Episode (6)

29 4 0
                                    

အချိန်တွေဟာကုန်နေသလို လူကလဲရှေ့ဆက်ရမှာကြောင့် အလေလိုက်နေခြင်းမလုပ်တော့‌ပဲ အိမ်အလုပ်ကိုကူလိုက် ဝါသနာပါရာပန်းချီလေးဆွဲလိုက်‌နှင့်နေဖြစ်လာသည်

တီးတောင်

"တံခါးက ဖွင့်ထားတာ ဝင်လာ သစ်ခက်ရာ"

"အပျင်းကလဲကြီးလိုက်တာ သူစိမ်းဝင်လာရင် ဘာလုပ်မလဲ"

"နင်လာမှာသိလို့ဖွင့်ထားတာပါ ပုံဆွဲနေလို့ ထမဖွင့်ချင်လို့ စွတ်တရားဟောဖို့လုပ်မနေနဲ့"

သစ်ခက်က ဝယ်လာသမျှ မုန့်တွေကိုချကာ ဆိုဖာမှာ ဝင်ထိုင်ရင်း ဝေ့ကြည့်လိုက်တော့ တကယ်ပင်ပုံဆွဲနေတာပင်

"ဟိုလေ...ခဲခဲလေး"

"ဟဲ့..ကြက်သီးထစရာကြီး ဘယ်လိုခေါ်နေတာလဲ"

"မြူတို့ဆိုင်သွားရအောင်လေ တူတူလိုက်ခဲ့ပါလား"

"မြူ? ဘယ်က...အာ အစ်မစွဲလမ်းမြူလား..အကြီးတွေကို ရိုရိုသေသေခေါ်စမ်းပါ..."

"မခေါ်ချင်ပါဘူး ငါ့ကို ကလေးဆိုပီး ဘောင်မသွင်းတဲ့အစ်မကြီးလေ ကလေးလိုအရာတွေရှောင်မှာ"

"ကလေးဆန်လိုက်တာ သစ်ခက်ရယ် နင့်ကိုငါပြောထားတယ်မလား အစ်မစွဲလမ်းမြူကလဲ..."

"အင်းလေ အာ့ကြောင့် ငါစမ်းသပ်မလို့သွားဖို့လာခေါ်တာကို"

ဟိုနေ့က အစ်မစွဲလမ်းမြူရဲ့အခြေအနေကို သစ်ခက်ကိုပြောပြလိုက်တော့ ပြုံးဖြီးနေပီး မရသေးတဲ့အုန်းသီးကို မျောက်ကကြိုပျော်နေသလိုပင် သူကတကယ်ကို ချစ်မိနေတာ

"ရေချိုးဦးမယ် ကားက နင်မောင်းနော်"

"အိုခေ"

-

‌ခဲယဉ်းကို ဖုန်းဆက်တော့ သူလာမယ်ဆို၍ စူးရှဟန်ဟာ ကိတ်မုန့်လုပ်နေသည် စွဲလမ်းမြူက ကော်ဖီဖျော်နေဟန် ထိုအချိန်၌ပင် ဝင်လာပီဖြစ်သော ခဲယဉ်းလွန်းနဲ့ သစ်ခက်အိမ် စွဲလမ်းမြူတစ်ယောက် သူတို့နှစ်ယောက်ကို တွဲမြင်ရသည်မှာ အဆင်မပြေလှပါ ဘာလို့ဆိုတာသေချာအဖြေမရှာမိသော်လဲ မမြင်ချင်တာတော့အမှန်ပါ နောက်တော့ ကော်ဖီနှစ်ခွက်မှာကာ ပြုံးရယ်ကာ စကားပြောနေကြသော သူတို့ဝိုင်း မမြင်ချင်၍ ကော်ဖီကိုသာ အာရုံစိုက်လိုက်တော့သည် စွဲလမ်းမြူ အပြင်ဒီမြင်ကွင်းကို မမြင်နိုင်သော တခြားတစ်ယောက်မှာလဲ ကိတ်မုန့်ပေါ်ကို အပြစ်ဖို့နေပြန်သည်

They Fell First, I Fell HarderWhere stories live. Discover now