အခန်း (၃)

327 6 0
                                    

အခန်း (၃)

နီညိုရင့်ရောင် ကားတံခါးအား မဟော် ဆွဲဖွင့်သည့်အခါဝယ်
"သားမဟော် သမီးလေးနန်းက ရွှေဆိုင်မှာတဲ့နော်"
"ဟုတ်ကဲ့ပါ အန်တီကြီး"
"ကားကို သတိထားမောင်းနော် သားမဟော်၊သမီးလေးနန်းပါရင်လဲ ကားကိုဖြေးဖြေးပဲ မောင်းနော်"

မဟော် ပြုံးကာ ခေါင်းညိမ့်ပြရင်း ကားပေါ်တက်ထိုင်လိုက်ရလေ၏။ ကားအား စက်နိုးကာ ဖြေးဖြေးခြင်းမောင်းထွက်လာခဲ့ရင်း ဘက်ကြည့်မှန်မှ အန်တီကြီးအား ပြန်ကြည့်မိလိုက်လေ၏။
တကယ်ပါပဲ။အန်တီကြီးဟာလေ သူ့ကိုအိမ်ထောင်ချပေးဖို့ စိတ်အားထက်သန်နေလေတာ။
အခုလည်း မဟော် ကျောင်းမဖွင့်မှီ မဟော်အတွက် အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ထားတဲ့ နန်းကျော့သိင်္ဂီဆိုတဲ့ အမျိုးသမီးအား ထမင်းစားဖိတ်ရင်း မဟော်နဲ့မိတ်ဆက်ပေးရန် သွား၍ ခေါ်ခိုင်းလေလို့ မဟော်သူမရွှေဆိုင်သို့ သွားခေါ်မည်သာ။

မဟော် အန်တီကြီးပြောပြလိုက်သော ပြည်လမ်းမထက်တွင်ရှိသော နန်းကျော့၏ ရွှေဆိုင်ရှေ့ ကားရပ်ကာ ဆင်း၍ ရွှေဆိုင်အတွင်းသို့ ဝင်ခဲ့လေ၏။

"ဘာအလိုရှိပါသလဲရှင့်၊စေ့စပ်လက်စွပ်ကြည့်မလို့လား အစ်ကို၊လက်ထပ်လက်စွပ် ကြည့်မလို့လားရှင့်"

မဟော် ဆိုင်ဝင်ပေါက်ကနေ ဆီးကာမေးသော ဝန်ထမ်းမလေးများအား ပြုံးပြရင်း
"မဟုတ်ပါဘူးဗျာ၊မနန်းကျော့သိင်္ဂီနဲ့တွေ့ချင်လို့ပါ"
"ဪ ဟုတ်ကဲ့အစ်ကို ၊မမနန်းကျော့ ရှိပါတယ်၊ခေါ်ပေးပါ့မယ်ရှင့်"

မဟော့်အား ဧည့်သည်များထိုင်ရန်ချထားသော ဆိုဖာထက် ထိုင်စေကာ စောင့်နေစေ၏။ အတွင်းခန်းထဲ ဝင်သွားသော ဝန်ထမ်းကောင်မလေးနှင့်အတူ ခရမ်းရောင်ဝမ်းဆက်ဖြင့် ဆံနွယ်ရှည်လေးများအား တစ်ဝက်စည်းကာ တစ်ဝက်ဖားလျားချထားလေရဲ့။
လည်တိုင်ကျော့ကျော့တွင် စိန်ဆွဲကြိုး‌လေးဆွဲထားသလို လက်စွပ်၊လက်ကောက်၊ဟန်းချိန်း‌အပြည့်အစုံဝတ်ဆင်လို့ ထားလေ၏။
မြန်မာဆန်ဆန်လေး ဝတ်ဆင်ထားသည်မှာ အန်တီကြီးပြောသလို အမြင်ကို အေးစေ၏။ နာမည်လေးဖြင့်လိုက်ဖက်အောင်ပင် နန်းဆန်လှလေ၏။

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now