The Rebound ထဲကRyuအတိုင်းပဲ..ဟိ )ဆိုပြီးစိတ်ထဲကပြောနေတာကိုပါးစပ်ကပါအသံထွက်သွားတော့အကိုလေးကကြည့်ပြီး

"မသွားတော့ဘူးလား...ဘာတွေတွေးလို့ မျက်နှာကပြုံးဖြီးနေရတာလဲ"

"အယ်...ဘာမှမဟုတ်ပါဘူး အကိုလေး ဟီး.."ဆိုပြီးမိအေးရီပြလိုက်သည်။ အဲ့ဒါကိုအကိုလေးက

"အရှေ့ကဖယ်တော့...နင်လုပ်နေတာနဲ့ ကြာနေပြီ။တော်ကြာ ကြာလို့စိုပြီး ဒယ်ဒီက ခါးပတ်နဲ့တက်လာရင် ပြေးပေါက်မှားနေမယ်"

"ဟုတ်..ဟုတ်"ဆိုပြီးမိအေးဘေးဖယ်ပေးလိုက်သည်။

"မိအေး နင်ဆိုသည်မှာလဲblကားတွေအကြည့်များပြီးနင့်နာမည်ကို မိအေးကနေ မှောင်အေးဆိုပြီးပြောင်းလိုက်တော့"ဆိုကာမာန်ဓနအောင်ပြောရင်းအောက်ကိုဆင်းခဲ့လိုက်သည်။

"အယ်..ငါblကားကြည့်တာ အကိုလေး ဘယ်လိုသိတာလဲ။ဒုက္ခပဲ အကိုလေးတာ ဦးလေးကိုတိုင်ရင် ငါတော့သေပြီ"ဆိုကာခေါင်းတကုတ်ကုတ်နဲ့အောက်ထပ်ကိုဆင်းလာခဲ့တော့သည်။

"အော်...နိုးလာပြီပေါ့လေ ခွေးသား"

"ဟီး...ဒယ်ဒီကလည်း သားကခွေးသားမဟုတ်ပါဘူး၊ ဒယ်ဒီသားပါ။ဒယ်ဒီကခွေးသားပြောတော့ဒယ်ဒီကဘာဖြစ်သွားပြီလဲ"

"အဲ့ဆို ငါပါခွေးဖြစ်သွားပြီပေါ့.. အယ်..တိတ်စမ်း!ခွေးမသား"

ဟား....ဟား

"မင်းရီမနေနဲ့ မင်းကို ဆုံးမဖို့ခေါ်လိုက်တာ။ရီဖို့ခေါ်လိုက်တာမဟုတ်ဘူး"

"ဟုတ်ကဲ့"ဆိုပြီးမျက်နှာပိုးသတ်ကာမျက်နှာလေးငယ်ပြတော့သည်။

"ကိုမာန်အောင်!"

"ဘာလဲကွာ..မင်း ရှေ့ကနေဝင်မပါ‌နဲ့လို့ ငါပြောထားတယ်နော်"

"ရှင်သားကို ဆုံးမသာ ဆုံးမပါလား။ဘာကိစ္စ ခွေးမသားလို့ဆဲလဲ!..ရှင်က အဲ့လိုဆဲတော့ကျွန်မဘာဖြစ်သွားပြီလဲ"

"အေးပါကွာ..ငါတောင်းပန်ပါတယ်"

မာန်ဓနအောင်ကိုယ်ရှေ့မှာမာမီနဲ့ဒယ်ဒီစကားများနေတာကိုနားထောင်ပြီးအသံတိတ်ရီနေလိုက်ပါသေးသည်။

"ဟို ခွေးကောင်"

"ဗျာ ဒယ်ဒီ"

"မင်း အသံတိတ်ရီမနေနဲ့ ..မင်းလုပ်ပုံကောင်းလား"

___________________________
___________________

ဒီနေ့တော့ရေးတာနည်းသွားတယ်ဟီး😁
လူကဖျားနေတာ😔ဒါဒါလေးတို့များဟေမာန် Ficကိုစောင့်နေမလားဆိုတဲ့စိတ်နဲ့နေမကောင်းတဲ့ကြားကရေးထား‌တာ။ဟေမာန်ကိုကြယ်လေးနှပ်ပြီးအားဆေးလေးပေးလိို့ရပါတယ်‌ေနာ်😁
နောက်နေ့ကျများများရေးပေးပါ့မယ်ဗျ😁
‌ဟေမာန်ရဲ့အိမ်သားလေးတွေကိုချစ်ပေးပါအုံးနော်☺️။ဒါဒါလေးတို့လဲကျန်းမာရေးဂရုစိုက်ပါနော်။ဟေမာန်ရဲ့ Ficကိုဖတ်ပေးလို့တစ်ယောက်ဆီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ🙏။

11.8.2024
Love you all 💕😘

တောင်ပြာတန်းက‌ေမာင့်ချစ်သူWhere stories live. Discover now