အခန်း (၂၈)ဇာတ်သိမ်းပိုင်း

456 3 0
                                    

အခန်း (၂၈)
❤️ဇာတ်သိမ်းပိုင်း❤️

မျက်ခွံလေး လှုပ်တုတ်လှုပ်တုတ်နဲ့ နိုးနေသည့်တိုင်အောင် အသံတစ်ချက်မထွက်ပဲ သူ့ခါးအား အသေဖက်ထားတဲ့ ကလေးလေးကြောင့် မဟော် အိပ်ယာနိုးနိုးခြင်း ပြုံးနေပြန်၏။
ဆံနွယ်လေးတွေကို ပါးပြင်ထက်ကနေ ပယ်ရှားပေးရင်း နဖူးပြင်လေးအား တစ်ချက်ဖိကပ်နမ်း၍ သူ့ခါးက လက်အား ပယ်သည့်အခါ
"ဟင်းးးး"
"အဟွန်း နိုးရင်ထမယ်လေ ကလေးရဲ့"
"ဟင့်အင်းး "

သူ့ခါးအား အတင်းဖက်ကာ ရင်ခွင်ထဲတိုးဝင်လာတဲ့ ကလေးလေးကြောင့် မဟော် ခေါင်းအုံးထက် ပြန်အိပ်ကာ ကိုယ်လေးကို ပြန်ဖက်ထားမိ၏။ မနက်ဆိုစောစောထတက်တဲ့ မဟော် ၊သူ့ကလေးလေးနဲ့ကြမှ အပျင်းထူးနေရတော့သည်။

"ဦးး"
"ဗျာ"
"ဖက်ထားပေး စိမ်းပြန်အိပ်မလို့"
"ဖက်ထားတယ် ကလေးလေးရဲ့"
မဟော် တင်းကြပ်စွာ ဖက်ပေးထားသည့်အခါ သူ့ရင်ဘတ်အား မျက်နှာလေးအပ်လို့ ပြုံးနေသည်မှာ မနက်ခင်းအလှနှင့်အပြိုင် ပကတိလှပနေ၏။

ဆံနွယ်လေးတွေ ပွတ်သပ်ဆော့ကစားရင်း
"ကလေး"
"ရှင်"
"ကိုယ်တွေ လက်တွေ နာနေလား ဟင်၊ညက ဦးအချစ်ကြမ်းလို့လေ"
"ဦးး"

ဆူအောင့်အောင့် အသံလေးဖြင့် ခေါ်သံကြောင့် မဟော်ပြုံးရယ်ကာ

"စိုးရိမ်လို့လေကွာ၊ကလေးလေး အိပ်ယာမထနိုင်တာ အဲ့ဒါကြောင့်လား၊ဦး မတရားများ ချစ်ဖြစ်မိသွားလား"
"ဦးးးး ဘာတွေပြောနေတာလဲ၊အဲ့လိုကြီး ပြောစရာလားလို့ အင် အင် အရှက်ကိုမရှိဘူး"
"ဟ့ ကလေး ဟားးဟားး"

ရှက်မျက်နှာလေးဖြင့် သူ့ရင်ခွင်ထဲက ထွက်ကာ သူ့ရင်ဘတ်ကလေးအား တစ်ဘုတ်ဘုတ်ထုရိုက်နေတဲ့ ကလေးလေးကြောင့် မဟော်၏ရယ်သံသည် မနက်ခင်းအချိန်တွင် အခန်းထဲသောသောညံလို့သွားရလေသည်သာ။

နှစ်ဦးသား အတူသွားတိုက်၊မျက်နှာသစ်ပြီးကာမှ စိမ်းလေးအား အရင်ရေချိုးစေလိုက်သည်။ သူ့ကလေးလေး ရေချိုးပြီးမှ မဟော်အမြန်ရေချိုးရသည်။ရေချိုးခန်းက ထွက်လာသည့်သူ့အား

"ဦးအတွက်အင်္ကျီ စိမ်းထုတ်ပေးထားတယ်"
"ကျေးဇူးပါဗျာ"
မှန်တင်ခုံရှေ့ထိုင်ကာ သူ့အားလှည့်ကာပြောတဲ့ ကလေးလေး၏ပါးပြင်ထက် အနမ်းပေးပြီး ပြန်ဖြေမိ၏။
မဟော်တစ်ကိုယ်လုံးရေစင်အောင် သုတ်ပြီးသည့်အခါ
အင်္ကျီဝတ်ရာ သူ့အနားရောက်လာတဲ့ ကလေးလေး ကြယ်သီးကူကာ တပ်ပေးလေရဲ့။

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now