အခန်း (၂၁)

235 2 0
                                    

အခန်း (၂၁)

ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှာ မဟော်တည်းခိုမဲ့ ဟိုတယ်သို့ ရောက်ခဲ့ရလေသည်။မဟော် တစ်ယောက်ထဲဆို ဒီထက်စောစော ရောက်နိုင်ဖွယ်ရှိပေမဲ့ အခုက
သူ့ကလေးလေး ပါသေး။

THE GOLDEN LAND HOTEL ဝန်းထဲ ကားချိုးကွေ့ဝင်ကာ ဟိုတယ်ဝန်းထဲက လုံခြုံရေး၏ ညွှန်ပြရာ parking မှာ ကားကို ရပ်လိုက်လေသည်။ ဘေးနားမှာ အိပ်ပျော်နေတဲ့ စိမ်းလေးအား
"စိမ်းလေး စိမ်းလေးး"
"ဟင် "
"ထတော့ တည်းမဲ့ဟိုတယ် ရောက်ပြီ"

လက်မောင်းလေးအား လှုပ်ကိုင်ရာ နှိုးလိုက်လေမှ နိုးထလာတဲ့စိမ်းလေး မျက်လုံးအား လက်ဖြင့် ပွတ်သပ်လို့ ထလာလေသည်။
အဝတ်အိတ်တွေအား ကားနောက်ဖုံးဖွင့်ပြီး ထုတ်ယူသည့်အခါ ဝန်ထမ်းလေးတွေ သယ်ယူပေးလေရဲ့။စိမ်လေး၏ လက်အားဆွဲယူလို့ မဟော် ဟိုတယ်ထဲဝင်ခဲ့လေသည်။

Receptionဆီ မဟော်ရောက်သည့်အခါတွင်
"မဟော်အေးချမ်းနာမည်နဲ့ ဖုန်းဆက်ထားတာညီ"
"ဟုတ် အစ်ကို၊ခဏစောင့်ပေးပါအုံး"

ဝန်းထမ်းလေး၏ အပြောကို မဟော်ခေါင်းငြိမ့်ပြကာ စောငိ့နေမိသည်။
"တွေ့ပြီ အစ်ကို တစ်ယောက်ခန်း ယူထားတာ"
"ဟုတ်တယ် ညီ၊အခု ကုတင်နှစ်လုံးပါ အခန်းနဲ့လဲလို့ရမလားညီ"
"ဟုတ်အစ်ကို ၊အခန်းလွတ်ရှိမလား ကြည့်ပေးပါ့မယ်"
"အင်း ညီ"
"ရတယ် အစ်ကို၊ Room No 309ပါ၊ ဈေးနှုန်းက တစ်ညကို ....$ပါအစ်ကို၊ဘန်ဂလိုလေးမို့ပါ"
"ကျေးဇူးညီ"
"အဝတ်အိတ်တွေ ဝန်ထမ်းလေးတွေ လိုက်ပို့လိမ့်မယ်အစ်ကို၊နားပြီးလို့ ညစာစားချင်ရင် ဘဲလ်တီးပြီး မှာလို့ရသလို ကိုယ်တိုင်လာစားလို့ရပါတယ် အစ်ကို"
"ကျေးဇူးပါ ညီ"

မဟော်တစ်ယောက် စိမ်းလက်ဖဝါးလေးအား ဆုပ်ကိုင်ကာ ဝန်ထမ်းလေးတစ်ယောက် လိုက်ပို့သော အခန်းဆီသို့  လိုကိပါလာခဲ့လေသည်။ မဟော်တစ်ရက်ကြိုကာ လာခဲ့သဖြင့် ဒီနေ့ညနေတော့ အေးဆေးစွာ ဟိုတယ်အခန်း၌ အနားယူမိသည်။
လမ်းမှာ နားစဉ်က ဘေးကပ်ရပ်အခန်းအား ယူမယ်လို့ပြောတာကို စိတ်ကောက်သွားတဲ့ ကလေးလေးအလိုချ မဟော်ကုတင်နှစ်လုံးပါ အခန်းတစ်ခန်း ယူခဲ့ရသည်။

အခန်းသော့ကတ်အား မဟော့်လက်ထဲ အပ်ပြီး ဝန်ထမ်းလေးထွက်သွားသည်နှင့် အခန်းတံခါးပိတ်လိုက်လေ၏။
တစ်လမ်းလုံး စကားပြောလိုက် အိပ်လိုက် မုန့်စားလိုက် လုပ်လာတဲ့သူ့ကလေးလေး ကုတင်ထပ်လဲကာ အနားယူ‌လို့ နေလေရဲ့။
မဟော် တစ်ချက်ပြုံးကာ ကုတင်ခြေရင်းက စောင်ပါးလေးအား ကိုယ်လေးပေါ် လွှားတင်ခြုံပေးမိသည်။
"ဦးကလဲ စိမ်းမှ မချမ်းတာ"
"အဟွန်း ဟုတ်ပါတယ် ၊စိမ်းလေးမချမ်းဖူးဆိုတာ ဦးသိပါတယ်"

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now