စူးရှဟန်အိမ်သို့လိုက်သွားသည့်တိုင် အိမ်ပြန်မရောက်သေးသော ထိုကလေးကြောင့် စိတ်အတော်ပူနေရသည် သစ်ခက်ဆီရောက်နေလား ဖုန်းဆက်မေးချင်သော်လဲ နံပါတ်မရှိသည်ကြောင့် စွဲလမ်းဆီဆက်လိုက်ကာ နံပါတ်ရှိမလားမေးလိုက်ရသည် သို့သော် သစ်ခက်ဟာ စွဲလမ်းဆီမှာရှိနေသည်ကြောင့် စိုးရိမ်စိတ်ဟာ နှစ်ဆ ထိုကလေးဟာ ဘယ်ရောက်နေသည်လဲလို့လေ
သစ်ခက်ကို သူမိုးရေထဲပြန်သွားပီး အိမ်ပြန်မရောက်သေးကြောင်းပြောလိုက်တော့ သူက သူလိုက်ရှာလိုက်မယ် အခုလာပီဟုပြောသည်ကြောင့် သူမအိမ်ရှေ့၌ပင် စောင့်နေမိသည် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်များစွာဖြင့်ပေါ့ ခနကြာတော့ ကားတစ်စီးထိုးရပ်လာကာ ကားပေါ်မှဆင်းလာသူနှစ်ယောက်ကိုမြင်တာကြောင့်သူလဲ ဆင်းလိုက်ကာ
"ခဲယဉ်း စိုရွှဲနေတာပဲ ဘယ်တွေသွားနေတာလဲ အစ်မဘယ်လောက်စိတ်ပူလိုက်ရလဲ"
သူမပြေးဖက်မိသည်လားမသိပါ ငိုသံစွက်ကာပြောသော်လဲ ထိုကလေးဟာ အဖက်ပင်မလုပ်ပါ သစ်ခက်ကိုသတိရကာ ပြန်ခွာလိုက်ပီး
"ဆော..ဆောရီး..သစ်ခက်အိမ်..အစ်မ စိတ်ပူသွားလို့"
"ရပါတယ် နားလည်ပါတယ်အစ်မရာ ဒီချီးထုတ်ကအဲ့လိုပဲ ကူတွဲပေးပါဦးအစ်မရယ်အပေါ်ကို သစ်ခက်နဲ့တူတူ"
"ရတယ် မထိနဲ့ ဘယ်သူမှမတွဲနဲ့ ကျိုးသွားတာမဟုတ်ဘူး"
သစ်ခက်စကားဆုံးတော့ဘောက်ဆက်ဆက်ပြန်ပြောသည့်သူ သူ့မှာတွဲပေးရမယ်ဆိုလို့ ဘာထိခိုက်သွားလဲစိတ်ပူနေရတာကြောင့်
"ဘာ..ဘာဖြစ်သွားလို့လဲဟင်...ဟင် ခြေထောက်..."
"လာလာ အစ်မလာအပေါ်တက်ခဲ့ပြောပြမယ်ဒီမှာသော့အစ်မတံခါးလေးဖွင့်ထားပေးပါဦး လာခဲခဲလေး ကိုကိုခက်ကိုတွဲနော်"
ခဲယဉ်းက သူ့ကိုကြိတ်ကျိန်ဆဲလိုက်တာကိုသေချာကြားလိုက်ရသည်
~
~အဝတ်စိုတွေကိုလဲခိုင်းရန် ရေချိုးခန်းထဲသာတန်းပို့ပေးလိုက်ပီး ဆိုဖာမှာထိုင်လိုက်ကာ
"အစ်မစိတ်မပူနဲ့ သူကစိတ်ရှုပ်ရင်လျှောက်သွားတတ်တယ် မိုးရွာရွာနေပူပူခြေဦးတည့်ရာလျှောက်သွားတတ်တယ် အတွေးလွန်ပီး အခုလမ်းမှာကျ လျှောက်ပြေးလို့ခြေခေါက်သွားတာတဲ့ဆေးခန်းဝင်ပြလာတယ်"
YOU ARE READING
They Fell First, I Fell Harder
Romanceလူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ခဲယဉ်းလွန်း ငါနင့်ကိုချစ်တာ ငါသူ့ကိုမချစ်ဘူး ငါ့ရဲ့စိတ်ရင်းနဲ့နင့်ကိုချစ်မိသွားခဲ...