Discription

1.2K 120 5
                                    

အမျိုးသားဇာတ်လိုက်အသားပေး ဝတ္ထုထဲကိုဝင်သွားပြီးတဲ့နောက်မှာ နင်းနင်းတစ်ယောက် မူလဇာတ်ကြောင်းအတိုင်းလိုက်နာဖို့ ကြိုးစားတော့တာပေါ့။ ဒါပေမယ့် ဒီကမ္ဘာက နည်းနည်းလေးမှ မူမှန်မနေဘူး။

ဂိုဏ်းထဲမှာ သူမရဲ့ ဆရာတူအစ်ကိုက သူ့ရဲ့ကျင့်ကြံခြင်းတိုးတက်ဖို့အတွက် တခြားလူတွေကိုလိုက်ပြီး ဘောမနေတယ်၊ ဆရာတူညီအစ်မဆိုတာကလည်း ပိုက်ဆံရှာဖို့ ဂိုဏ်းအကြီးအကဲတွေရဲ့သတင်းကိုရောင်းစားနေလေရဲ့။ ဆရာဆိုတဲ့သူကလည်း မွဲလွန်းလို့ လွန်ခဲ့တဲ့ ၈၂နှစ်တုန်းကစုထားတဲ့  ရေကိုနေ့တိုင်းသောက်နေရှာတယ်။

ဂိုဏ်းအပြင်မှာလည်း ဘုန်းကြီးတွေက တရားကို ကြိုးကြိုးစားစားလေ့ကျင့်တဲ့အနေနဲ့ ဂါထာတွေကို rapလိုရွတ်​ကြတယ်။ ရွတ်တာမြန်လွန်းလို့ ပါးစပ်ကနေ မီးပွားတွေတောင်ထွက်လောက်တယ်။

ဓားကျင့်ကြံသူတွေဆိုတာကလည်း သူတို့ဓားတွေကို ဇနီးလေးတွေလို တယုတယနဲ့ထားပေမယ့် သူတို့ကိုယ်တိုင်ကျ မိသားစုကိုထောက်ပံ့ဖို့ ယောကျာ်းပိုင်းလုံးလုပ်နေကြလေရဲ့။ သူတို့ရဲ့အချစ်ပုံပြင်လေးတွေကလည်း ရင်ထဲထိရှလောက်ပါပေတယ်။

ဂီတသမားတွေကျလည်းတစ်မျိုး။ ခေါင်းလောင်းတွေကို လက်နက်လိုသုံးပြီး ဖိုက်တာလုပ်နေကြတာယ်။

နင်းနင်း: “…”

ဒီကမ္ဘာကို ကယ်တင်လို့မရတော့ဘူး။ ပျက်စီးပေ့စေ။ အနှေးနဲ့အမြန် ဒီကမ္ဘာက လစ်မှာပဲ

*

နင်းနင်းက ကျင့်ကြံခြင်းဝတ္ထုတစ်ခုထဲကို အယုတ်တမာ ဆရာတူညီမလေးအနေနဲ့ ဝိဉာဉ်ကူးလာတယ်။

သူမ အသက်ရှင်ချင်ရင် ဇာတ်ကြောင်းအတိုင်းလိုက်နာဖို့လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာရမယ်။

ပစ်မှတ် နံပါတ် ၁ : စေတနာသဒ္ဓါတရားထက်သန်တဲ့ ဂုဏ်သရေရှိ ဆရာတူအစ်ကိုကြီး

ဆရာတူအကိုကြီးက မွေးရာပါ ဓားစွမ်းအင်အရိုးနဲ့မွေးလာတာ။ ကျင့်ကြံခြင်းလောကမှာ သူ့ကိုမယှဉ်နိုင်ကြဘူး။ နင်းနင်းက သူ့ကို ညကျရင် နှစ်ယောက်တည်း ပညာသင်ပေးပါလားလို့ သွားပြောတာပေါ့။ ဒီတော့ ဆရာတူအကိုကြီးက ခပ်ဖျော့ဖျော့လေးပြုံးပြီး ခေါင်းငြိမ့်ပြလေရဲ့။ “ညီမလေးက ကိုယ့်အသက်နဲ့ မသင့်တော်တာတွေ သင်ချင်နေတာပေါ့ ဟုတ်လား”

ဒါကြောင့် ညလည်းရောက်ရော ဆရာတူအစ်ကိုကြီးက ဂိုဏ်းတစ်ခုလုံးကိုခေါ်လာပြီး ခက်ခဲတဲ့ လျှို့ဝှက်ဓားပညာတွေ သင်ပေးပါလေရော။ နင်းနင်းခမျာ တစ်ညလုံး သင်လိုက်ရတာ တစ်ကိုယ်လုံးမောပန်းပြီး သေခါနီးဖြစ်သွားရှာတယ်။

ပစ်မှတ်နံပါတ် ၂က အေးဆေးပြီး နေမကောင်းတဲ့ ခပ်ချောချောအစ်ကိုကြီး

အစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းက  စစ်ပွဲကြီးမှာ ဖျက်စီးခံလိုက်ရလို့ တောင်ပေါ်ကိုရောက်လာပြီး တစ်ကိုယ်တည်း ကုသနေတာ။

သူ ချင်တီးနေတာကို အခွင့်အကောင်းယူပြီး နင်းနင်းက ပြဿနာရှာဖို့လုပ်ပါလေရော။ ဒါပေမယ့် မတော်တဆ အဆိပ်ပန်းပွင့်ကိုရှူမိလို့ လူက မူးဝေပြီး နာလွန်းလို့ မျက်ရည်တွေကျသွားရတယ်။

အဲ့မှာ မျက်ရည်တွေနဲ့နင်းနင်းကို ဟိုကတွေ့သွားတော့ ဂီတကို ကောင်းကောင်းအရသာခံတတ်တဲ့သူမို့လို့ ငိုသွားရှာတာပဲလို့တွေးပြီး ချင် ကိုပျော်ပျော်ကြီးတီးတော့တာပဲ။ ပျော်လွန်းလို့ လူတိုင်းကို “အောင်ပါစေ”သီချင်းကိုတောင် လိုက်ဆိုပြချင်သွားတယ်။

ပစ်မှတ်နံပါတ်၃ကတော့ မာနကြီးပြီး လူမှုရေးခေါင်းပါးတဲ့ ဆရာတူမောင်လေး

မူလဇာတ်ကြောင်းအရဆိုရင် ဒီဆရာတူမောင်လေးက ဇာတ်လိုက်မင်းသားလေ။ ဆင်းဆင်းရဲရဲနဲ့မွေးလာတဲ့ သွေးနှောလေး။ တစ်ဂိုဏ်းလုံးက ဝိုင်းအနိုင်ကျင့်ကြလို့ တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေချည်းပဲ။
ဒါကြောင့် နင်းနင်းက ယုတ်မာမယ်ဆိုပြီး သူ့ဒဏ်ရာတွေကုဖို့လုပ်ထားတဲ့ အမတစမ်းရေကို သွားခိုးတာပေါ့။ ဒါပေမယ့် အဲဒီစမ်းရေကို တစ်ယောက်ယောက်က အရမ်းပြင်းတဲ့အဆိပ်ရည်တွေရောထည့်ပြီး လဲထားတာ။ အဲ့အရည်တွေက သူမ ခြေထောက်ပေါ်ကို ဖိတ်ကျသွားတော့တယ်။

ကောင်လေးက သူမရှေ့မှာ ငုတ်တုတ်ထိုင်ပြီး သူမခြေထောက်ပေါ်က သွေးတွေကို အသာအယာလေး သုတ်ပေးလာတယ်။

“မင်းဘာလို့ ကျုပ်ကိုကူညီတာလဲ”

ဝတ္ထုကြီးက ထူးဆန်းနေပါတယ်ဆိုမှ ပိုပြီးတောင်ထူးဆန်းလာပြီ။

သိပ်ကိုရက်စက်တတ်တဲ့လူငယ်လေးက သူ့ခေါင်းကို သူမလည်ပင်းလေးမှာနှစ်ပြီး ငိုရှိုက်သံတွေနဲ့ပြောတာပေါ့။ “ကျွန်‌တော့်ကို ထားမသွားပါနဲ့”
......

Miss Cannon Fodder Wants To Escape Death Flags ကို ဘာသာပြန်ထားတာပါ။ ပါးစပ်မပိတ်အောင် ခွီရပါလိမ့်မယ်🤣

တလွဲလုပ်ပြီးတဲ့နောက် မင်းသားရဲ့လရောင်ဖြူလေးဖြစ်သွားတယ်Where stories live. Discover now