အခန်း (၁၂)

292 4 0
                                    

အခန်း (၁၂)

Mahaw Private School Meeting Room ၌
"ဆရာမကြီးတို့ ဆရာကြီးတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာ ကျွန်တော်မသိပေမဲ့ ကျွန်တော်ကတော့ ကျောင်းအုပ်အနေနဲ့ အခုဖြစ်တဲ့ ပြဿနာကို အပြီးပြတ်အောင် ‌ကျောင်းသူ သစ္စာလှိုင်ကို ကျောင်းက အပြီးထုတ်ဖြစ်ဖို့ ဆုံးဖြတ်ထားတယ်"
"ဆရာကြီး"

မဟော့်ရဲ့ ဆုံးဖြတ်ချက်အား ပြောပြသည့်အခါဝယ်
သစ္စာလှိုင်၏မိခင်ဆိုသူသည် မျက်နှာအပျက်ပျက်ဖြင့် မဟော့်အား ခေါ်လိုက်သည်ကို အတန်းပိုင်ဆရာမ ဟန့်တားထားသည်ကို မဟော်မြင်လိုက်ရလေ၏။

"ဒုကျောင်းအုပ်ကြီး ဖြစ်တဲ့ ဆရာမကြီး သက်မာဇင်ကော ဘယ်လိုဆုံးဖြတ်ချင်လဲ ၊ဆရာမကြီးအမြင်ကိုလည်း ပြောပါ"
"ကျွန်မလည်း ဆရာကြီး နည်းတူပါ၊ကိုယ်ရေးကိုယ်တာ ပတ်သတ်မှုကို အကြောင်းပြ လူတစ်ဖက်သားကို ရှုံ့ချဝေဖန်တာ လူမဆန်တဲ့လုပ်ရပ်အပြင် စိတ်ဓာတ်ပါယုတ်ညံ့ သိမ်ဖျင်းလှပါတယ်"

ကျောင်းရှိ ကော်မတီအားလုံး မဟော့်၏ ဆုံးဖြတ်ချက်ကို လိုက်နာချသည့်အတွက် ကျောင်းသူသစ္စာလှိုင် နေ့ခြင်းပင် ကျောင်းမှ ထုတ်ပယ်ဖြစ်ခဲ့လေသည်။
သစ္စာလှိုင်၏မိခင်နှင့်ဖခင်သည် အခုလိုလုပ်ရပ်လုပ်ထားသောသမီးအား မဆုံးမတဲ့အပြင်

"သွားမယ်သမီး ဒီကျောင်းထက် မြင့်မားတဲ့ကျောင်းမှာ ဒယ်ဒီထားပေးမယ်"

သစ္စာလှိုင်ကတော့ ငိုယိုကာ မိဘတွေခေါ်ရာနောက်သို့ လိုက်ပါသွားလေရဲ့။မဟော် ကျောင်းဆင်းချိန်မရောက်သေးခင်ပင် စိမ်းလေးအား အိမ်သို့ပြန်လည်ခေါ်ဆိုခဲ့လေသည်။

အိမ်သို့အရောက်တွင်
"ဟင် သားမဟော် ဒီနေ့အစောကြီးပါလား"
"ဟုတ်တယ် အန်တီလေး၊ကျွန်တော်နဲ့နန်းရဲ့ ပြတ်သွားတဲ့ မင်္ဂလာဂယက်က မပြီးဆုံးသေးဘူး၊ကျောင်းမှာ နန်းရဲ့တူမဆိုသူ စိမ်းလေးကို ရန်ရှာတယ်၊ပါးလည်း အရိုက်ခံခဲ့ရတယ်"
"အို ဟုတ်ပါရဲ့၊ကလေးပါးလေး ရဲထွတ်ဖောင်းလို့ပါလား"

အန်တီလေး စိတ်မကောင်းဖြစ်သွားပြီး စိမ်းလေး၏ လက်ဖျားလေးအား ဖစ်ညစ်ကာ
"အရမ်းနာနေလား သမီးစိမ်းလေး"
"ရပါတယ် အန်တီလေး"
"စိမ်းလေး အပေါ်တက်နှင့်နော်၊ဆရာ ရေခဲအိတ်ယူပြီး လိုက်လာခဲ့မယ်"
"ဟုတ်"

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now