ကားဂိတ်ကနေ ဟိုတယ်သို့ ကားထက်ငှားကာ ဟိုတယ်ကိုတန်းသွားခဲ့ကြသည် အဝေးကနေ လှိုင်းရိုက်သံကိုပင်ကြားနေရတာကြောင့် လူတွေက ပို၍ပင်လန်းဆန်းတက်ကြွနေသယောင် ဟိုတယ်ရောက်တော့ reception မှာခဲယဉ်းကဘိုကင်တင်ထားကြောင်းပြောပီး သော့သွားယူနေသည်
"ကဲ သော့ရလာပီ သွားကြမယ် အိတ်တွေက ဒီက အကိုတွေသယ်လာပေးလိမ့်မယ်"
ခဲယဉ်းက သော့ကိုကိုင်ကာရှေ့ကနေဦးဆောင်သွားနေသည့်နောက်ကို သုံးယောက်သားလိုက်ရသည် သစ်ခက်က မြူ့နားကပ်နေသည်မှာတကယ့်တောက်တဲ့လိုပင် အခန်းတစ်ခုရှေ့ရောက်တော့ ရပ်လိုက်တော့ Sea view ယူထားသည်ပင် ရှေ့မှာ ပင်လယ်ပြင်ကို အတိုင်းသားမြင်နေရ လတ်ဆတ်တဲ့လေတွေဟာလဲ တဝှီးဝှီးပင်
"ဟို ခဲယဉ်း အစ်မတို့နေဖို့အခန်းကရော"
"ဒီဟာလေ"
"အော် အာ့ဆို ခဲယဉ်းတို့ကရော အစ်မတို့အခန်းနဲ့အဝေးကြီးမှာမနေနဲ့နော်"
"အဟက် ခဲယဉ်းတို့ကလဲ ဒီမှာပဲနေမှာလေ အစကအခန်းခွဲ မလို့ပဲ အစ်မတို့နှစ်ယောက်ကို စိတ်မချဘူးတဲ့လေ သစ်ခက်က သူပြောတာလဲဟုတ်ပါတယ် အဲ့လိုဆိုပီး အစ်မနဲ့ခဲယဉ်း အစ်မစွဲလမ်းနဲ့သူ နေဖို့ကြလဲ အစ်မတို့နေရခက်မယ်လေ အာ့ကြောင့် မိသားစုခန်းယူလိုက်တာ ဒါပေမဲ့ကျယ်ပါတယ် အခုလိုရှေ့မှာ ဝရံတာတစ်ခုစာ အေးဆေးထိုင်လို့ရတယ် ကုတင်လဲ နှစ်ယောက်အိပ်ကုတင်နှစ်လုံးပါတယ်လေ ပီးတော့ သစ်ခက်နဲ့ ခဲယဉ်းနဲ့က ချောင်းသာလာရင် မအိပ်တာများတယ် အိပ်လဲဆိုဖာပေါ်အိပ်ပျော်တတ်တယ် အဲ့တော့ကုတင်က အစ်မတို့လွတ်လွတ်လပ်လပ်တစ်ယောက် တစ်ကုတင်အိပ်လို့ရတယ် ရေချိုးခန်းအိမ်သာတော့မျှသုံးရမယ် အနောက်မှာပါတယ်"
ခဲယဉ်းရဲ့ရှင်းပြချက်အဆုံးမှာ အကုန်လုံးကခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ သူပြောတာလဲ အချက်အလက်ကျသည်မလား ပီးတော့ အရာအားလုံးကိုသူ့အိမ်သူ့ယာလိုပင်သိနေသေးသည် အတူတူနေရ၍ပျော်နေသော်လဲ ဘယ်လိုအတူတူနေရမလဲစဉ်းစားမိတာအမှန် ရင်ခုန်ရလွန်းလို့ရူးမှာပဲ စွဲလမ်းမြူကိုကြည့်တော့လဲ ထိုအတိုင်းပင်ဖြစ်နေသည်ကြောင့် စူးရှဟန်ပြုံးမိသွားသေးသည်
YOU ARE READING
They Fell First, I Fell Harder
Romanceလူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ခဲယဉ်းလွန်း ငါနင့်ကိုချစ်တာ ငါသူ့ကိုမချစ်ဘူး ငါ့ရဲ့စိတ်ရင်းနဲ့နင့်ကိုချစ်မိသွားခဲ...