အခန်း (၂၆)

238 2 0
                                    

အခန်း (၂၆)

"တူတူ တူ 🎼ဒီတစ်ယောက်ထဲ ချစ်နေမယ်🎵
ရင်မှာ 🎵🎵မျှော်လင့်ခြင်း အိပ်မက်များ🎼
🎶မင်း ယူဆောင်ပေးစွမ်းနိုင်သူပါ🎵
🎼အရာရာ အားလုံးပြည့်စုံတယ်🎶
🎵ဒီတစ်ယောက်ထဲ ချစ်နေမယ်🎼
🎶ရင်မှာရှင်သန်ဆဲ မင်းအချစ်များ🎵
🎼ဟိုး အမွန်မြတ်ဆုံး မင်းအချစ်များ🎶
🎵ပိုင်ဆိုင်ထား ကျေးဇူးပါ🎼"

ရေချိုးခန်းက ထွက်လာရုံရှိသေး ဖုန်းမြည်သံကြောင့် မဟော်ဖုန်းအနား သွားကာ ဖွင့်လို့
"ဟဲလို"
"...."
"အစ်ကို့ Result တွေရပြီလား"
"...."
"ကောင်းပြီ ညီ၊သူရှိန်ကိုခေါ်ပြီး အစ်ကိုလာခဲ့မယ်၊နောက်ထက် ၁ နာရီကျော်ကျော်ဆို ရောက်မယ်ညီ"
"...."
"ကျေးဇူးပဲ ညီရာ"

ဖုန်းပြောပြီးသည်နှင့် မဟော်တစ်ယောက် အဝတ်အစားဝတ်ကာ အပြင်သွားရင် ယူရမဲ့ပိုက်ဆံအိတ်တွေ၊ဖုန်းနှင့်ကားသော့ယူကာ အောက်ထပ်သို့ ဆင်းကာ လာခဲ့လေသည်။

"အန်တီကြီး"
"ဟော သားမဟော် အပြင်သွားမလို့လား"
"ဟုတ်ကဲ့ အန်တီကြီး"
"အရမ်းမှောင်အောင် မနေနဲ့နော် သား"
"ဟုတ်ကဲ့ အန်တီကြီး"

အန်တီကြီးသာ တွေ့လို့ မဟော်အပြင်သွားမဲ့အကြောင်း ပြောပြလို့ ထွက်လာခဲ့လေသည်။
ဧည့်ခန်းအတွင်းတွင် ကျန်ခဲ့သော ဒေါ်ချိုချိုခိုင်တစ်ယောက်ကတော့ စိမ်းအိမ်ကိုပြန်သွားတဲ့ တစ်ပတ်အတွင်း သားမဟော်အပြင်မထွက်တဲ့ရက်ရယ်လို့ မရှိပေ။
"ဟင်းးးး" ခနဲ သက်ပြင်းချမိလိုက်လေရဲ့။

"ဟော မမလတ်တို့ ဘာတွေ သက်ပြင်းချနေတာလဲ"
"နင့်တူပေါ့၊အပြင်သွားပြန်ပြီ၊ဟိုကလေးမ ပြန်သွားတဲ့ တစ်ပတ်အတွင်း အပြင်မထွက်တဲ့ရက်ကို မရှိဘူး"
"အဟင်းးး အဲ့ဒါတော့ ဟုတ်တယ်၊ပြန်လာရင် ဆူရအုံးမယ်"
"‌ဟဲ့မူနွဲ့ ၊သားမဟော်က ကလေးလား၊နင်ဆူရအောင်"
"မမလတ်ပဲ အပြင်သွားတာ မကြိုက်ဘူးဆို"
"ဪ အကျိုးအကြောင်းပြောရင် နားလည်ပါတယ်အေ"

မူနွဲ့ မမလတ်အကြောင်းကို သိလေ၏။ သူသာဆူမယ်၊ပြောမယ် ၊သားမဟော်ကို သူများဆူမယ်၊ပြောမယ်ဆို မကြိုက်ပေ။ စိမ်းလေးမရှိတော့တဲ့ တစ်ပတ်အတွင်း အိမ်မှာ ခြောက်ကပ်တိတ်ဆိတ်လို့ သွားရလေသည်။

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now