Happy (End)

49 16 1
                                    

လက်တွေ တွဲထားတဲ့အခါ ပို မြဲမြံလာမယ်။
လုံခြုံလာမယ်။
ပျော်ရွှင်လာမယ်။
အကြောင်းတရားဟာ ချစ်ခြင်းမေတ္တာပါပဲ။

မနက်လင်းတာနဲ့ ချစ်တဲ့စိတ်ကို အရင်မွေးရတယ်။
အတူရှိတာကိုသိပြီး နွေးရတယ်။
ဘေဘီရေ
ကိုယ်တို့တွေ မခွဲ မခွာပါပေါ့။

သုံးနှစ်ကြာ ကွာဝေးပြီးမှာ ပြန်နီးစပ်၊ ပိုတိုးပြီး ရစ်ချည်ထားတဲ့ ကြိုးကလေး။ ပြီးခဲ့သော နှစ်တွေအစား အတိုးချ ချစ်ဖို့ပါပဲ။
အိပ်မက်ဆိုးတစ်ခုလို၊ ဆုံးရှုံးရမှာ ကြောက်သလို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတဲ့ လက်တွေအတွက် တစ်သက်လုံး ထွေးပွေ့ရဦးမယ်။ နှစ်သိမ့်ရဦးမယ်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"ဦး သဘောမတူနိုင်ဘူး"

"ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် ရဲ့ ဇာတ်လမ်းကို ဟိုး သုံးနှစ်ကတည်းက ပြီးခဲ့ပြီပဲ မဟုတ်လား"

"ကျနော် ဝမ်ရိပေါ် ကို တကယ် ချစ်ပါတယ်"

‌အချစ်သာရှိရင် ပြည့်စုံပြီဆိုတဲ့ ပေါ့ဆ မိခဲ့သမျှတွေ။ အုပ်ထိန်းသူလည်းဖြစ် သူ့ကျေးဇူးရှင်လည်းဖြစ်မဟုတ်လား။

"သားတို့ ဇာတ်လမ်းကို ပြီးတဲ့အတိုင်း ရှိပါစေတော့။ မဟုတ်ရင်တောင် ကွာရှင်းတာလုပ်ဖို့ ဉီး ပြောတော့မလို့"

"ကျနော်တို့ အကောင်းဆုံးနေမှာပါ။
ဝမ်ရိပေါ် နဲ့ ခွင့်ပြုပေးပါ"

"ဘာလို့ ခွင့်ပြုပေးရမလဲ။
ယောက်ျားချင်း လက်ထပ်တယ်။

အဲ့ဒီထိ သည်းခံနိုင်သေးတယ်။ အမုန်းဆုံး၊ အရွံဆုံးအလုပ်ကို မလုပ်ဖို့ ခွင့်ပြုပေးခဲ့တာ

မင်းကတော့ ပညာတတ်ကောင်လေးမို့
ဝမ်ရိပေါ် ကို ထိန်းသိမ်းနိုင်မယ် ထင်လို့ပဲ

အလိုလိုက်ဖို့ မဟုတ်ဘူး"

"ဝမ်ရိပေါ် က ဘယ်လိုပုံစံမှာ ပျော်တယ်ဆိုတာရော ဦး စဉ်းစားပေးဖူးရဲ့လား"

"ပျော်တာလား
အပျော်အပါး မက်တာလား

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သူများအသုံးတော်ခံ အလှပြနေတာမျိုး ငါ အထင်မကြီးဘူး။
လက်လည်း လက်ခံမပေးနိုင်ဘူး"

Esperanza (Hope)Where stories live. Discover now