Episode (15)

14 1 0
                                    

အစ်မ ရဲ့ရုတ်တရက်စကားမှာ ပြောစရာစကားတို့ကျပျောက်‌ခဲ့ရသည် ဒါဟာ ဘာလဲ အစ်မကဝန်ခံတော့မှာလား မဖြစ်ဘူး မဖြစ်ဘူးလေ အစ်မကဝန်ခံလို့မရဘူး ဖွင့်မပြောပါနဲ့ အစ်မကို ဒီတိုင်းရှိနေဖို့ဆို အစ်မကိုဖွင့်မပြောအောင်တားမှဖြစ်မယ်

"အကြောင်းပြချက်ကရှိစရာ မရှိတော့ဘူး အဲ့လိုအရူးအလုပ်ထပ်မလုပ်ဘူး"

"တကယ်လို့ပါ တကယ်လို့များလိုအပ်လာခဲ့ရင် အစ်မ.."

"မလိုအပ်ဘူးလို့ပြောပီးပီလေ အစ်မရယ် ဘာလုပ်ဖို့လုပ်ရမှာလဲ"

"ခွန်းက အခု ခဲယဉ်းနားကိုပြန်ရောက်လာနေပီမလား လိုရင်လိုလာမှာပေါ့ ခဲယဉ်းထပ်မှားလို့မဖြစ်ဘူးနော်"

"မဟုတ်ပါဘူးဆို သစ်ခက် အစ်မကို ဘာတွေပြောထားလဲမသိပေမဲ့အစ်မတို့နှစ်ယောက်လုံးထင်တာတွေမဟုတ်ဘူး ခဲယဉ်းအနားကိုသူရောက်နေတာမှန်တယ် ဒါပေမဲ့သူငယ်ချင်းလိုပဲ ကူညီကြရုံ သူနဲ့ဘယ်တော့မှ ပြန်မတွဲဘူးပြောပီးသားပဲကို"

"ခဲယဉ်းက အဲ့လိုဆိုပေမဲ့သူ့ဘက်က အဲ့လိုမဟုတ်မှာကို အစ်မတို့က စိုးရိမ်ကြတာလေ အဲ့တာကြောင့် အစ်မက ကူညီဖို့လိုရင် စိတ်သန့်သန့်နဲ့..."

"မရဘူး!!!မဖြစ်ဘူး အစ်မကတော့မရဘူး အစ်မကတော့ ဘယ်လိုမှမဖြစ်နိုင်တာမလို့ အင်း အစ်မ‌ပြောသလို အကူအညီလိုလာရင်တောင် မရဘ အစ်မတော့ဖြစ်လို့မရတာမလို့ အစ်မ ခဲယဉ်းတို့အရှုပ်တွေထဲ ဝင်လာဖို့မလုပ်ပါနဲ့ ကုမ္ပဏီသွားရမှာမလို့ သွားပီအစ်မ ဆိုင်ကိုလိုက်မပို့တော့ဘူး"

ကျောခိုင်းပီးထွက်သွားသူကို ငေးကျန်ခဲ့ရသူ ရင်မှာရော မျက်ဝန်းမှာပါ ငိုနေမိသည် ခဲယဉ်းဟာ ဘာလို့ သူ့ကိုခါးခါးသီးသီးငြင်းသွားသည်လဲ ဘာလို့သူက မဖြစ်နိုင်ရသလဲ ဖွင့်‌ပြောတာ မဟုတ်တာတောင် ငြင်းခံလိုက်ရသလိုပင် ခဲယဉ်းမျက်ဝန်းတွေဟာ တခုခုကို သိနေတာလားဆိုတာကို သံသယဝင်လာရသည် တကယ်လို့သိနေတယ်ဆိုရင် သိနေရက်နဲ့ ရက်စက်လိုက်တာဆိုကာ အပြစ်တင်မိမည်ထင်သည် ခဲယဉ်းဟာ သူ့ကိုဝန်ခံဖူးသူတိုင်းကို နေရာတစ်နေရာတော့ ပေးကာ လက်ခံသူမလား ဘာလို့သူမကျမှ ခါးခါးသီးသီးငြင်းလေသလဲ

They Fell First, I Fell HarderWhere stories live. Discover now