324 13 1
                                    

[Unicode]

🦋ချစ်လှစွာသော🦋

🦋အပိုင်း~၁🦋

🦋 ~ 🦋 ~ 🦋

"သားကြီး! စောင့်ရတာကြာသွားလား..."

နေနိုင်းရဲ့နောက်ကနေ ပုခုံးကိုလာပုတ်လျက် ပြောလာသူကြောင့် နေနိုင်းမှာ မျက်နှာကို နဂိုထက်ပိုပြီး မဲ့ပစ်လိုက်မိသည်။

"ပြောစရာရှိတယ်ဆိုပြီးချိန်းပြီး လူကို တစ်နာရီလောက် စောင့်နေခိုင်းတာပျော်ရဲ့လား ကိုရက်မြတ်..."

"ဟဲ...အဲ့ဒါက လာခါနီးမှ ငါအခုတွဲနေတဲ့ဘဲကြီးက ချိန်းလို့ အမှိုင်းလေးပြေးသွားရသေးတာ၊ဖုန်းခေါ်မို့ပဲ လောနေတာနဲ့..."

ရက်မြတ်က နေနိုင်းရဲ့နံဘေးမှာ ဝင်ထိုင်ရင်းမှ သူယူလာတဲ့ အုန်းစိမ်းအရသာအချိုရည်ဘူးကို မော့သောက်လေသည်။

"ပြောလိုက်ရင် ဆင်ခြေကအပြည့်၊ဒါနဲ့ နေပါဦး... ပြောမှာကဘာတုန်း၊"

"ဪ ဒီလို...ငါတို့‌ဆယ်တန်းနှစ်က ခန့်ညီသစ်ကို မင်းမှတ်မိတယ်မလား၊"

"အေး ငါတို့ဂိုက်ဆရာရဲ့ညီမလား၊"

"အခု သူနဲ့အွန်လိုင်းကနေပြန်ဆုံနေတာကွာ၊အဲ့မှာ သူက ငါ့ကိုလာအီနေလို့၊"

ရက်မြတ်က သူ့ဖုန်းကိုထုတ်ယူလျက် ခန့်ညီသစ်နဲ့ပြောထားတဲ့ conversationအချို့ကို ပြ၏။နေနိုင်းလည်း သူ့အလိုကျ နည်းနည်းလောက်ဖတ်ကြည့်ပေးလိုက်သည်။တကယ်ဆို နေနိုင်းက အဲ့လိုမျိုး စပ်စုရတာမကြိုက်ပါ။

"အဲ့တော့ ဘာလုပ်မလို့တုန်း မင်းက၊တွဲကြမလို့လား၊"

"အဲ့ကောင်လေးက မနက်ဖြန်မှ ၁၈ပြည့်မှာ၊တွဲဖို့က ငါလည်းစဉ်းစားတုန်းပါ၊သူ့ပုံကိုကြည့်ကြည့် တွဲရင်ဂုဏ်မငယ်မယ့်ရုပ်နော်၊ပိုက်ဆံကတော့ အရမ်းကြီးမရှိပေမယ့် အိုင်ဖုန်းလောက်တော့ အမ်းနိုင်မယ့်သူပါ၊"

နေနိုင်းလည်း စိတ်ပျက်စွာ တစ်ချက်ကြည့်ရင်း သူ့ဖုန်းကို သူ့ဆီပြန်ထိုးပေးလိုက်သည်။

"မင်းလက်ရှိတွဲနေတဲ့ဘဲကြီးဆီကရတာနဲ့တင် ပြည့်စုံနေပြီကို၊ဘာတွေခြံခုန်ချင်နေတာတုန်း၊"

ချစ်လှစွာသော . . .Where stories live. Discover now