ခွန်းကိုသတိမရဘူးလားဆိုရမိသေးပေမဲ့ အချိန်ကကုစားနိုင်သွားပီထင်သည် မဖြစ်နိုင်တာကိုလဲ လက်ခံနိုင်ပီဖြစ်သလို အထူးတလည်ကြီးလွမ်းမနေမိတော့ဘူးလေ တိုက်ဆိုင်တာဖြစ်ဖြစ် တခုခုဆိုတွေးမိသော်လဲ အရင်လောက်မနာကျင်တော့ပေ ထုံသွား၍လား သူရည်းစားမမည်သောသူပေါင်းသောင်းခြောက်ထောင်လောက်နဲ့ ပျော်ပါးခဲ့လို့ပင်မသိ တော်တော်တော့ အဆင်ပြေလာခဲ့သည်လေ အစ်မနဲ့ရှိနေချိန်ဆိုပိုလို့တောင် အဆင်ပြေနေသည် ခွန်းကိုတောင် တခါတရံမေ့သည်အထိလေ
အစ်မကတကယ်ကို သူ့အစ်မအရင်းလိုတောင်ဖြစ်လာသည် အစ်မက သူ့ကိုဆိုအလိုလိုက်သည် နွေးထွေးမှုလဲ အစ်မက ပေးနိုင်သည် အစ်မသာရည်းစားရသွားရင် အစ်မရည်းစားကိုမုန်းမိမယ်ထင်သည် အစ်မကသူအဲ့လိုပြောတိုင်း ခပ်ဟဟရယ်ကာ အဲ့လိုမဖြစ်လာပါဘူးလို့ ပြောတတ်သည် ထိုအချိန်ဆိုအစ်မကို အမြင်ကပ်သည် ပြုံးစိစိဖြင့်လုပ်နေသည်က လူကိုလှောင်နေသယောင်မို့ မျက်စောင်းသာထိုးမိသည် ဟုတ်ပါတယ် အစ်မနဲ့ဆိုတကယ်ပင် ကလေးဆန်မိတယ် ခွန်းကိုတောင် အဲ့လိုကလေးဆန်ဖူးသလားမမှတ်မိ အစ်မကတော့ သူ့ကို ကလေးဆိုးတဲ့လေ
-
အစ်မရဲ့ကော်ဖီဆိုင်တွင် သင်တန်းအားရင် တခါတလေ ဝင်ရှုပ်သည် ကော်ဖီဖျော်သလို စားပွဲထိုးသလိုပေါ့ အစ်မ စွဲလမ်းမြူက ခဲယဉ်းလာကူရင် လူပိုကျတယ်ကောင်းတယ်ပြောသော်လဲ အစ်မဟာ သဘောကျပုံမပေါ်ပါ ဒါကြောင့်လဲ သေချာလုပ်တဲ့အလုပ်တစ်ခုက အစ်မကို စရတာပင်ဖြစ်လာသည် အစ်မဟာ ဘာကြောင့်မကြိုက်သည်သေချာမသိသော်လဲ အစ်မ ဆူပုပ်ပုပ်မျက်နှာလေးဟာ စချင်စဖွယ်ကောင်းလှသည်လေ အခုလဲ
"ဟို..အစ်မ...ဓာတ်ပုံလေးတူတူတွဲရိုက်လို့ရမလား လိုင်းပေါ်မှာဒီဆိုင်လေးနဲ့ အစ်မပုံလေးတွေတွေ့လို့ညီမတို့ကလာခဲ့တာ"
ထိုအထက်တန်းကျောင်းပီးခါစကျောင်းသူလေးအုပ်စုက ခဲယဉ်းကော်ဖီချပေးနေတာကို ကြည့်ရင်းပါပီအချစ်မျက်ဝန်းနဲ့တောင်းဆိုနေသည် သူမငြင်းလိုက်မိမလား မသိသော်လဲ တခုကိုသတိရသွားကာ
"ရတယ်လေ..ညီမလေးတို့ဘယ်..."
"မရပါဘူး!!!"
စကားတောင်ဆုံးအောင်မပြောလိုက်ရ အစ်မဟာအော်ကာ အနားရောက်လာပီလေ စချင်၍စသော်လဲ အစ်မအသံဟာကျယ်၍ တဆိုင်လုံးအကြည့်တွေသူမဆီ၌ပင်
YOU ARE READING
They Fell First, I Fell Harder
Romanceလူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ခဲယဉ်းလွန်း ငါနင့်ကိုချစ်တာ ငါသူ့ကိုမချစ်ဘူး ငါ့ရဲ့စိတ်ရင်းနဲ့နင့်ကိုချစ်မိသွားခဲ...