စူးရှဟန်နဲ့စွဲလမ်းမြူဟာ လမ်းပျောက်နေချိန်တွေ့ခဲ့ကြသူများပင် အကြောင်းမှာ စူးရှဟန်ဟာ ခဲယဉ်းလွန်းကိုချစ်မိသွားသော်လဲ မဖြစ်ဘူးဟုတွေးကာ နိုင်ငံခြားမှာ ကျောင်းသွားတက်ခြင်းဖြင့်ရှောင်ပြေးခဲ့သည်လေ ထိုအချိန်တွင် ထိုနေရာရပ်ခြားမှာရှိနေသော စွဲလမ်းမြူနှင့် သိခဲ့ပီးနောက် မည်သူမျှ မသိပဲစွဲလမ်းမြူကိုယ်တိုင်တောင်မသိချင်ယောင်ဆောင်ထားသည့်အရာကို စူးရှဟန်က သိရှိခဲ့သည်
အဲ့ဒါကတော့နှောင့်ယှက်နေပါတယ်ဟု သူ့ကိုရင်ဖွင့်သော ထိုကောင်မလေးကို စွဲလမ်း ဟာ သဘောကျနေတယ်ဆိုတာကိုပင် သူပြောပြနေတုန်းက စိတ်ရှုပ်လို့မဟုတ်ပဲကျေနပ်စွာ ပြောပြနေတာမျိုးလေ နောက်ထိုကလေးဟာ သူ့ကိုဖွင့်ပြောသည်တဲ့လေ စွဲလမ်းဟာ စိုးရိမ်ပူပန်တတ်သူပီပီ စိုးရိမ်စွာဖြင့်သူအနားမကပ်ခံတော့ကာရှောင်ပြေးနေခဲ့သည်
ထိုအခါ ဘာကိုမဖြစ်နိုင်တာလဲမေးကြည့်တော့ စူးရှဟန် ခဲယဉ်းဆီက ရှောင်ပြေးခဲ့သလိုအကြောင်းပြချက်ပင် သစ်ခက်ဟာ ကောင်မလေးများရောကောင်လေးများပါသဘောကျသူပီပီ အီစီကလီများသည် ဒါကြောင့်စွဲလမ်းဟာ သူ့ကိုပါလာကစားနေတယ်ဟု ပြောခဲ့သေးသည်
နောက်ကြာလာတော့ အဲ့ကလေးကအတည်ဖြစ်ပျက်ပြလာသည် လူရှေ့တွင်ပင်မရှောင်ပဲနှင့်ပေါ့ နောက်တော့ စူးရှဟန်က စွဲလမ်းကိုကြည့်ပီးအတွေးပြောင်းသွားခဲ့သည်ကတစ်ကြောင့် သူ့ရည်းစားဟောင်းကြောင့်ထိုကလေးဖြစ်ပျက်နေသည်ကြားရတာကတစ်ကြောင် သူသူ့နှလုံးသားရှိရာပြန်ဖို့ကြိုးစားနေခဲ့သည်
စူးရှဟန် ပြန်သွားပီးအနည်းငယ်ကြာချိန်တွင် စွဲလမ်းမြူဟာလဲ ထိုကလေးရပ်ဝန်းကနေထွက်ပြေးလာခဲ့သည် နှလုံးသားကျန်ခဲ့သည်ကိုတော့ စူးရှဟန်မပြောတော့ပေ သူ့လိုပဲ အချိန်တခုကြာရင်ကွကိုယ်နားလည်မှာလို့ထားခဲ့လိုက်သည် သူဟာ ထိုကလေး နာမည်ဘယ်သူဘယ်ဝါလို့တော့သူ့ကိုသေချာမပြောခဲ့ပါ အခု သစ်ခက်နဲ့ပြန်တွေ့မှသာ သူဆိုတာသိတာလေ အမြဲသိခဲ့တာကတော့ စွဲလမ်းဟာ ထိုကလေးကို ချစ်နေတုန်းပဲဆိုတာပင်
YOU ARE READING
They Fell First, I Fell Harder
Romanceလူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ခဲယဉ်းလွန်း ငါနင့်ကိုချစ်တာ ငါသူ့ကိုမချစ်ဘူး ငါ့ရဲ့စိတ်ရင်းနဲ့နင့်ကိုချစ်မိသွားခဲ...