အခန်း (၅)

277 4 0
                                    

အခန်း (၅)

ကုတင်ထက်လှဲလျောင်းပြီး မျက်လုံးမှိတ်ကာ အိပ်စက်နေတဲ့ စိမ်းတစ်ယောက် မနက်က ဦးပြန်သွားသည်နှင့် ဒယ်ဒီပွေ့ချီပြီး အပေါ်ထပ်သို့ ပို့ဆောင်ပေးပြီးကတည်းက စိမ်းအခန်းထဲသာ နေမိတော့သည်။

နေ့လယ်စာကိုလဲ ကြီးပုလာရောက်ကျွေးလေ၏။ နေ့လယ်စာစားပြီးကတည်းက ညနေအထိ အခန်းထဲ၌သာ နေမိ၏။ဆေးအရှိန်ဖြင့် စိမ်းအိပ်ပျော်မိသွားတာ။နိုးသည်နှင့် စိမ်းဦးနှင့်အတူ ယှဉ်တွဲလျှောက်လာသော အန်တီလှလှအကြောင်းသာ တွေးနေမိတော့သည်။

ကန်တော်ကြီးထဲက စားသောက်ဆိုင်မှာ စားသောက်ပြီးလို့ စိမ်းတို့ပြန်ထွက်လာတော့ ဆရာ့ကို အန်တီချောချောလေးတစ်ယောက်ဖြင့်  တွေ့လိုက်စဉ်က စိမ်းရင်ထဲ ကျွဲမြီးတိုသွားရလေ၏။
ဒါကြောင့်သာ စိမ်း အဲ့အန်တီခြေထောက်အား တစ်မင်တက်နင်းလိုက်ခြင်းပင်။
စိမ်းတစ်မင်သက်သက် နင်းတာကို ဦးကသိသတဲ့။

ဆရာမ‌ဟော်အေးချမ်းကို စိမ်းတစ်ယောက်ထဲ၏ ရင်ထဲအခေါ်အဝေါ်အဖြစ် ဦးလို့ ခေါ်ဝေါ်မိ၏။စတွေ့စဥ်ကတည်းက ဆရာ့ရဲ့ အေးချမ်းလှတဲ့အပြုံးမျက်နှာကို စိမ်းသဘောကျမိတာပါ။
အချစ်ဆိုတာ စိမ်းမသိဘူး၊စိမ်းသိတာ ဆရာ့အနားနေထိုင်ရရင် စိမ်းစိတ်ထဲ အေးချမ်းပျော်ရွှင်မိတာပဲ သိ၏။

"ကျွီ ကလက်စ်"
တံခါးဖွင့်သံကြားသည်နှင့် စိမ်းအတွေးတွေ ရပ်ကာငြိမ်နေမိသည်။ဒေါ်စိမ်းလဲ့မြိုင် သမီးကုတင်အနားတိုးကာ ထိုင်ချပြီး

"သမီးလေး အိပ်နေတာလား"
နဖူးလေးအား စမ်းကိုင်ကာ မေးမိ၏။ထိုအခါမှသာ စိမ်းမျက်လုံးလေးဖွင့်ကာ

"မာမီ"
"မာမီ့သမီးလေး တော်တော် နာနေလား"
"ဟုတ် မာမီ"
"အဟင်းးး ဟုတ်ပါပြီ၊မနက်ကျရင် မာမီဆေးခန်းလိုက်ပို့မယ်နော်"
"ဆရာက သူလာခေါ်မယ်တဲ့"
"အဟင်း မာမီလိုက်မပို့ရဘူးလား"
"မာမီအားလို့လား"
"အားတော့မအားဘူးပေါ့ သမီးလေးကို ပို့ပြီးမှ မာမီအလုပ်သွားမှာပေါ့"

ဒေါ်စိမ်းလဲ့မြိုင် သမီးနဖူးထက်က ဆံနွယ်တိုတိုလေးတွေကို သပ်တင်ပေးမိလေ၏။

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now