အခန်း (၉)

223 5 0
                                    

အခန်း (၉)

သောကြောနေ့ ညနေ (၃) နာရီ၌ မဟော်နှင့်စိမ်းတို့ စာသင်ရာ
"ခက်ဆစ်နဲ့အလင်္ကာ ပြန်နွေးထား ၊ဆရာအပြင်ကပြန်လာရင် မေးမယ်"
"ဟုတ် ဆရာ"

စိမ်းအား စာကျက်ဖို့ မှာပြီး မဟော်တစ်ယောက် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။
ထမင်းစားခန်းထဲ မဟော်ဝင်လာချိန် အလုပ်ရှုပ်နေသော အန်တီလေးအား မြင်လိုက်ရလေသည်။

"အန်တီလေး"
"ဟေ....ဟော သားမဟော် ပြောလေ"
"ကျွန်တော် အန်တီကြီးခေါ်လို့ သွားလိုက်အုံးမယ်၊အပေါ်မှာ ကလေးတစ်ယောက်ထဲ ကြည့်လိုက်ပါအုံး"
"အေးပါ သား"

မဟော် အန်တီလေးအား မှာကာ ကားဆီသို့ ထွက်လာခဲ့လေသည်။ ကားပေါ်တက်၍ မောင်းကာ အန်တီကြီးရှိရာ နန်းတို့အိမ်သို့ ထွက်လာခဲ့လေသည်။
မဟော် ကားလမ်းမထက် မီးပွိုင့်မိချိန်

"တူတူ တူ 🎼ဒီတစ်ယောက်ထဲ ချစ်နေမယ်🎵
ရင်မှာ 🎵🎵မျှော်လင့်ခြင်း အိပ်မက်များ🎼
🎶မင်း ယူဆောင်ပေးစွမ်းနိုင်သူပါ🎵
🎼အရာရာ အားလုံးပြည့်စုံတယ်🎶
🎵ဒီတစ်ယောက်ထဲ ချစ်နေမယ်🎼
🎶ရင်မှာရှင်သန်ဆဲ မင်းအချစ်များ🎵
🎼ဟိုး အမွန်မြတ်ဆုံး မင်းအချစ်များ🎶
🎵ပိုင်ဆိုင်ထား ကျေးဇူးပါ🎼"

ဖုန်းမြည်သံကြားရပြီး မဟော်ဖုန်းအားကြည့်၍
"ဟဲလို"
"....."
"အေးကွာ ငါမအားလို့ နောက်တစ်ပတ်ရက်ကြမှ ဆုံရအောင် မင်းသွေးရာ"
"..."
"ထည့်မှာပေါ့ ၊လူအားမစိုက်နိုင်ပေမဲ့ ငွေအားစိုက်ရမှာပေါ့ "
"..."
"အေးပါ မင်းသွေးရာ ၊ဆက်ထက်ပါ ခေါ်ခဲ့လိုက်လေ"
"...."
"အေးကွာ ကားမောင်းနေလို့ ဖုန်းချပြီ"

မဟော် မင်းသွေးအား နှုတ်ဆက်ပြီး ဖုန်းချကာ မီးပွိုင့်လွှတ်၍ ကားမောင်းထွက်လာခဲ့လေသည်။
မဟော်တစ်ယောက် မိနစ် ၂၀ ကျော်ကျော်ကြာမောင်းလာခဲ့ပြီးမှ နန်းတို့အိမ်ရှေ့သို့ ရောက်ခဲ့ရလေသည်။

"တီ တီ တီ "

ကားဟွန်းသံပေးလိုက်သည့်အခါဝယ် ခြံဝန်းအတွင်းမှ လူကြီးတစ်ယောက်ထွက်လာကာ တံခါးဖွင့်ပေးလေ၏။မဟော် ဖွင့်ပေးလေသော တံခါးမှ ကားအားမောင်းဝင်လာကာ စင်ဝင်အောက်တွင် ကားရပ်တယ်ဆိုရင်ပဲ အိမ်ထဲမှ နန်းတစ်ယောက် ထွက်ကာကြိုလေသည်။

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now