Episode (1)

85 3 0
                                    

လူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ဆန်းကြယ်တဲ့ လောကကြီးဆိုတာ အခေါ်အဝေါ်သက်သက် မဟုတ်ဘူးပဲ ဒါတွေကိုလက်တွေ့မသိချင်ကတော့ ချစ်တယ်ဆိုပြည့်စုံပီ ရွေးချယ်နိုင်ရမယ်လို့ထင်မိတယ် ပြောရင် ခင်ဗျားတို့က ကလေးအတွေးတွေဆိုပီးလှောင်ရယ်နေမလား ရယ်ရတယ်ဗျ သိလား ရယ်ရတယ် လောကကြီး‌မှာနေတာ ကြာလာလေ အရာရာက ဟာသတွေလိုပဲ ဟားတိုက်‌ရယ်နေရတယ်

အစပိုင်းတော့ လူတိုင်းရဲ့ဦးစားပေး လူတိုင်းရဲ့ရွေးချယ်စရာတိုင်း ပထမလို့ထင်ခဲ့တာ တကယ်ရယ်ရရတာ ဂရုမစိုက်တဲ့သူတွေ အားလုံးရဲ့ ရွေးချယ်မှုမှာ ငါဆိုတာဟာ ပထမပေမဲ့ ငါဂရုစိုက်ပါတယ်ဆိုတဲ့ လူတွေရဲ့ရွေးချယ်မှုမှာ ငါဟာ ဒုတိယဖြစ်ခဲ့ရတယ်တဲ့ အမှန်တရားကို လက်ခံပေးရတာ ခံရခက်လိုက်တာ ချစ်တာတော့ နင်ပေမယ့် ‌ရွေးချယ်တော့ကျ ငါမဟုတ်ရတာ ဘယ်လို‌ခွေးစကားကြီးလဲ တာဝန်တွေ ဝတ္တရားတွေလား ထားလိုက်ပါ ရူးကြောင်ကြောင်နဲ့ လျှာရိုးမရှိတိုင်း အကြောင်းပြချက်အနေနဲ့ သုံးတဲ့စကားတွေက ငါ့အတွက် က လူရွှင်တော်ပြတ်လုံးထက်ပိုရယ်ရလွန်းလို့ပါ

စီးကရက် နဲ့ မိန်းကလေးဆိုတာ မအပ်စပ်ဘူးဆိုတာသိတယ် အဲ့တော့ဘာလုပ်ရမလဲ မအပ်စပ်ဘူးဆိုတိုင်း မသောက်ရဘူးလား သူဟာသူ ကျယ်‌ကျယ်ဝန်းဝန်းရှိတဲ့လောကကြီး‌ကို သူတို့မျက်လုံးပေါက်ကျဉ်းကျဉ်းလေးနဲ့ကြည့်ပီး ဘောင်ခတ်ပစ်တဲ့ လူတွေရဲ့ အဆိုတွေ ဦးနှောက်ရှိပီး တွေးချင်ရာတွေးပီးမှန်တယ်ထင်တဲ့ ဦးနှောက်တွေ

"ဟင်းးး"

အိပ်ယာကနိုးတာနဲ့ ဘေးက ဖုန်းကိုလှမ်းဆွဲရင်း နာရီကိုကြည့်တော့ 9နာရီ 4မိနစ် တနေရာကို စာပို့ရန် လက်ပြင်ပီးမှာ တခုခုကို သတိရကာ ဖုန်းကိုပြန်ပိတ်ရင်း မျက်လုံးတွေပြန်မှိတ်ထားလိုက်သည် နောက်သူ တစ်ယောက်ထဲ တီးတိုးပြောခြင်းအလုပ်ကိုလုပ်သည်

'နင်ပေးခဲ့တဲ့ အကျင့်တွေက ငါ့ဆီမှာမပျောက်သေးဘူးပဲ နင်ပဲပျောက်သွားခဲ့တာ ငါ့ဘဝမှာ နင်ကလွဲပီး နင်နဲ့ပတ်သတ်တာတွေကျ အကုန်ကျန်နေခဲ့တယ်လွမ်းတယ် သတိရတယ် ချစ်တယ် တပြိုင်နက် နင့်ကို မုန်းတယ် စိတ်နာတယ်'

They Fell First, I Fell HarderWhere stories live. Discover now