စူးရှဟန်ဟာ ခဲယဉ်းလွန်းကိုအနားခေါ်ချင်၍ကြိုးပမ်းခဲ့သည်ကမှန်သော်လဲ ထိုနေ့က တကယ်ပင်ကြောက်နေခဲ့ပါသည် ထိုနေ့၌ပင် ခဲယဉ်းလွန်းအပေါ်ပို၍ အားကိုးချင်စိတ်များလဲ နှစ်ဆတက်လာခဲ့သည် သူမကြားသည့်သတင်းများနှင့် ဆန့်ကျင်ဘက် လူကြီးဆန်သည် လူကို confortလုပ်ပေးနိုင်သည်တဲ့လေ တခါတလေကျ အူတူတူလေးဖြစ်ပြန်
_
ခဲယဉ်းလွန်းဆိုတဲ့သူမဟာ နာမည်ပျက်ရှိသည်ဟုပြောကြသည် ရည်းစားလဲ ရှုပ်သည် ရည်းစားရှိရက်သူနှင့်လဲတွဲဖူးသည်ဟုဆိုကြသည် တကယ်တော့ သူဟာထိုသို့မဟုတ်ခဲ့ သူမနားတွင်လူများစွာရစ်သိုင်းနေသည်က မှန်သော်လဲ သူမ လက်မခံနိုင်ကြောင်းသေချာပြော၍ငြင်းထားသူများ သို့သော် သူငယ်ချင်းလိုတော့ လက်ခံနိုင်တာမလို့ သူမက ထိုနေရာအားပေးထားခဲ့သည် ဒါ့ကြောင့် ပတ်ဝန်းကျင်ကတော့ သူ့ကို တစ်ယောက်ယောက်ပီးတစ်ယောက်တွဲသည်ဟုဆိုသည် သူကိုယ်တိုင်ကလဲ အရေးယူပီးဖြေရှင်းခြင်းမရှိသည်က ပိုဆိုးလာစေသည်
တစ်ချက်တော့မှန်သည် ရည်းစားရှိရဲ့သူကို သူတွဲမိခဲ့ တကယ်ကို ချစ်မိခဲ့သေးသည်ကတော့မှန်ခဲ့သည် သူမဟာ ခွန်းနှင်းစက် ဆိုသောမိန်းကလေးပင် သူငယ်ချင်းမှ တွဲဖြစ်ခဲ့သည်ဆိုသော်လဲ တွဲမိသည့်အချိန်မှာ ခွန်းနှင်းစက် တွင်ရည်းစားရှိနေချိန်ပါ ထိုကောင်လေးကို မချစ်ဘူး သူ့ကိုသာ ချစ်သည်ဆိုသော စကားကို သူဟာယုံခဲ့သည် သူမ ခွန်းကို တကယ်ချစ်မိသွားခဲ့ကာ အရာရာ ပုံပေးခဲ့သည် ဒါ့ကြောင့် ပိုနာကျင်ခဲ့ရတာဖြစ်မည် သို့သော်လဲ လမ်းခွဲမယ်ပြောခဲ့တာ ခဲယဉ်းလွန်းကိုယ်တိုင်ပင်ဖြစ်ခဲ့ပြန်သည်
အခုတော့ အရာအားလုံးလက်ခံကာအနည်ထိုင်လာပီဖြစ်သည် သူမလွမ်းနေသေးသော်လဲ ဒီအချိန်မှာ မဆက်သွယ်ဖြစ်တော့ပါ သတိရရင် ရပေးလိုက်သည် နောက် လုပ်စရာရှိတာ ဆက်လုပ်နိုင်နေပီmove on ဖို့ခက်တာမဟုတ်ပဲ move onမလုပ်ပစ်တာဆိုပိုမှန်မည် သူကိုယ်တိုင်စစ်မှန်စွာပျော်ရွှင်ခဲ့တာမို့လို့ပင်လေ
_
ထိုနေ့ပီးနောက်ရက်တွေ စာအုပ်ဆိုင်မှာ စာအုပ်တွေအကြောင်း သီချင်းအကြောင်းတွေ ဆက်ဆက်ရင်းသူမရဲ့ ရည်းစားဟောင်း အကြောင်းတွေပါပြောဖြစ်ရင်း အစ်မနဲ့ပိုရင်းနှီးလာခဲ့သည် ကော်ဖီဆိုင်ဟာလဲ အစ်မဆိုင်ဆိုတာသိခဲ့ရသေးသည်
YOU ARE READING
They Fell First, I Fell Harder
Romanceလူတွေက ရွေးချယ်ရတဲ့အခါမျိုးဆိုရင် ရွေးချယ်ချင်တဲ့သူထက် ရွေးချယ်သင့်တဲ့သူကိုပဲ ရွေးချယ်ကြတာမျိုးထင်တယ် ခဲယဉ်းလွန်း ငါနင့်ကိုချစ်တာ ငါသူ့ကိုမချစ်ဘူး ငါ့ရဲ့စိတ်ရင်းနဲ့နင့်ကိုချစ်မိသွားခဲ...