"ခွန်း..တောင်းပန်ပါတယ် ငါမှားတာပါ...ငါ့ကို ပြန်လက်ခံပေးပါဟာနော်"
"ပီးသွားပီနော် ငါတို့ကပီးသွားပီ ငါတို့လက်ခံလိုက်ကြရအောင် ငါ့ကြောင့်နင့်ကိုမပင်ပန်းစေချင်တော့ဘူး"
ကောင်မလေးနှစ်ယောက်ဟာ မျက်ရည်စတွေနဲ့တစ်ယောက်ကတောင်းပန်နေဟန်
"မပင်ပန်းဘူးလို့ ရတယ် နင်ရှိရင်ရတယ် ခွန်းရာ လုပ်ပါ ငါမှားတာပါ ငါနင်မရှိရင်မဖြစ်လို့ပါ ငါနင့်ကိုလိုအပ်လို့ပါ"
"တော်ပီလို့နော် လိမ်မာပါတယ် ပီးလိုက်ကြရအောင်ပါနော် ငါမရှိတာနင့်အတွက်ပိုအဆင်ပြေမှာ အဆင်မပြေလဲ ခနပါ"
"မပြောနဲ့!!မရဘူးလို့ ငါနင့်ကိုလိုအပ်တယ်လို့ ငါလမ်းခွဲမယ်ပြောမိတာမှားသွားတယ် တကယ်နင့်ကို စွန့်လွှတ်ဖို့မဖြစ်နိုင်ဘူး..အရင်လိုပြန်နေရအောင်ပါဟာ ခွန်းရယ် နော်..ငါ့နေရာကိုပြန်ပေး အဲ့မှာပြန်နေမှာလို့"
"ခဲယဉ်း ဘေဘီ ငါတို့ကပီးသွားပီ နင်လဲပြောခဲ့တယ်မလား ပီးပီလို့ နင်လမ်းခွဲမယ်ပြောတဲ့ရက်တွေက ငါလဲ လက်မခံနိုင်လို့ လိုက်ဆွဲခဲ့တယ် ဒါပေမဲ့သေချာစဉ်းစားကြည့်ရင်မှန်နေတာပဲလေ"
"ခွန်းနှင်းစက် ငါ့ကိုကြည့် နင်အဲ့ကောင်ကို မချစ်ဘူးဆိုဟမ်!!! နင်အဲ့ကောင်ကို မချစ်ဘူးလို့နင်ပြောခဲ့တာလေ တဖြေးဖြေးပြတ်မှာပါဆိုဟမ်!!!"
တောင်းပန်ရာကနေ စကားသံဆို့ဆူညံလာသည် ဒါဟာ အပြင်မှာရန်ဖြစ်နေခြင်းတောင်မဟုတ် ဖုန်းထဲကနေသာ အော်ပြောနေကြရုံ
"အေး ဟုတ်တယ် ချစ်တာ ငါနင့်ကိုချစ်တာ အရမ်းချစ်တာခဲယဥ်းလွန်း!!နှလုံးသားဆိုရင်တော့ ခဲယဉ်းလွန်းဆိုတဲ့နင် အချစ်တခုထဲဘာမှမကြည့်ဘူးဆို နင့်ကိုရွေးချယ်မှာ!!!"
"အဲ့တာဆိုလဲ ရွေးချယ်လေ ဘာလို့ ငါတို့ဒီလိုဖြစ်နေရတာလဲ ချစ်တယ်ဆိုပီးရွေးချယ်မှုကျ ဘာလို့ငါမဖြစ်ရတာလဲဟမ်!!!ဘာလို့လဲ"
"..."
"ပြောစမ်းပါ တခုခုပြောစမ်းပါ နင့်စကားတွေယုံ အဲ့ကောင်ကို နင်ဖြတ်မယ်ဆိုတဲ့စကားတွေပြတ်သွားမယ်ဆိုတဲ့ စကားတွေယုံပီးတော့ ငါကတော့ ငါဘယ်လိုဖြစ်သွားပါစေ နင့်ကိုရွေးချယ်ခဲ့တာနင်သိလား!!! ရည်းစားရှိရက် လူတစ်ယောက်ကို မချစ်သင့်တာကို နင့်ကိုပဲယုံပီး ငါအကုန်ချိုးဖောက်ခဲ့တာ နင်သိလား နင့်အတွက် ငါက အရမ်းလွယ်နေလား အဲ့ကောင်နဲ့အဆင်မပြေချိန် ခနငါ့ကို ပလေးသွားတာလား"
YOU ARE READING
They Fell First, I Fell Harder
Romanceလူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ခဲယဉ်းလွန်း ငါနင့်ကိုချစ်တာ ငါသူ့ကိုမချစ်ဘူး ငါ့ရဲ့စိတ်ရင်းနဲ့နင့်ကိုချစ်မိသွားခဲ...