🍀အပိုင်း ၁၃🍀

23 1 0
                                    

Unicode

အတိတ်သို့တူးဆွခြင်း ၁၃

"ဟုတ်ကဲ့တီလေး ကျေးဇူးတင်ပါတယ်ဗျ"

လေပြေစိမ်းကိုယ့်နေမယ့်အခန်းထဲဝင်သွားပြီးကုတင်ပေါ်လှဲလိုက်ကာအတွေးနယ်ချဲ့နေတော့သည်။တီလေးကသဘောကောင်းပြီးဖော်ရွေတယ်။ဦးလေးကသဘောကောင်း‌တဲ့ပုံ‌‌ေပါ်ပြီးအနေအေးတယ်။နောက်တစ်ယောက်ဆိုတာကတီလေးသား၊ဘယ်လိုပုံစံမျိုးလည်းမသိပေမဲ့တည်အောင်တော့နေတတ်ပါသည်။လေပြေစိမ်းဆက်တွေးမနေတော့ပဲကုတင်ပေါ်မှထပြီးရေချိုးခန်းထဲဝင်ကာရေချိုးလိုက်တော့သည်။

"ဟယ် သားပြန်ရောက်ပြီလား"

"ဟုတ်မေမေ"

"အလုပ်ကပိတ်တာလားသင်တန်းရောမရှိဘူးလား"

"ဒီနေ့အလုပ်ရောသင်တန်းရောပိတ်တယ်လို့လမ်းမှာဖုန်းဆက်ပြောလို့သားကပြန်လာလိုက်တာ"

"အင်း..‌ေအာ်..‌.သားကိုပြောဖို့မေ့နေတယ်..မေမေအမရဲ့သားဒီကိုကျောင်းတက်ဖို့ရောက်နေတယ်..သားနဲ့တောင်မိတ်ဆက်ပေးဖို့ကိုသားကညနေမှရောက်မယ်ဆိုလို့ညနေကျမှမိတ်‌ဆက်ပေးဖို့‌လုပ်နေတာ"

"ဟုတ်မေမေ... ဖေဖေရော"

"‌သားအဖေက..ဟောကြည့်ပြောတောင်မပြောရသေးဘူးသားအဖေအသက်ရှည်အုံးမယ်ဟိုမှာလာနေပါပြီ"

"သားပြန်ရောက်ပြီလား"

"ဟုတ်ကဲ့..ဖေဖေလမ်းလျှောက်ထွက်နေတာလား"

"အင်းဟိုနားဒီနာ..ဖေဖေရေတက်ချိုးလိုက်အုံးမယ်ချွေးတွေထွက်နေလို့"

"ဟုတ်ကဲ့"

"သားလည်းအပေါ်တက်နားတော့လေ...သားညီလေးကိုသားအခန်းရဲ့ဘေးအခန်းကိုပေးထားတယ်"

"ဟုတ်မေမေ..အဲ့ဆိုသားဝင်နုတ်ဆက်လိုက်ပါ့မယ်"

"အင်း..ခနနေ‌မေမေတို့မနက်စာစားတော့မှာမို့သားကညီလေးကိုခေါ်ပြီးအတူတူဆင်းလာခဲ့လိုက်နော်"

"ဟုတ်မေမေ"

စစ်သွေးမာန်အိမ်ပေါ်တက်တော့မေမေကဘာလို့ကိုယ့်အခန်းရဲ့‌ေဘးအခန်းကိုပေးတာလဲဆိုတာမေးချင်ပေမဲ့မေမေနဲ့ဖေဖေရဲ့ကျေးဇူးတွေကကိုယ့်အပေါ်ဘယ်လောက်များလဲ ဆိုတာကိုယ့်သာအသိဆုံးမို့မမေးတော့ပဲကိုယ့်အခန်းရဲ့ဘေးနားအခန်းတံခါးကိုခေါက်လိုက်သည်။

ဒေါက်...ဒေါက်...ဒေါက်

လေပြေစိမ်းရေချိုးခန်းကထွက်လာကာတံခါးခေါက်တံကြားတော့တဘက်ကိုခန္ဓာကိုယ်အပေါ်ရောအောက်ရောသေချာပတ်ကာတံခါးဖွင့်ပေးလိုက်သည်။စစ်သွေးမာန်တံခါးကိုလာဖွင့်ပေးသောကောင်လေးကိုကြည့်ပြီးခန္ဓာကိုယ်ထဲကသွေးတွေအထက်အောက်ပြောင်းပြန်ဆန်ကာအသက်ရှုတောင်ရပ်မိတယ်။ကောင်လေးပုံစံကအသားဖြူဖြူအရပ်က၆ပေလောက်ရှိပြီးခန္ဓာကိုယ်လေးကသွယ်သွယ်၊အကြည့်ကလမိုက်ညကကန်ရေပြင်လို့တည်ကြိမ်ပြီးမျက်လုံးလေးကသောကြာဂြိုလ်လို့လင်းလက်လျက်၊မျက်နှာပေါက်ကသွယ်သွယ်၊ဆံပင်တွေကလည်းခေါင်းလျှော်ထားပုံထင်တယ်။ဆံပင်ပေါ်တွင်တွဲခိုနေသောရေစက်လေးတွေ၊မျက်နှာပေါ်ကရေစက်လေးတွေ၊ခန္ဓာကိုယ်တွင်ပတ်ထားသာသဘတ်ကလည်းအကုန်မလုံဗိုက်သားလေးတွေတောင်ပေါ်နေတယ် ။‌

စစ်သွေးမာန်လေပြေစိမ်းရဲ့ခန္ဓာကိုယ်ကိုခေါင်းအစခြေအဆုံးကြည့်ပြီးစိတ်ထဲကနေတော်တော်လှသည်။ယောက်က်ျားလေးကိုလှတယ်ပြောမရပေမဲ့အခုသူ့ရှေ့မှာမြင်နေရတဲ့ကောင်လေးကမိန်းကလေးတွေထက်အဆ၁၀၀မကပိုလှကာနတ်ပြည်ကဆင်းလာတဲ့နတ်သားကလူသားအသွင်ပြောင်းထားသလားလို့တောင်မေးယူရမည်။အခုကြည့်နေရင်းတောင်ကောင်လေးရဲ့မျက်နှာလေးကတဖြည်းဖြည်းရဲလာကာတော်တော်ချစ်ဖို့ကောင်းသည်။

__________________________

ဟေမာန်ရဲ့ficကိုဖတ်ပေးတဲ့ချစ်တို့‌တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ🙏။
လေပြေစိမ်းရဲ့ပုံစံလေးက Love sea ဇာတ်ကားထဲကPeat Wasuthorn Chaijindar ရဲ့ပုံစံလေးလို့မြင်ပြီးဖတ်ကြည့်ပေးလို့ရပါတယ်ဗျ🙂။ဟေမာန်ကခုမှစရေးတာဆိုတော့ဇာတ်‌ေကာင်‌ေတွရဲ့ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်‌ေတွ‌ေရးတာလိုအပ်ချက်ရင်ချစ်တို့ကဖြည့်‌ေတွးပြီးဖတ်‌ေပးဖို့‌‌ေမတ္တာရပ်ခံပါတယ်ဗျ☺️။‌ေနာက်တစ်ခုက coverရောဇာတ်ကောင်တွေရဲ့ပုံ‌တွေကိုမဆွဲတတ်သေးဘူးဗျ😁။ဒါပေမဲ့ဆွဲတက်အောင်ကြိုးစားနေပါတယ်ဗျ😊။ဆွဲပြီးတဲ့အချိန်ကျရင်ချစ်တို့ကိုပြပေးမယ်နော်😉။Charater Introduction မှာပြပေးထားတဲ့ပုံတွေကPinterestထဲကရှာပြီးအနီးစပ်ဆုံးရှာပြီးပြပေးထားပါတယ်ဗျ။ပုံတွေအတွက်crd ပေးပါတယ်ဗျ။ချစ်တို့လည်းကျွန်တော်ရဲ့အိမ်သားလေးတွေကိုချစ်ပေးကြပါအုံးနော်😍။
ချစ်တို့ကကျွန်တော်ရဲ့ficလေးကိုဖတ်ပြီး‌ေအာက်မှာရှိတဲ့👇ကြယ်လေးနှိပ်ပေးခြင်းဖြင့်အားဆေးလေးပေးပါအုံးနော်😘။
                                      5.9.2024
                                   Love you all 💘 😘

တောင်ပြာတန်းက‌ေမာင့်ချစ်သူWhere stories live. Discover now