ညနေ ၃နာရီခွဲလောက်တွင် စတင်ပီးသူတို့ဟိုတယ်ခန်းကနေထွက်ခွာလာကြသည် နေပူနေသေးသော်လဲ ကမ်းခြေလာတာထိုအရာကိုခံစားဖို့ပင်မဟုတ်လား Sunglasses ကိုယ်စီနဲ့ သဲသောင်ပြင်ပေါ်သို့ဆင်းလာကြသည် ခဲယဉ်းက မနက်က ဝတ်ထားတဲ့အတိုင်းအဖြူရောင်နှင့်ပင် သစ်ခက်အိမ်ကတော့ အပေါ်က Bra လိုအပြတ်နဲ့ ဗိုက်သားကို ဖော်ကာဝတ်ထားပီး ဘောင်းဘီကလဲ ဂျင်းကိုမှပေါင်တိုလောက်ဝတ်ထားသည် စွဲလမ်းမြူနဲ့စူးရှဟန်ကတော့ ဂါဝန်ရှည်လေးတွေနဲ့ အပေါ်က ဦးထုပ်ကားကားကြီးတွေနဲ့ပင် ရှေ့မှလမ်းလျှောက်နေသော သစ်ခက်အိမ်ကို ကြည့်ကာ စွဲလမ်းမြူက မျက်မှောင်ကျုတ်နေသည် အပေါ်တိုအောက်တိုဖြစ်နေသော သစ်ခက်ကို သူတခုခုပြောချင်နေပုံဟိုနှစ်ယောက်ကတော့ ဘာမှ မသိ ရှေ့ကနေသွားနေသည် ခဲယဉ်းက ကင်မရာတစ်လုံးနှင့်ပင် ခဲယဉ်းသာ အဲ့ပုံဖြစ်နေရင် သူလဲအခုလိုပုံဖြစ်နေလောက်သည်လေ ဘာမှ ဘာမှမဆိုင်ပေမဲ့လို့ပေါ့
ကမ်းခြေဆင်းပီးနဲနဲလျှောက်တော့ ထိုင်စရာခုံတွေချပေးထားတဲ့နေရာတွေ ဘောကွင်းငှားတဲ့ဆိုင် စက်ဘီးငှားသည့်ဆိုင် အစုံပဲ အကင်ရောင်းတဲ့ဈေးသည်လေးတွေရော ခုနက ခဲယဉ်းနဲ့တူတူလာတုန်းကထက် ပိုများနေသည် သူတို့ ချထားတဲ့ထိုင်ခုံမှာထိုင်တော့ အလကားတော့မဖြစ်နိုင်ဟုတွေးနေခိုက် အလိုက်တသိပင် ခဲယဉ်းက ဆိုင်ရှင်ဆီထသွားတာကာ မှာယူနေသည် ရိုးသားသော ဆိုင်ရှင်က ဘာမှမပြောသော်လဲ သူတို့ဆီက တခုခုတော့ ဝယ်စားသင့်သည်ကိုတော့သိပါသည် ခဲယဉ်းက လုပ်နေကျအလုပ်လို ပြုံးရယ်ကာ ခပ်သွက်သွက်ပြန်လာထိုင်သည်
"အစ်မတို့ တခုခုစားချင်တာရှိရင်ပြောနော် အခုအရင်တော့မှာပေးထားတယ်"
"ဟိုလေ ခဲယဉ်း အစ်မသိတာချောင်းသာဆို အုန်းရည် ဒါပေမဲ့ အဲ့တာက ဒီဆိုင်မှာမရဘူးထင်တယ်"
"အော် မှာထားတယ်အစ်မရဲ့ ဒီက ဆိုင်ပိုင်ရှင်အန်တီကိုမှာရင် အန်တီက အဲ့ဟိုဘက်ကဆိုင်မှာသွားယူပေးတယ် ခဲယဉ်းတို့ကွကိုယ်သွားဝယ်သောက်လဲတူတူပေမဲ့ အန်တီသွားယူပေးတော့ကျ သူတို့အတွက် မုန့်ဖိုးဘာညာ commission လိုရတယ်လေ"
YOU ARE READING
They Fell First, I Fell Harder
Romantikလူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ခဲယဉ်းလွန်း ငါနင့်ကိုချစ်တာ ငါသူ့ကိုမချစ်ဘူး ငါ့ရဲ့စိတ်ရင်းနဲ့နင့်ကိုချစ်မိသွားခဲ...