အခန်း (၂၀)

280 3 0
                                    

အခန်း (၂၀)

Mahaw Private School တစ်ကျောင်းလုံး တိတ်ဆိတ်‌လို့ နေလေသည်။ ဒုတိယလပတ် စာမေးပွဲကြီး စတင်ဖြေဆိုနေပြီသာ။မနက် ၉ နာရီဖြစ်လို့ မြန်မာစာ စတင်ဖြေဆိုရန် တာဝန်ကျဆရာမတွေ မေးခွန်းစာရွက်တွေ ဝေလို့ စတင်ဖြေဆိုနေလေပြီ။

"မေးခွန်းပေါ်က စကားလုံးတွေ နားမလည်ရင် တာဝန်ကျဆရာမတွေကို မေးနိုင်ပါတယ်၊အဖြေလွှာစာရွက်ပေါ်မှာ ခုံနံပါတ်သေချာရေးကြ"

မဟော်တစ်ယောက် မနက် ၆ နာရီထဲက ကျောင်းကို ရောက်နေရသလို စိမ်းလေးသည်လည်း သူနဲ့လိုက်မယ်ပြောလေ၍ ခေါ်လာခဲ့ရလေသည်။

ကလေးတွေ စာမေးပွဲ‌ဖို့ အချိန်မကျခင် မဟော်နှင့်ခန့်နောင် လုပ်နေကျအတိုင်း ကျောင်းပတ်လည်စစ်ဆေး‌ပြီးစီးခဲ့လေ၏။

"ဆရာကြီး"
"ဝင်ခဲ့လေ"
"အဖြေလွှာ စာရွက်အပိုအတွက် လက်မှတ်မထိုးရသေးလို့"
"ထိုးပေးမယ် "

ကျောင်းစာရေးမလေး မေစိုးပေးသော စာရွက်အထပ်လိုက်ကို ယူကာ လက်မှတ်ထိုးနေမိ၏။ နာရီဝက်ကျော်ကျော် ထိုးပြီးလေမှ အားလုံးပြီးစီးကာသွားရလို့ မေစိုးအား ခေါ်၍
"မေစိုးရေ လာယူတော့ "
"ဟုတ်ကဲ့ ဆရာကြီး"

ရုံးခန်းထဲကထွက်ပြီး ကလေးတွေ၏ စာမေးပွဲဖြေကြားပုံကို လိုက်လံစစ်ဆေးမိ၏။ အားလုံးစစ်ဆေးပြီးလို့ အောက်ထပ်ဆင်းလာသည့်အခါဝယ်
"ဆရာမကြီး ဒူးနာနေပြန်ပြီလား"
"ဟုတ်တယ် သားမဟော်ရေ၊သောက်ဆေး၊လိမ်းလေး အကုန်ကူထားရတယ်"
"ဖြစ်ရမယ် ဆရာမကြီး"
"နောက်နှစ်တော့ ဆရာမကြီး နားမှပဲ သားရေ၊စိတ်က ထက်သန်ပေမဲ့ ကိုယ်က မကောင်းတော့ဘူး"
"ဟုတ်တာပေါ့ ဆရာမကြီးရဲ့၊ကလေးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေတော့ လွမ်းရအုံးမယ်"
"အလည်လာမှာပေါ့ သားရယ်"

Grade-9 မှသင်္ချာသင်ကြားပေးသော ဆရာမကြီးညိုညိုအောင်သည် အစိုးရကျောင်းမှ ပင်စင်စားဖြစ်သလို အသက်ကလဲ ၆၉ နှစ်ပြည့်နေပြီ။ဒူးနာခြင်းက ဒီနှစ်မှစကာ ပိုဆိုးလို့ နေလေခြင်းကြောင့် အနားယူရန် တွေးနေခြင်းသာ။

မနက် ၉ နာရီ ကနေက နေ့လယ် ၁၂ နာရီ ထိုးသည့်အထိ မြန်မာစာဖြေဆိုပြီးသွားလေတော့ ထမင်းစားနား‌ေပးလိုက်‌လေ၏။
"ဆရာကြီး"
"အင်း ပြောလေ ခန့်နောင်"
"Grade -12 A က စိမ်းရော်ရွက်ပန်အတွက်ဆိုပြီး ထမင်းချိုင့် လာပို့တာ၊ဆရာကြီးအတွက်ကော ပေးခိုင်းလို့"
"အေး ထားခဲ့လေ"
"ထားခဲ့လို့မရဘူး ဆရာကြီး၊ထမင်းက နှစ်ယောက်တစ်ချိုင့်တဲ့"
"ဟင် စိမ်းလေးကော"
"ပါတယ် ဆရာကြီး"
"ခေါ်ခဲ့လေ ခန့်နောင်"
"ဟုတ်ကဲ့"

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now