Episode (11)

20 2 0
                                    

ခွန်းနှင်းစက်က အရမ်းသောက်ထားတာမလို့ အိမ်ကိုသာခေါ်လာလိုက်ရသည် ဘာတွေဖြစ်နေလို့ဒီလောက်သောက်ရလဲ အနည်းဆုံးတော့ ပျော်နေမှဖြစ်မှာကို သူ့လူကို‌ခေါ်မယ်လုပ်တော့ အလုပ်ကိစ္စခရီးသွားနေတာတဲ့လေ အိမ်နဲ့အဆင်မပြေဖြစ်လာကာဒီလိုဖြစ်နေတာကြောင့် ကိုယ့်အိမ်သာခေါ်လာရခြင်း

"ခွန်း ထ ထဦး အဝတ်လဲရမယ် ရေလဲချိုးဦး"

"ခဲ...ငါ့ရဲ့ခဲခဲယဉ်းယဉ်းလေး.."

"အေး ဟုတ်တယ် ငါ ထ ရေချိုးလို့ ပီးမှအိပ် အကျီထုတ်ပေးထားမယ်"

ခွန်းဟာ ရေချိုးခန်းကိုမသွားပဲကုတင်ပေါ်ကနေသာ ခဲယဉ်းနောက်ကျောကိုသိုင်းဖက်လိုက်သည်

"တကယ်..ငါ့မှာတခုခုဆို နင်ပဲရှိတယ်...အမြဲတမ်းနင်ပဲရှိခဲ့တာ...ငါလေငါ"

ငိုသံစွက်နေသောအသံဖြင့် ဖက်ကာပြောနေတာကြောင့် ခဲယဉ်းသက်ပြင်းကိုချမိသည်

"နင်မူးနေတယ် ခွန်း နောက်မှပြောရအောင်"

ဖက်ထားတဲ့လက်ကိုဖြုတ်ကာ ထွက်သွားဖို့ရုန်းလိုက်သည်

"ငါ့ဆီကိုပြန်လာပါလား..ဟင်..ငါနင့်ကိုလိုအပ်တယ် ငါနင့်ကိုချစ်တယ်...ငါနင့်ကိုချစ်လို့ငါ့မှာနင့်ကို ခက်ခက်ခဲခဲရွေးချေယ်ခဲ့ရတာ"

"ရွေးချယ်တာလား နင်မရွေးချယ်ပါဘူး ခွန်း နင်ငါ့ကိုချစ်တယ် အေး ‌သူ့ကိုလဲနင်ချစ်တယ် ရယ်ရသားနော် နင်ကငါ့ကိုလိုအပ်ရုံလိုအပ်တာလိုပဲမလိုပဲ ငါအခုနင်ငါ့ကိုချစ်ခဲ့လားဆိုတာတောင်မသိတော့ဘူး"

မူးနေတဲ့လူနဲ့ရန်မဖြစ်ချင်သော်လဲ သစ်ခက်နဲ့လဲအတင်ပြေလာခဲ့သည်မဟုတ် အဲ့တာကို ခွန်းကပါ တိုင်လာပတ်နေတာကြောင့် ရန်ပွဲပင်ဖြစ်တော့မလို

"ခဲယဉ်း! နင်မသိဘူးလား နင်ကသံသယဝင်ရက်တယ်ပေါ့ မှန်တယ် အဆုံးမှာ ငါနင့်ကို မရွေးခဲ့မိပေမဲ့ ‌နင်ငါ့နားရှိချိန်တလျှောက်လုံး သူ့ထက်နင့်ကိုအရေးပေးခဲ့တာ..ငါမရွေးမိတာမှန်ပေမဲ့ နင်ကတွန်းအားပေးခဲ့တာလေ နင်ကငါ့ကိုအရင်လွှတ်ချပစ်လိုက်တာ...နင်အရင်ငါ့ကိုထားခဲ့လိုက်တာ...ငါလဲအဲ့ချိန်က ရူးသွားခဲ့တယ်ထင်တယ် ငါအလိုအပ်ဆုံးကနင်ကို ငါသူရဲဘောကြောင်ပီးမရွေးချယ်နိုင်ခဲ့တာ..."

They Fell First, I Fell HarderWhere stories live. Discover now