စူးရှဟန်ကသာ ဗြောင်းဆန်နေသော်လဲ ခဲယဉ်းအတွက်တော့ အီစီကလီပေါင်းသောင်းခြောက်ထောင်လောက်ဆီက သိခဲ့သောအရာတွေကိုပြန်အသုံးချခြင်းပင် သူမှမဟုတ် ထိုနေရာ တခြားသူဆိုရင်လဲ သူမထိုသို့လုပ်မှာ ပီးရင်သူမေ့သွားမဲ့အရာတစ်ခုပင် ဘယ်လောက်အရေးမပါခဲ့သလဲဆို နာမည်တောင်မမေးခဲ့တာပဲကြည့်
အဲ့နေ့ကလဲ ဖေဖေမေမေနဲ့အတူတူ စားသောက်ရန်ချိန်းထားသော်လဲ အနားနီးမှ အလုပ်ကိစ္စဟုဆိုကာမလာဖြစ်တော့တာကြောင့် စားသောက်ဆိုင်မှာ ငိုင်နေရင်း တွေ့ခဲ့တာပင် သူက ဘာရယ်မဟုတ်လုပ်လိုက်သော်လဲ တဖက်မှာတော့ အချစ်တစ်ခုရဲ့အစပင်ဖြစ်လာခဲ့သည်
××××ပြန်ဆုံချင်ရင် ရင်ခုန်သံကို မညာနဲ့လေ..မညာနဲ့လေ.. သေချာစဉ်းစား…ဒီတစ်ခါ ရင်ခုန်သံကို ညာခဲ့ရင်...×××ငါနဲ့မင်း..×× တကယ်ကို အဝေးဆုံး…ဟိုးတစ်ချိန်က အချစ်...မင်းပြောဖူးတဲ့ ချစ်တဲ့စကားတွေ...×××ငါမှတ်မိလို့ နေသေး..×××
(ရင်ခုန်ဘက်သို့တမ်းချင်း- ဟန်ထွန်း)
သူမရဲ့စိတ်တွေဟာ ထိုကလေးကိုတွေးနေတုန်းမှာ သူ့ရဲ့အဆိုရှင်လေးဟာ ထိုသီချင်းကို upload လာသည် ထုံးစံအတိုင်း နားထောင်ကောင်းတဲ့အသံအေးအေးနှင့်ပင် စိတ်အလုံးစုံဟာ အခုချိန်မှာတော့ အဆိုရှင်ထက် ထိုကလေးဆီကို သာရောက်နေမိသည် အမှတ်တမဲ့မြင်တွေ့သူကို စိတ်ထဲစွဲနေတာပုံမှန်ဖြစ်စဉ်တော့မဟုတ်ဘူးမလား ပီးတော့မိန်းကလေးတစ်ယောက်ကိုလေ နောက်ပီးမျက်လုံးမှိတ်ပီးနားထောင်နေပါရဲ့နဲ့ အမြင်အာရုံမှာ သူ့ပုံရိပ်များသာ အွန်လိုင်းဆိုတာ မိမိဘယ်သူလဲ မသိ၍ ရင်ဖွင့်စရာအကောင်းဆုံးနေရာပဲလေ
'ရင်ခုန်သံကိုညာမိလို့ ဝေးမယ်ဆိုရင် မညာရင်ရော နီးပါမယ်ဆိုတာသေချာရဲ့လား သိချင်မိရဲ့ မဖြစ်နိုင်တာကို ရူးသွပ်တာလူသားတွေလေ မဖြစ်နိုင်တာကိုသိရင်ညာလိုက်တာကအမှန်ထင်တာပဲ'
သီချင်းကို IGစတိုရီပြန်ရှယ်ထားသော် အဆိုရှင်မလေးထံပို့လိုက်ပီသော စာပင် လိုင်းပေါ်ရှိနေ၍ထင်သည် Seenခနလေးနှင့်ပြလေသည် စာပြန်တာစောင့်နေရင်းကြည့်တော့ ဒီနေ့အကျီကို မြင်ဖူးနေသလိုပင်
YOU ARE READING
They Fell First, I Fell Harder
Romanceလူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ခဲယဉ်းလွန်း ငါနင့်ကိုချစ်တာ ငါသူ့ကိုမချစ်ဘူး ငါ့ရဲ့စိတ်ရင်းနဲ့နင့်ကိုချစ်မိသွားခဲ...