အခန်း (၈)

227 3 0
                                    

အခန်း (၈)

​"လာလေ စိမ်းလေး"
"ဟုတ် "
ကားအနားရောက်လာသော ခင်ငြိမ်းအား မဟော် စိမ်းလေး၏ အဝတ်သေတ္တာအား ကားပေါ်ကနေ ချပေးနေလိုက်ပြီး စိမ်းလေးအား အိမ်ထဲဝင်လာစေရန် ခေါ်လိုက်လေ၏။

ဧည့်ခန်းဆီ ရောက်ခါနီးအချိန်၌ အန်တီလေးတစ်ယောက် ထမင်းစားခန်းဆီမှ ထွက်လာပြီး
"သမီးစိမ်းလေး လာပြီလား "
"ဟုတ်တယ် အန်တီလေး၊အန်တီတို့ ထွက်သွားတာနဲ့ တစ်ခါထဲခေါ်လာခဲ့လိုက်တယ်"
"လာထိုင်အုံး သမီးစိမ်းလေး"

အန်တီလေးတစ်‌ယောက် စိမ်းလေး၏ လက်အားဆွဲခေါ်ပြီး ဆိုဖာထက် ထိုင်စေလိုက်လေသည်။
မဟော် ခင်ငြိမ်းဆိုတဲ့ ကောင်မလေးအား

"အဝတ်အိတ်တွေနဲ့ စာအုပ်တွေ စိမ်းလေးနေမဲ့အခန်းဆီ ပို့လိုက်ပါအုံး ခင်ငြိမ်း"
"ဟုတ်ကဲ့ အစ်ကိုလေး"
ခင်ငြိမ်းထွက်သွားလေမှ မဟော်သည်
"အန်တီကြီးရော "
"အပြင်ကို ကိစ္စရှိလို့ သွားတယ် သား၊ပြန်လာခံနီးပြီ"
"ဒါဆို သားတို့ အန်တီကြီးပြန်လာမှ ညနေစာစားကြတာပေါ့"
"သမီး စိမ်းလေးကော ဆာနေပြီလား"
"ဟင့်အင်း မဆာပါဘူး"
"အဲ့ဒါဆို သားပြောသလို အန်တီကြီးလာမှ စားကြတာပေါ့"
"ဟုတ်ကဲ့"

အန်တီလေး၏ စကားကို ပြန်ဖြေရင်း ခေါင်းညိမ့်ပြမိ၏။မဟော်တစ်ယောက် စိမ်းလေး အနေကြပ်မှာ ဆိုးကာ
"စိမ်းလေး နေတတ်သလိုနေ၊စားစရာရှိတာလဲ ယူစား၊ကိုယ့်အိမ်လို လွတ်လွတ်လပ်လပ်နေ၊ဒါမဲ့တစ်ခုတော့ရှိတယ် စာကျက်တဲ့ အချိန်တော့ တိုးမယ်"
"ဟုတ်ကဲ့ ဆရာ"
"လိုအပ်တာရှိရင် ဆရာ့ကိုပြော၊ဒါမှမဟုတ် ခင်ငြိမ်းဖြစ်ဖြစ် အန်တီလေးဖြစ်ဖြစ် ပြောလို့ရတယ်"
"ဟုတ်ကဲ့ ဆရာ"
"ဒီနေ့ညတော့ ဆရာတို့ ၈ နာရီကျော်မှ စာသင်ကြမယ်၊စိမ်းလေးရဲ့လေးလေး လာလိမ့်မယ်"
"ဟုတ်ကဲ့ ဆရာ"
"အခု ရေချိုးချင်ရင် ချိုးထား၊ရေချိုးပြီးရင်လည်း နွေးနွေးထွေးထွေးဝတ်"
"ဟုတ်ကဲ့ ဆရာ"
"ထ ဆရာ စိမ်းလေးအခန်းကို လိုက်ပို့မယ်"

စိမ်း‌လေးနှင့်သားမဟော်တို့၏ အပေါ်ထပ်လှေကားဆီသို့ တက်သွားကြပုံကိုကြည့်‌၍ ဒေါ်မူနွဲ့သည်

!!!စိမ်းလေးက လိမ္မာတဲ့ကလေးပါ၊မမလတ်ကလေ အတင်းကာရော ကလေးကိုမုန်းတီးနေတာ၊အခုဆိုကြည့် သူ့ဆရာပြောသမျှ ဟုတ်ကဲ့ ဆရာချီပဲ ဖြေ‌နေတာ၊ယဉ်ကျေးပါ့!!!

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now